တောင်ကြီး
နိုဝင်ဘာ ၁၆
တောင်ကြီးမြို့
တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံပျံကို ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ပြုလုပ်ပြီး အပြိုင်အဆိုင်
လွှတ်တင်လျက်ရှိရာ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ပွဲတော်အတွက် မီးပုံပျံများကို
နိုဝင်ဘာလ အစပိုင်းက စတင်ပြီး အဖွဲ့လိုက် ပြုလုပ်ခဲ့ကြပါတယ်။
သစ်တောရပ်ကွက်၊
နယ်မြေ(၄)ကမ္ဘောဇလမ်း၊ တွင် ``စေတန်မီး`` အဖွဲ့သားတွေဦးစီးပြီး မီးပုံပျံ ပြုလုပ်နေစဉ်မှာ
လျှပ်စစ်မီးမှတစ်ဆင့် ၀ါယာရှော့ခ်ဖြစ်ကာ ယမ်းများပေါ်သို့ ပြုတ်ကျ လောင်ကျွမ်းခဲ့ခြင်း
ဖြစ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် မွန်းစံသည် နိုဝင်ဘာ(၁၁)ရက်နေ့တွင် လည်းကောင်း၊ စန်းဝေလင်း
နှင့် ရေခဲတို့သည် နိုဝင်ဘာ(၁၅)ရက်နေ့ တွင်လည်းကောင်း သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။