ပီကင်းမြို့ရဲ့
လေထုညစ်ညမ်းမှု တိုင်းတာချက်ဟာ စနေနေ့ညပိုင်းမှာ PM 2.5 အမှိုက်မှုန်များက ၁
ကုဗမီတာမှာ ၉၀၀ မိုက်ခရိုဂရမ်ထိ ရောက်ရှိသွားပြီး အမေရိကန် EPA က
သတ်မှတ်ထားတဲ့ (၃၀၀ - ၅၀၀) ထက် များစွာ ကျော်လွန်နေတယ်လို့ သိရပါတယ်။
တရုတ်ပြည်ရဲ့ အခြားမြို့များမှာလည်း
လေထုညစ်ညမ်းမှု ဖြစ်ပွားနေပြီး ရှန်တုံးမြို့မှာ လေယာဉ်ခရီးစဉ်တွေ
ဖျက်သိမ်းကာ Jiangxi မြို့ရဲ့ ဟိုင်းဝေးကားလမ်းတွေကိုလည်း ပိတ်ထားတယ်လို့
ဆိုပါတယ်။ တရုတ်ပြည်ရဲ့ မြို့ပေါင်း ၃၃ မြို့မှာ လေထုအခြေအနေကို
စောင့်ကြည့်နေပြီး အဲဒီနေရာတွေမှာ ၃၀၀ မိုက်ခရိုဂရမ် ကျော်လွန်နေတယ်လို့
သိရပါတယ်။
myanmar 1