သျှမ်းပြည် (မြောက်ပိုင်း)
မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က
လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း
သိရသည် ။ စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ
ဆုံးရှုံးကြောင်း မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ရွှေဆိုင်နာမည်က
ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ်
။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း
မမိဘူး ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ၄င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး
ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း
အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။
သျှမ်းသံတော်ဆင့်