ဧပြီ(၂၄)
ရှမ်းပြည်နယ်မြာက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လွယ်လျှံ-
ဖက်တလွိုင်းဒေသရှိ SSA(၀မ်ဟိုင်း) ရှမ်း သောင်းကျန်းသူများသည်
၎င်းတို့နှင့်နီးစပ်ရာပတ်ဝန်းကျင်
ကျေးရွာမှရှမ်းလူမျိုးများအား၎င်းတို့ချီတက် သွားလာစဉ်နှင့် စခန်းများတွင်
လိုအပ်သည်များခိုင်းစေရန်အတွက်ရွာသားများ၏ ဆန္ဒမပါဘဲရွာ အလိုက်
အလှည့်ကျစနစ်ဖြင့်အထမ်းသမားများအဖြစ်ဆောင်ရွက်စေခြင်း၊
ထမင်းဟင်းချက်ခိုင်းခြင်း၊ ကင်းစောင့်ခိုင်းခြင်း တို့ကို
ပြုလုပ်စေတယ်လို့ တန်းယန်းမြို့နေ ရှမ်းလူမျိုး တစ်ဦးက ပြောပါသည်။
ကျွန်တော်တို့ကျေးရွာတွေကနေSSA(၀မ်းဟိုင်း)စခန်းတွေကို ကျေးရွာတစ်ရွာလျင် အလှည့်ကျ(၅/၆)ယောက် ပေးရတယ်။ ရွာသားများတာဝန်ထမ်းရန် မလာရောက်ခြင်းနှင့် စခန်းတွင် ခိုင်းစေခြင်းခံနေရစဉ် ထွက်ပြေး တိမ်း ရှောင် ခြင်းပြုလုပ်ပါကတစ်ဦးလျင် ကျွဲ(သိုမဟုတ်)နွား(၁)ကောင်နှင့်ငွေတစ်သိန်းအားဆက်ကြေးငွေအဖြစ်ပေး ရပါတယ်။တစ်ဖွဲ့ကို(၂)ပတ်လောက် သူတို့စခန်းမှာနေပြီးသူတို့ရဲ့ခိုင်းစေတာတွေကို အကုန်လုပ်ပေးရ တယ်။ မလုပ်ပေးလို့လဲမရဘူးလေ။ သူတို့တောင်းတဲ့လူကိုရွာကမပေးရင် ရွာလူကြီးကိုပြသနာရှာတယ်။ကျွန်တော့် တို့၇ွာကငယ်ရွယ်သူရှမ်း အမျိုးသားများဟာ ကိုယ်မိသားစုနှင့်အတူတူနေဖို့ အချိန်ဆိုတာမရှိ သလောက်ရှားပါး ခဲ့ပါတယ်။ SSA(၀မ်းဟိုင်း)အားလုံးနီးပါးဟာ အရက်သောက်ကြတယ်ဖဲရိုက်ကြတယ်၊ ဘိန်းစိုက်ပျိုးသူတွေထံက ကောက်ခံရထားတဲ့ဘိန်းတွေကိုသုံးစွဲတယ်…ပြီးတော့နှိပ်စက်ကြတယ်။
ပထမကတော့ကျွန်တော်တို့လည်း ငါတို့ရှမ်းပြည်လွှတ်မြောက်ဖို့အတွက်
ငါတို့ရှမ်းစစ်သားတွေကြိုးပမ်း နေတယ် ဆိုပြီးအမြင်ကျဉ်းမြောင်ပြိး
အားတက်သရောနဲ့ခိုင်းတာမှန်သမျှ လုပ်ကိုင်ပေးခဲ့တယ်။
တကယ်တော့ဗမာ စစ်သားတွေရွာကိုလာရင်တောင် အဲဒီလိုနှိမ်စက်တာမျိုးတွေမရှိဘူး။
ကောင်းကောင်း ပြောတယ်။ လိုအပ်တာ
ရှိရင်အကူအညီတောင်းတယ်။ ပထမတော့အကူအညီမပေးချင်ဘူး။ ဗမာ စစ်သားတွေ ငါတို့ရှမ်းပြည်ကို
ကျူးကျော် တာဆိုပြီးအမြင်ကျဉ်းမြောင်းစွာမြင်ခဲ့မိတယ်။
ဒါတွေဟာလက်ရှိနယ်ပယ်မှာတော့ဆီနဲ့ရေလိုကွာခြားနေပါတယ်….
