Saturday, March 30, 2013

စိမ်းပြာရောင်ကမ်းခြေ- Navagio beach

0 comments
မတ်(၃၀)
ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီး ရေအောက် ကြမ်းပြင်မှာ အရောင်လက် ကျောက်စရစ်ခဲ များရှိနေပြီး ကောင်းကင်အပြာရောင် ရောင်ပြန်ဟက် ရောစပ် သွားမှု ဖြစ်ပြီး နေရောင်ခြည်ထိုးဖောက်လိုက်တော့ စိမ်းပြာရောင်လို အရောင်ထွက်စေ ပါတယ်။
ချောက်ကမ်းပါးများဝမ်းရံပြီး အတွင်းမှာ ရေဂူပေါင်းမြောက်များစွာရှိပါတယ်။ အထဲတွေကိုတော့ စက်လှေငယ်တွေနဲ့ပဲ သွားလာလို့ ရပါတယ်။ Zakynthos ကျွန်းမြို့ နဲ့ သိပ်မဝေးနဲ့နေရာမှာ တည်ရှိတဲ့အတွက် လာရောက် လည်ပတ်သူလည်း များပြားပါတယ်။ Navagio ကမ်းခြေဟာ Ionian ပင်လယ်တွင်းက အလှပ ဆုံး နေရာအဖြစ် အသတ်မှတ်ခံထားရတဲ့ ကမ်းခြေ ဖြစ်ကြောင်း သိရပါတယ်။ 

ရိုးရာလေး သဘာဝအလှ
စိမ်းပြာရောင်ကမ်းခြေ- Navagio beach

29 MARCH 2013  | BY ရိုးရာလေး

--
Ref: wiki
ရိုးရာလေး သဘာဝအလှ

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>ရိုးရာလေး<< Thank

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here