ဥရောပအနောက်ပိုင်းက
ဘယ်လ်ဂျီယံနိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ တောင်ပိုင်း
Ardennes အမည်ရ တောတောင်ဒေသမှာ တည်ရှိတာ ဖြစ်ပြီး ပုံမှာ
မြင်တွေ့ရတဲ့အတိုင်း ကားဟောင်းများကို စွန့်ပစ် ထားပါတယ်။
ဒုတိယက ကမ္ဘာစစ်ကာလက အသုံးပြုပြီး ကျန်ရှိခဲ့တဲ့ အမေရိကန် စစ်တပ်သုံးကားများ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှင်းလင်းရေး မပြုလုပ်ပဲ
တောထဲမှာ နှစ်ပေါင်းများစွာ ပစ်ထားမှုကြောင့် ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း အမြင်ဆန်းတဲ့ ရှုခင်းတစ်ခုပမာ ဖြစ်တည်လာပါတယ်။
ယင်းအား ကမ္ဘာ့ရှေးအကျဆုံး ကားသင်္ချိုင်းများထဲမှာ တစ်ခုအဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။