မတ်(၂၀)
တောင်ကြီးမြို့
အခြေစိုက် အရှေ့ရိုးမဂျာနယ်သည် ယခုအခါ တောင်ကြီးမြို့သတင်းများ ပါဝင်နေ မှုကြောင့်
တောင်ကြီးမြို့အပါအ၀င် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နာမည်ရလာပြီး ပြည်သူကြား
ရေ ပန်းစားနေသော ဂျာနယ်တစ်စောင်အဖြစ်ရပ်တည် နေလျှက်ရှိပါတယ်။
ယခုအပတ်ထုတ် အရှေ့ရိုးမဂျာနယ် ၂၀၁၃ ခုနှစ် ၊ မတ်လ ၂၀ ရက်နေ့ထုတ်
အတွဲ(၁) အမှတ် (၁၉) နောက်ဆုံးစာမျက်နှာတွင် အရှေ့ရိုးမဂျာနယ်နှင့် လုံးဝမသက်ဆိုင်ပါ
ဟူသော ခေါင်း စဉ်ဖြင့် “အရှေ့ရိုးမဂျာနယ်၏ အယ်ဒီတာအဖွဲ့ဝင်များ ၊
ရုံးအဖွဲ့ဝင်များစာရင်းတွင် လုံးဝမပါဝင်သော သူများမှ အရှေ့ရိုးမဂျာနယ်အမည်
အလွဲသုံးစား မပြုလုပ်ကြရန် ပြုလုပ်နေသူများရှိပါက အရှေ့ရိုးမဂျာနယ်နှင့်
မည်သို့မျှ မသက်ဆိုင်ပါကြောင်း” ဆိုပြီး တာဝန်ခံအယ်ဒီတာ က ထည့်သွင်းထားပြီးတော့
ဂျာနယ်ရဲ့ အယ်ဒီတာနေရာမှာ ယခင်က အမှုဆောင်အယ်ဒီတာ မိုးသိမ်း ၊ အယ်ဒီတာ ဆက်နိုင် ဆိုပြီး
ပါရှိရာကနေ ယခုအခါ အယ်ဒီတာ အေးသီရိဟန် ၊ ရှင်မင်း ၊ ဘာသာပြန်အယ်ဒီတာ ဇာဏီထွဏ်း
ဆိုပြီး အပြောင်းအလဲတွေ တွေ့မြင်ရသလို သတင်းထောက်များအဖြစ် မာယာထွေးလှိုင် ၊
စိုင်းညီ ၊ မမ (လားရှိုး) ၊ TLM ၊ ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ၊ ခွန်ရာဇာ တို့သာ
ပါဝင်လာတာကို တွေ့မြင် ရပြီး ကျန်သတင်းထောက်များကို တွေ့မြင်ရခြင်း မရှိတော့ပေ ။
၎င်းကဲ့သို့ အရှေ့ရိုးမဂျာနယ်၏ အယ်ဒီတာနှင့် သတင်းထောက်များ
အပြောင်းအလဲအသေးစိတ်ကို သိရှိရခြင်း မရှိသော်လည်း အဆိုပါအပြောင်းအလဲကို
တောင်ကြီးမြို့ခံ လူထုမှ အထူးစိတ်စားလျှက် ရှိနေကြောင်း သိရှိရပါတယ် ။
ဖိုးဇေ(တောင်ကြီး)