SSA(၀မ်ဟိုင်း) ဟာရှမ်းပြည်နယ် တိုးတက်အောင် လုပ်တယ်ဆိုတာမှန်ပါတယ်။
ဒါပေမဲ့ရှမ်းပြည်နယ် တစ်ခုလုံးတော့ မဟုတ်ပါဘူး။
ရှမ်းပြည်နယ်မှာသူတို့အခြေစိုက်နေထိုင်တဲ့(၀မ်ဟိုင်း)လိုနေရာမျိုးကိုသာတိုးတက်အောင်၊
ပြည်နယ် တစ်ခုလုံး ကောင်းစားဖို့ဆိုပြီးနေရာတစ်ခုလောက်ကိုသာကောင်းစားအောင်၊
လူမျိုးတစ်မျိုးလုံး ကောင်းစားအောင် လုပ်မယ်
ဆိုပြီး၎င်းတို့အကြီးအကဲနှင့်ဆက်နွယ်သော လူနည်းစုကိုသာ ကောင်းစားအောင် လုပ်နေတယ်ဆိုတာ
သိလိုက် ရတယ်။
ရှမ်းရွာတော်တော်များများကလူငယ်တွေဟာပညာရေးကိုအတန်းအနည်းငယ်သာသင်ကြားခွင့်ရပြီး
မိသားစု အသက် မွေးဖို့ အတွက်မြေပဲစိုက်၊ပြောင်းစိုက် စသည့်လုပ်ငန်းများ
ကြိုးစားလုပ်ကိုင်ရင်းနဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရတယ်..
သီနှံ့ပေါ်ချိန်ရောက်တော့ရှမ်းလူမျိုးကိုချစ်တယ်ဆိုတယ့်ရှမ်းစစ်သားတွေက
ဆက်ကြေး လာကောက်တယ်…ဒီလိုနဲ့ရှမ်းကျေးရွာမှာနေထိုင်နေရတဲ့
ကျွန်တော်တို့ရဲ့ဘ၀တွေဟာ သမင်မွေးလိုက် ကျားစားလိုက်ဆိုတဲ့စကားပုံအတိုင်း
ပရုတ်လုံးလိုလုံးပါးပါးနေပါပြီ။ ရှမ်းပြည်တပ်မတော်
ခေါင်းဆောင်ပိုင်း တွေရဲ့ သားသမီးတွေ
ကျတော့မြို့ကျောင်းတွေမှာ နေပြီးတည်ငြိမ်းအေးချမ်းစွာပညာသင်ယူနေကြတယ်။ သူတို့ရဲ့သားသမီးတွေကပညာတတ်တွေဖြစ်ခွင့်ရတယ်။
ကျွန်တော်တို့ရဲ့သားသမီးတွေကျတော့ အသိအမြင် ကျဉ်းမြောင်းစွာနဲ့
အကြောက်တရားနဲ့စိုးမိုးခံထား ရပြီးလူဘ၀ကိုကုန်ဆုံးခဲ့ကြရတယ်။
ဒါကြောင့် ရှမ်းပြည်ကိုကာကွယ်စောင့်ရှောက်သည်ဟုထင်ခဲ့သောရှမ်းပြည်တပ်မတော် SSA(၀မ်ဟိုင်း) ကိုအကောင်းမြင်ခဲ့သည့် ကျွန်တော်ရှမ်းလူမျိုးတစ်ဦးတောင်၎င်းတို့၏ ပြုမှုဆောင်ရွက်မှုများကို လွန်စွာ မုန်းတီး နေမိပါသည်။
အိုက်လင်း (တန့်ယန်း)
အိုက်လင်း (တန့်ယန်း)
ရွှေလားရှိုး