Sunday, April 14, 2013

ဆင်သားအမိကို အရေခွံခွာတာ ဘာကြောင့်လဲ

0 comments
ဧပြီ(၁၄)
 
 ပဲခူးရိုးမမှာ တောဆင်ရိုင်းသားအမိရဲ့ ရုပ်အလောင်း အရေခွံခွာခံထားရတဲ့သတင်း ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ တွေ့ရမှာပါ။

အုတ်တွင်းမြို့နားမှာ တွေ့ရတယ်၊ တူမီးသေနတ်ဒဏ်ရာတွေလည်း ပါတယ်လို့ သတင်းက ဆိုတယ်။ 

 

ဒေါ်လာ ၇ဝဝ တန်  ပိုက်ဆံအိတ်

ဆင်တွေကို တရားမဝင် သတ်ဖြတ်တဲ့အမှုကို ဘယ်သူကျူးလွန်တယ်ဆိုတာ သိဖို့ စုံစမ်းနေပါတယ် တဲ့။

ဆင်ကို အရေခွံခွာထားတယ် ဆိုတော့ အရေခွံရဖို့ သတ်ဖြတ်တယ်လို့ ယူဆရပါတယ်။

ဆင်သားရေကို ပိုက်ဆံအိတ်၊ ဘွတ်ဖိနပ်၊ ခါးပတ် စတဲ့ စတဲ့ လူသုံးကုန်ပစ္စည်းများမှာ တွေ့ရမှာပါ။
နိုင်ငံတကာမှာ တချို့လုပ်ငန်းရှင်တွေကတော့ ဥပဒေစည်းကမ်းတို့နဲ့အညီ ဆင်သားရေ ထုတ်လုပ်တယ်လို့ ဆိုတယ် - ဆင်ကောင်ရေများတဲ့ အာဖရိကဒေသမှာ တိုးပွားလာတဲ့ကောင်ရေကို ထိန်းချုပ်ဖို့
ဆင်တချို့ကို ရှင်းလင်းရတယ်၊ အဲဒီလုပ်ငန်းကနေ ဆင်သားရေ ရပါတယ်လို့ ဆိုကြတယ်။ သူတို့ကြော်ငြာက မှန်ရင်လည်း မှန်ပါလိမ့်မယ်။

ဆင်ကို အစွယ်ရဖို့ပဲ သတ်ကြတာလို့ အများက နားလည်ထားကြမှာပါ။
မြန်မာပြည်မှာ ဆင်စွယ်တချောင်းကို သိန်း ၅ဝ နဲ့ ၁ဝဝ ကြား ပေါက်ဈေးရှိတယ်လို့ ကြားဖူးပါတယ်။

ဆင်စွယ်နဲ့လုပ်တဲ့ ပစ္စည်းတွေကို မြန်မာပြည်ဈေးကွက်ထဲ တွေ့ရမှာပါ။  သို့သော်လည်း ဆင်သားရေနဲ့လုပ်တဲ့ပစ္စည်းက ဈေးကွက်ထဲ အလွယ်တကူ တွေ့ရ၊ အသုံးများကြမယ် မထင်ပါဘူး။
ဆင်သားရေကတော့ မှောင်ခိုဈေးကွက် ရှိမှာပါ။ ဆင်သားရေတွေ အချပ်လိုက်သယ်ဆောင်တာကို ဖမ်းမိကြောင်း အစိုးရသတင်းစာထဲမှာ ဖတ်ဖူးကြမှာပါ။

မြန်မာပြည်မှာ ဆင်ကောင်ရေ ကျဆင်းနေပြီလို့ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေးသမားတွေက ဆိုပါတယ်။

ဆင်ကောင်ရေ နည်းပါးလာတဲ့အကြောင်းရင်းများစွာရှိတဲ့ထဲမှာ တောပြုန်းလာခြင်းက ထိပ်တန်းက ပါနေမှာပါ။
အစွယ်အတွက် ဆင်ထီးကို ရွေးပြီး သတ်ဖြတ်ရာကနေ မျိုးပွားနှုန်း ကျဆင်းလာတာလည်း အကြောင်းရင်းတခု ဖြစ်နိုင်ပါတယ်။
အခုတော့ ဆင်ထီးများသာမက ဆင်မများ၊ ဆင်ပေါက်များလည်း လူသုံးကုန်ပစ္စည်းအတွက် သတ်ဖြတ်၊ အရေခွံခွာခံနေရပါပြီ။

ဆင်သားရေ ထွက်ကုန်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 


  ဒေါ်လာ သုံးရာ (ကျပ် နှစ်သိန်းခွဲ) ပေါက်ဈေးရှိတယ် ဆိုတဲ့ ဆင်သားရေဆိုဖာ
 

ဒီဖိနပ်က ဒေါ်လာ ၂,၅ဝဝ ဝန်းကျင် ပေါက်ဈေးရှိတယ်၊ အောက်ဖော်ပြပါ အကောင် ၁ဝ မျိုးရဲ့ အရေခွံတွေနဲ့ ဆက်စပ် ချုပ်လုပ်ထားတာပါ တဲ့။
 
ငါးလိပ်ကျောက်၊ အနာကွန်ဒါမြွေ  (anaconda)
စပါးကြီးမြွေ၊ စပါးအုံးမြွေ
ငှက်ကုလားအုပ် (
ostrich)၊  နွားပေါက်
မိကျောင်းခေါင်းတို၊ မိကျောင်းခေါင်းရှည်
ပတတ် (lizard)၊ ဆင်  

ကုန်ချောဖြစ်တော့မယ့် ဆင်သားရေချပ်
  ခါးပတ် -  ဒေါ်လာသုံးဆယ်
 

ဒီနေ့ မြန်မာ့အလင်းပါ ဆင်အရေခွံသတင်း
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here