KIO/KIA ဗဟိုဌာနချုပ်မှာပြုလုပ်နေတဲ့ KIA အင်အားဖြည့်တင်းရေးအစည်းအဝေးကပြီးဆုံးသွား ပါပြီ။ အဲဒီမှာဆုံးဖြတ်ချက်ကိုအသေးစိတ်မသိရသေးပေမဲ့ ဆုံးဖြတ်ချက်အချို့ကိုတော့သိလိုက်ရ ပါတယ်။
အဲဒါကတော့ -
- ကချင်ပြည်နယ်အတွင်းမှာ နေထိုင်သော လူမျိုးဘာသာမရွေး အရွယ်မရွေး တပ်သားသစ်အဖြစ်နည်းမျိုးစုံဖြင့်စုဆောင်းရန်၊
- ကချင်နိုင်ငံတော်သစ်ဖြစ်ပေါ်လာပါက KIA စစ်မှု ထမ်းများကို အခွင့်အရေးပိုပေးရန်၊
- ကချင်မှလွဲသော အခြားလူမျိုးများကို စစ်ပညာသင်ကြားပြီး သည်နှင့် ရှေ့တန်းအကျဆုံးသော နေရာများတွင်တာဝန်ပေးရန်၊
- ရခိုင်နှင့် ကုလားများကိုသီးခြား တပ်များစုဖွဲ့တာဝန်ပေးရန်၊
- မိန်းမများကိုပါ အရံအင်အားအဖြစ် စစ်ပညာသင်ပြီးလုပ်ရည်ကိုင်ရည် ရှိသူများကို တိုက်ခိုက်ရေးတွင်တာဝန်ပေးရန်၊
- ပညာတတ်သော အမျိုးသမီးငယ်များကို သီးခြား ထောက်လှမ်းရေးတပ်ဖွဲ့ပြီး ကချင်ပြည်နယ် မြို့ကြီးများသာမက မြန်မာပြည်မြို့ကြီးများသို့ပါ စေ လွှတ်ပြီးသတင်းထောက်လှမ်းခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊
- လူမှုရေးအသင်းအဖွဲ့များဖြင့် ဆက်သွယ်လှုပ်ရှားရေးတာဝန်ပေးရန်၊ အခြားဒေသတွင်တာဝန်ထမ်းဆောင်သူများကို လစာငွေ ၁၀၀၀၀ိ မဖြစ်မနေပေးရန်၊ ဖားကန့်ဒေသအတွင်းတာဝန်ထမ်းဆောင်သူများကို လစာငွေ ၇၀၀၀၀ အထိချီးမြှင့်ရန်နှင့် ထိုဒေသတွင်တာဝန်ထမ်းဆောင်သူများကို အလှဲ့ကျ လဲလှယ်တာဝန်ပေးရန်၊
- KIA တွင်တပ်ဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးသော ကချင်ပြည်သူ့စစ်အဖြစ်တာဝန် ထမ်း ဆောင်ဖူးသော သက်ကြီးရွယ်အိုများကို မြို့ပေါ်ရပ်ကွက်ကျေးရွာများတွင် လူသစ်စုဆောင်းခြင်း နှင့် သတင်းထောက်လှမ်းခြင်း တာဝန်များပေးအပ်နိုင်ရန် ရပ်ကွက် ကျေးရွာမှရပ်မိရပ်ဖ တာဝန်ရှိ သူများ ဖြစ်လာစေရေးပံပပိုးဆောင်ရွက်ရန်၊
- ထိုသို့တာဝန်ပေးရာတွင် မူလတာဝန်ထမ်းဆောင် ဖူးသောနယ်မြေများတွင် မူလတာဝန်ထမ်းဆောင်ဖူးသောရာထူးအဆင့်အတိုင်း ပြန်လည်တာဝန် ပေးအပ်ရန်၊
- အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရာတွင်ပင်လုံစာချုပ်ကိုလက်ကိုင်ထားပြီး UNFC နှင့်ချိတ်ဆက်ရွေ့ သီးခြားကိုယ်ပိုင်လွတ်လပ်ခွင့်တောင်းဆိုရေး အချက်အလက်များပြုစုထားရန်၊
- ဆွေးနွေးပွဲမအောင်မြင်ပါက ၂၀၁၃ ခုနှစ်အတွင်းကချင်ပြည်နယ်အ၀န်း စစ်ရေးအရှိန်မြှင့်ပြီး နိုင်ငံရေးနှင့် စစ်ရေးတစ်ပြိုင်နက်တည်းဖိအားပေးရန်၊
အချက်များပါဝင်နေကြောင်းသိရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)