Tuesday, April 2, 2013

မီးအားမြှင့်စက် အပူချိန်လွန်ကဲရာမှ အစ္စလာမ်စာသင်ကျောင်း မီးလောင်မှုဖြစ်ပွား ၁၇ ဦးသေဆုံး

0 comments
ဧပြီ(၂)
 
ရန်ကုန်၊ ဧပြီ ၂။ မီးအားမြှင့်စက်အပူချိန်လွန်ကဲရာမှ ရန်ကုန်မြို့ ၄၈လမ်းရှိ ဟာမစ်အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားပြီး လူ ၁၇ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ “မီးအားမြှင့်စက်အပူချိန်လွန်ရာကနေစပြီးမီးလောင်တာပါ။ အားလုံးပေါင်း ၁၇ယောက်သေ ဆုံးပါတယ်။ ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် လူပျိုဝင်ကာစ အရွယ်လေးတွေပါ။” ဟု ရန်ကုန်တိုင်းမီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မီးလောင်နေတာ မသိလိုက်ဘူး။ မီးခိုးတွေအူပြီးထွက်လာမှ အထဲမှာ မီးလောင်နေမှန်း သိရတာ။ အားလုံးအိပ်မောကျနေတဲ့ အချိန်ဖြစ်သွားတာ ဆိုတော့” ဟု ၄၈လမ်းတွင်နေထိုင်သူတစ်ဦး က ပြော ကြားသည်။ အဆိုပါမီးမှာ မနက် ၂နာရီ ၄၅မိနစ်တွင် စတင်လောင်ကျွမ်းခဲ့သည်ဟု ခန့်မှန်းရပြီး မနက် ၃နာရီ ၁၅ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ မီးအားမြှင့်စက်အပူလွန်ရာမှ စတင်ဖြစ်ပွားခြင်းသာဖြစ်ကြောင်း၊ ပဋိပက္ခ များဖြစ်ပွားပြီးချိန် ဖြစ်သဖြင့် ကောလဟာလ သတင်းအမှားများဖြင့် ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားအောင်ဖန်တီးမှုများရှိနိုင်သဖြင့် သတင်းအမှားများကို သတိထားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒုရဲမှုးကြီး ဦးသက်လွင်မှ အဆိုပါ မီးလောင်ရာနေရာတွင် မီဒီယာများနှင့် လာရောက်ကြည့် ရှုသူ ရပ်ကွက်သူ ရပ်ကွက်သားများ ကို ပြောကြားသည်။


ကိုးဒီသွေး



Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here