Tuesday, April 2, 2013

တရုတ်နိုင်ငံမှ တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား အမျိုးသမီး(၁)ဦးအား လွှဲပြောင်းပေးအပ်

0 comments
ဧပြီ(၂)

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့

၂၀၁၂ မေလက မသူဇာဝင်းသည် တရုတ်နိုင်ငံ ရွှေလီ/ ကျယ်ဂေါင်မြို့၌ အလုပ်လုပ်ရန် ရွာမှာတစ်ဦးတည်းထွက်လာခဲ့ပြီးရွှေလီမြို့ထမင်းဆိုင်တစ်ဆိုင်တွင် (၄)လခန့် ၀င်ရောက်လုပ်ကိုင်ခဲ့ သည်။ တရုတ်စကားအနည်းငယ်တတ်ကျွမ်းလာ သဖြင့် တရုတ်နိုင်ငံအတွင်းပိုင်းသို့ အခြားအလုပ် အကိုင် ရှာဖွေရန်ထွက်ခွာခဲ့ရာစိချွမ်း   ပြည်နယ်ထုံရှန့်မြို့ရှိအထည်ချုပ်စက်ရုံတွင် တစ်လလျှင် ယွမ် (၁၂၀၀)ဖြင့် အလုပ်လုပ်ကိုင်နေစဉ် တရုတ်ရဲများမှ အထည်ချုပ်စက်ရုံအတွင်းရှောင်တခင်ဝင်ရောက် စစ်ဆေးရာမြန်မာနိုင်ငံသားဖြစ်ကြောင်းသိရှိသဖြင့်ဖမ်းဆီးခံရ ပြီး(၁)လခန့်ထိန်းသိမ်းထားစဉ်မေးမြန်း စိစစ်ရာ မသူဇာဝင်းသည်တရုတ်နိုင်ငံသို့အလုပ်လုပ်ကိုင်ရန်သွားရောက် ခဲ့သူဖြစ်ပြီးလူကုန်ကူးခံရသူ မဟုတ်ကြောင်း ယခုမိမိ၏နေရပ်သို့ပြန်လိုကြောင်း တင်ပြသဖြင့်မူဆယ်လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေး အထူးအဖွဲ့မှ ၄င်းမိဘများနှင့်ဆက်သွယ်၍နေရပ်သို့ပြန်လည်စေလွှတ်ရန် စီစဉ် ဆောင် ရွက်နေကြောင်း သိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here