တောင်ကြီးမြို့တွင်ယခုနှစ်ပိုင်းအတွင်းအပြင်းထန်ဆုံး/အဆုံးရှုံးဆုံးသောမီးဟုသတ်မှတ်ရသည့်မီး
လောင် ကျွမ်းမှု ဖြစ်ပွားဒေါ်သန်းဌေး ပိုင်ဆိုင်သော တောင်ကြီးမြို့ ၊
ညောင်ဖြူစခန်းရပ်ကွက် ၊နယ်မြေ(၁၅) ၊ မြတ်လေး လမ်းနှင့်စန်ဒါကူး လမ်းဒေါင့်
၊အမှတ်(ည/၅၄)နေအိမ်တွင် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ရက်နေ့ ၁၁၃၀
ချိန်ခန့်တွင် စတင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ
ဒေါ်သန်းဌေး ရဲ့ နေအိမ်မှ တဆင့် အနားမှာရှိတဲ့ ဦးဌေးဝင်းအောင်၊ ဦးကျော်ရွှေဦး
တို့ပိုင်ဆိုင် တဲ့ နေအိမ်(၂)လုံးကိုပါ မီးကူးပြီးဆက်လက်လောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကို မီးသတ် တပ်ဖွဲ့ဝင်များ ၊ဒေသခံပြည်သူများ စုစုပေါင်းအင်အား
(၁၀၀)ဦးခန့်လောက်က မီးသတ်ကား (၃)စီး ၊
ရေသယ်ယာဉ်(၅)စီးတို့နှင့်အတူ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၁၀မိနစ်မှာမီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရေသယ်ယာဉ်(၅)စီးတို့နှင့်အတူ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၁၀မိနစ်မှာမီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့်
စုစုပေါင်း ကာလတန်းဖိုး ကျပ်သိန်းပေါင်း(၂)ထောင်ခန့်လောက် ဆုံးရှုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့က
ငွေကျပ်သိန်း(၃၀)သာစာရင်းပြခဲ့ပြီး မီးပေါ့ဆသူ ဒေါ်သန်းဌေး ကို တောင်ကြီးမြို့ ၊
အမှတ်(၂)ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၂၈၅)အရအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
အမှတ်(၂)ရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၂၈၅)အရအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံများကို ဆက်လက်ဖော်ပြသွားပါမည်.....