ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ဘက် အဝေးပြေး လမ်းမပေါ်ရှိ ဥမင် လိုဏ်ခေါင်း တစ်ခုသည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ပြိုကျခဲ့ရာ ဥမင်လိုဏ်ခေါင်း အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့ပြီး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
တိုကျို မြို့ပြင် မိုင် ၅ဝ ခန့် အကွာရှိ ဆာဆာဂို ဥမင်လိုဏ်ခေါင်း အတွင်းရှိ မော်တော်ယာဉ် များပေါ်သို့ ကွန်ကရစ် ဥမင် လိုဏ်ခေါင်း အမိုးပြားများ ပြိုကျ ခဲ့ရာမှ မော်တော်ယာဉ်များ မီးလောင် ပျက်စီး ခဲ့သည်။ ၂ ဒသမ ၅ မိုင် ရှည်လျားသည့် ဥမင်လိုဏ်ခေါင်း အတွင်း မော်တော်ယာဉ် ၂ စီးခန့် ပိတ်မိ နေပြီး မီးသတ် သမားများက မီးငြှိမ်း သတ်ခဲ့ ကြသည်။
လူခုနစ်ဦး ပျောက်ဆုံး နေပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ် ဌာနမှ ပြောကြား ခဲ့သည်။ ဥမင်လိုဏ်ခေါင်း အမိုးပြို ကျပြီး သုံးနာရီခန့် အကြာ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ အချိန်တွင် မီးသတ်သမား များက မီးငြှိမ်းသတ် နိုင်ခဲ့ ပြီးနောက် အပျက်အစီး များကို ဖယ်ရှား ခဲ့ကြသည်။ သို့သော်လည်း ဥမင် လိုဏ်ခေါင်း အမိုး ထပ်မံပြိုကျ မည်ကို စိုးရိမ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။
မြ၀တီ