အမေရိကန် Ford Motors ကုမ္မဏီအနေနဲ့ ၂၀၁၃ အတွက် ပြင်ဆင်ချက် အသစ်အနေနဲ့ လုပ်သားပေါင်း ၂၃၀၀ ကျော် ထပ်တိုးပြီး အမေရိကန်ဒေါ်လာ ၇၇၂ သန်းလည်း ထပ်မံရင်းနှီး မြှုပ်နှံလိုက်ကြောင်း သိရပါ
တယ်။
ယင်း ရင်းနှီးမြှုပ်နှံမှုက Ford Fusion ကားအတွက်တင် မကပဲ အခြားသော Ford ထုတ်ကားများအတွက် ပါဝင်
မှာ ဖြစ်တယ်လို့သိရပါတယ်။ မစ်ချီဂန်း က Ford ရဲ့  ကားစက်ရုံများအပေါ်ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်အထိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၆.၂ ဘီလျံအထိ ရှိအောင် ထပ်တိုးသွားမှာ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန်ရဲ့  အကြီးဆုံး ကားထုတ်လုပ်ရေး ကုမ္မဏီအဖြစ် General Motors ကရပ်တည်နေပါတယ်။
သို့ပေမယ့် Ford ဟာလညGM နဲ့ မတိမ်းမယိမ်းရှိနေပြီး ထုတ်လုပ်မှုကို ဆက်တိုက် တိုးမြင့်နေပါတယ်။
မော်ဒယ်သစ်ကားများအပြင် မျိုးဆက်သစ်ကားများ ထုတ်လုပ်လို့ အနာဂတ်မှာ အမေရိကန်ရဲ့  အကြီးဆုံကား
ကုမ္မဏီ ဖြစ်လာဖို့ မျော်လင့်ကြောင်း သိရပါတယ်။
Ref: autoblog
ColayOnline:Automobile