Thursday, April 4, 2013

ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် စတင်ပြင်ဆင်

0 comments
ဧပြီ(၄)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပါတီ၏
လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက် အရွေးခံလိုခြင်းရှိ၊ မရှိကို ဆန္ဒသဘော ထား ကောက်ခံနေပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်သူလူထု အကျိုး ကို စေတနာအပြည့်ဖြင့် စွမ်းဆောင်ပေးနိုင်ခြင်း၊ ပြည်သူနှင့်
ဆက်ဆံရေး အဆင်ပြေမည့်သူများ ဖြစ်ရမည် ဖြစ်ကြောင်း
၎င်းက ဆိုသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို
မဲဆန္ဒနယ် ၁,၁၅၄ နေရာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၈၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လစ်လပ်နေရာ ၄၅ နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်း
တစ်ဦးမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။ ပါတီတွင် ဖွဲ့စည်းပုံ ကျစ်လျစ်ခိုင်မာစေရန်နှင့် မူဝါဒသဘောထားများ ပြန်လည်
သုံးသပ်နိုင်ရန် ပထမဦးဆုံးအကြိမ် ပါတီညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင်
ကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း
သည် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်၌ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပကာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here