Monday, December 31, 2012

အေးမြစည်အောင်သီလရှင်ကျောင်းတိုက် မှ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသို့ အလှူငွေ လှူဒါန်း

0 comments
ဒီဇင်ဘာလ ၃၁

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့ နံနက်(၁၁)နာရီက Top လက်ဖက်ရည်ဆိုင်၏ မင်္ဂလာခန်းမမှာ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသို့ အလှူငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။


မြန်မာငွေ (၁၀)သိန်းကျော် နှင့် ညီမျှသော ထိုင်းဘတ်ငွေ(၄၀၀၀၀)ကို  တာချီလိတ်မြို့ တော်ကော့ရပ်ကွက်ရှိ အေးမြစည်အောင်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်ကြီးများဖြစ်ကြသော ဒေါ်ခေမာစာရီ နှင့် ဒေါ်အေးသိင်္ဂီတို့မှ တာချီလိတ်မြို့တွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အသင်းတခုဖြစ်သည့် မေတ္တာရှင် သာရေး/နာရေးအသင်းအနေဖြင့် လူမှုအကျိုးကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ရည်စူးကာ လာရောက် လှူဒါန်းတာဖြစ်ကြောင်း သိရပါတယ်။

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း
web: http://mts.tachileik.net

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here