Wednesday, December 26, 2012

တိုက်ပွဲဖြစ်မည်စိုး၍ ကွတ်ခိုင်ကျေးရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

0 comments
ဒီဇင်ဘာ(၂၆)

ကွတ်ခိုင်မြို့အားအပေါ်စီးမှတွေ့ရပုံ(ဓာတ်ပုံ-ကွတ်ခိုင်)
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အကြား ယခု ရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သိရသည်။ ကွတ်ခိုင်မြို့နှင့် ၈ မိုင်ခန့် ကွာဝေး သည့် ကျေးရွာ ၉ ရွာမှ ဒေသခံ ၂၇၀ ခန့်က ယခုလ ၂၄ ရက်နေ့မှ စတင်၍ ခရစ်ယာန် ဘာ သာရေးကျောင်းသို့ ရောက်ရှိလာကြောင်း ကွတ်ခိုင်မြို့ အမှတ် ၂ ရပ်ကွက်မှ ဘာသာရေး ဆရာများ က ပြောသည်။ ဘာသာရေးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်လာသည့် ဒေသခံအများစုသည် ကချင် တိုင်းရင်းသားများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here