Thursday, February 7, 2013

ငြိမ်းချမ်းရေးအတွက် ရှမ်း-ကယားယုံ ကြည်မှု တည်ဆော က်ခြင်း ကော်မတီဖွဲ့

0 comments
ဖေဖော်ဝါရီ(၇)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် (၁၀)၊ နယ်မြေ (၁)၊ တောရကျောင်းလမ်းတွင် တည်ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်၏ လားရှိုးမြို့နယ်ရုံးခွဲတွင် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုး များဒီမိုကရေစီပါတီ၊ ဝ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက် တစ်ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ် များဖြင့် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ငြိမ်း ချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း
ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။

အဆိုပါအဖွဲ့ကို အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ခေါင်းဆောင် (၁) အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှုး စိုင်းညွန့်လွင် အားလည်းကောင်း၊ ခေါင်းဆောင် (၂) အဖြစ် ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှုး ဦးစောလွင် အားလည်းကောင်း ရွေးချယ်ခဲ့ကြပါသည်။ အခမ်းအနားတွင် SNLD မှ ဥက္ကဌ ခွန်ထွန်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုရုံးအဖွဲ့မှူး စိုင်းရွှေကြူးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် သဘော ထားကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချင်းချင်းယုံကြည်မှု တည်ဆောက်နိုင်ရန်၊ စစ်မှန်သော ပြည်ထောင်စုစနစ် ထူထောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ နိုင်ငံရေးအင်အားစုများက မည်သို့မည်ပုံ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားနိုင်ရေးကို နည်းလမ်းများ ရှာဖွေသွားကြရန် ဖြစ်ပါသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ နိုင်ငံရေး အင်အားစုများ စုံညီစွာပါဝင်လာနိုင်ဖွယ်ရှိသည့် အဆိုပါ ဆွေးနွေးပွဲကြီးကို လာမည့် မတ်လ ပထမပတ်တွင် ကျင်းပသွားနိုင်ရန် ဖြစ်မြောက်ရေးကော်မတီက ကြိုးပမ်းလျှက် ရှိပါသည်။
 
ကယန်းတိုင်းစ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here