Sunday, April 28, 2013

ကေဆောင်စက်မုဇုန်အရေးဆွေးနွေးကြမယ်

0 comments
ဧပြီ(၂၈)

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်ပန်မွန်ဂျုံအပစ် အခတ်ရပ်စဲရေးဇုံမှ ၆ မိုင်ခန့် အကွာ မြောက်ကိုရီးယားနိုင်ငံ အတွင်းရှိ နှစ်နိုင်ငံအကျိုးတူ ပူး ပေါင်းဆောင်ရွက်ရေးကေဆောင် စက်မှုဇုန်(Kaesong)ကို မြောက် ကိုရီးယားနိုင်ငံက ဧပြီလ ၆ ရက် မှာ တစ်ဖက်သပ်ပိတ်ပစ်ခဲ့ပါ တယ်။


ဒီစက်မှုဇုန်မှာ တောင်ကို ရီးယားအလုပ်သမား ၅၃၀၀၀ ခန့်အလုပ် လုပ်နေကြပြီး၊ မြောက် ကိုရီးယားနိုင်ငံ၏ စီးပွားရေးကို အဓိကအထောက် အကူပြုနေတဲ့ စီးပွားရေးဇုန်တစ်ခုဖြစ်ပါ တယ်။ မြောက်ကိုရီးယားနိုင်ငံ အတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ (၂ဘီလီယံ)နီးပါး ၀င်ငွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

ဒီစက်မှုဇုန်ကို အခုလိုပိတ် ထားလိုက်တဲ့အတွက် မြောက်ကို ရီးယားတို့အဖို့ အကျိုးမရှိသလို အဲဒီစက်မှုဇုန်မှာ အလုပ်လုပ်နေ ကြတဲ့ တောင်ကိုရီးယား အလုပ် သမား ၅၃၀၀၀ ကိုလည်း မြောက် ကိုရီးယားက နှင်ထုတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်နေကြတယ်။ ကျန်တဲ့အလုပ်သမား၁၇၅ မှာ လည်း အစား အစာ၊ သောက်ရေ နဲ့ ဆေးဝါးတွေ ပြတ်တောက်လျက် ရှိပါတယ်။ ဒါ့ကြောင့် တောင် ကိုရီးယား ဟာ ဒီစက်မှုဇုန်ပြန်လည်ဖွင့်လှစ် ရေး အတွက် မြောက်ကိုရီးယားနဲ့ ကျေကျေလည်လည်ဆွေးနွေးချင် ပါကြောင်း ကမ်းလှမ်းလိုက်တဲ့ သတင်းကို ကနေ့ ဒီဇင်ဘာ ၂၆ ရက် ဘီဘီစီ ကမ္ဘာ တစ်ဝန်း ရုပ် သံထုတ်လွှင့်မှုမှာ တင်ပြသွားပါ တယ်။

တကယ်လို့ အခုကမ်းလှမ်း ချက်ကို မြောက်ကိုရီးယားတို့ လက်မခံဘူး ဆိုရင်တော့ တင်းမာ မှုတွေ စိုးရိမ်ရေမှတ် ရောက် လာ နိုင်ကြောင်း .တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ကင်ယွန် ဆပ်(Kim Hyung-Suk,Unification Ministry Spoken Man)က ဆိုပါတယ်။ဒါဟာ ကေဆောင်စက်မှု ဇုန်ပိတ်အပြီးမှာ အစိုးရက ပထမ ဆုံးအကြိမ် တရားဝင်ကမ်းလှမ်း ချက်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ရိုက် တာ သတင်းထောက်က ပြော ကြားပါတယ်။

မစ္စတာကင်ယွမ် ဆပ်က ကေဆောင်စက်မှုဇုန် နဂို အတိုင်းပြန်ဖွင့်ဖို့နဲ့ အလုပ်သမား များရဲ့ ဆင်းရဲဒုက္ခရောက်နေမှု လူသားချင်းစာနာစိတ် နဲ့ နှစ်နိုင်ငံ အစိုးရအရာရှိများအကြား လုပ် ငန်းသဘောဆွေးနွေးချင်ပါတယ်။ (South Korea Government Proposes to hold working level Talk) လို့ ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားက ဒါကို သဘော တူလက်ခံပြီး မကြာမီရက်များ အတွင်း ပြန်ကြားလိမ့်မယ်လို့ မျှော်လင့်တယ် လို့ဆိုပါ တယ်။မြောက်ကိုရီးယားစစ်ကော် မရှင်ကတော့ ယခင်သီတင်းပတ် မှာ အမေရိကန်နဲ့ တောင်ကိုရီး ယားတို့လုပ်နေတဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှု ကိုရပ်ရန် ဆွေးနွေးပွဲ တွေဖြစ်လာနိုင်တယ်လို့ပြောပြီး ဖြစ်လို့ အခု .တောင်ကိုရီးယား အစိုးရရဲ့ ကမ်းလှမ်းချက်ဟာ ကိုရီးယား ကျွန်းဆွယ် အတွက် စိတ် ၀င်စားစရာ သတင်းတစ်ခုပါပဲ။

The Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here