SSA (ယွက်ဆစ်) အဖွဲ့မှ စစ်သင်တန်းပေးနေသော စခန်းတခု
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်
RCSS/SSA လွယ်တိုင်းလျှံဌာနချုပ်မှ ထွက်ပြေး လွတ်မြောက်လာ သော အဓမ္မလူသစ်စုဆောင်းခံရသူ
(၅၅) ဦးကို ရှမ်းပြည်နယ် လွိုင်လင်ခရိုင် အုပ် ချုပ်ရေးရုံးမှဒီဇင်ဘာလ(၂၁)ရက်နေ့တွင်သက်ဆိုင်ရာ နေရာဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေး
ခဲ့ကြောင်း သိရှိရပါသည်။
SSA (ယွက်ဆစ်) အဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသူ
(၅၅) ဦးကို ဒီဇင်ဘာလ (၂၁) ရက်နေ့ ညနေပိုင်းတွင် လွိုင်လင်ခရိုင် အုပ်ချုပ်ရေးရုံးမှတဆင့်
သက်ဆိုင်ရာ နေရပ်အသီးသီး ကို ပြန်လည်စေ လွှတ်ပေးခဲ့ပါသည်။ ပြန်လည်ထွက်ပြေးလွတ်မြောက်လာသူ(၅၅)ဦးထဲမှမိုင်းကိုင်မြို့နယ်အတွင်း နေထိုင် သူ (၂၃) ဦးကို မိဘဆွေမျိုးများထံအပ်နှံပွဲအား
ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် မိုင်းကိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
မိုင်းကိုင် ဒေသခံများမှ ပြောကြားသွားခဲ့ပါသည်။