Saturday, March 2, 2013

ချစ်ဦးညို၊ မောင်သာချို ၊ ညီမင်းညို တို့ရဲ့ တာချီလိတ် စာပေဟောပြောပွဲ

0 comments
မတ်(၂)

မတ်လ(၁)ရက်နေ့ ညပိုင်းက မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး ကုမ္ပဏီတို့က ပြုလုပ်ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဆရာ ချစ်ဦးညို၊ ဆရာ မောင်သာချို နဲ့ ဆရာ ညီမင်းညိုတို့က ဟောပြောသွားခဲ့ကြတာဖြစ်ပါတယ်။

{ ဆရာ ချစ်ဦးညို မှ ဂုဏ်ပြုပေးအပ်}

 { ဆရာ မောင်သာချို မှ ဂုဏ်ပြုပေးအပ်}

ဟောပြောပွဲများမစမီမှာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာစကားကို ပြောကြားပြီး ပညာရေးဝန်ကြီးဌာနမှ ပထမအကြိမ်အဖြစ် လူရည်ချွန်မောင်မယ်များကို ၂၀၁၂/၂၀၁၃ ပညာသင်နှစ်မှစတင်ကာ ပြန်လည်ရွေးချယ်ခဲ့ကြရာ တာချီလိတ်မြို့နယ်မှ (၅)ဦး ရွေးချယ်ခံခဲ့ရတာကြောင့် ၎င်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေလက်စွပ် တစ်ကွင်းစီ နဲ့ ကျပ်ငွေငါးသောင်းစီ တို့ကို ပေးအပ်ချီးမြှုင့်ခဲ့ကြတာဖြစ်ပါတယ်။ လူရည်ချွန် (၅)ဦးမှာ မောင်လင်းကျော်ပိုင်၊ မထက်ထက်ဝင်း၊ မလှိုင်သဇင်မြင့်၊ မနန်းအောင်မော်မော် နဲ့ မောင်ဂျိုးဇက်တို့ပဲ ဖြစ်ပါတယ်။
{ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး မှ ဂုဏ်ပြုပေးအပ်}

{ ဆရာ ညီမင်းညို မှ ဂုဏ်ပြုပေးအပ်}

{ မဇ္ဈိမ လူမှုကူညီရေးအသင်း ဦးတင့်ဆွေမှ ဂုဏ်ပြုပေးအပ်}

ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ရာမှာ ယနေ့ ဟောပြောတဲ့ စာရေးဆရာများဖြစ်တဲ့ ဆရာချစ်ဦးညို၊ ဆရာ မောင်သာချို နဲ့ ဆရာညီမင်းညို အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နဲ့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်ဆွေတို့က ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂုဏ်ပြုလက်ဆောင်ကို မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေး ကုမ္ပဏီတို့အပြင် စေတနာရှင်များက စုပေါင်းပြီး အခုလို ချီးမြှင့်တာဖြစ်ပါတယ်။ ဆက်လက်ပြီး ဟောပြောပွဲကို ကျင်းပရာ ဆရာညီမင်းညို၊ ဆရာ မောင်သာချို နဲ့ ဆရာ ချစ်ဦးညိုတို့က အလှည့်ကျဟောပြောခဲ့ကြပါတယ်။

မတ်လ(၂)ရက်နေ့ နဲ့ မတ်လ(၃)ရက်နေ့များမှာလည်း စာရေးဆရာများဖြစ်တဲ့ ခင်မောင်ညို(ဘောဂဗေဒ)၊ ဦးဘုန်း(ဓါတု)၊ မောင်စိန်ဝင်း(ပုတီးကုံး)၊ ဒေါက်တာထွန်းလွင်(မိုးလေ၀သ) နဲ့ အကယ်ဒမီ ဆွေဇင်ထိုက်တို့က ဟောပြောသွားမှာဖြစ်ပါတယ်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here