Wednesday, April 3, 2013

TNLA အဖွဲ့က ပလောင်လူငယ်များကို လူသစ်အဖြစ် အတင်းအဓမ္မခေါ်ဆောင်

0 comments
ဧပြီ(၃)
TNLA အဖွဲ့မှ အတင်းအဓမ္မလူသစ်စုဆောင်းခံရသော ပလောင်လူငယ်(၇)ဦး


TNLA အဖွဲ့သည် နမ့်ဆန်မြို့နယ်အတွင်း၌ အရွယ်မရောက်သေးသော ပလောင်လူငယ်များကို လူသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းနေသည်ဟု မြို့ခံကျောင်းဆရာတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ပြီးခဲ့တဲ့လတုန်းကမှ (၇)ယောက် ပြန်လွှတ်လာတာ၊ အခုလည်း လူငယ်တွေကို လူသစ်အဖြစ် အတင်း အဓမ္မ လိုက်စုနေလို့ ရွာတွေမှာ မနေရဲကြတော့ဘူး။ ပညာတစ်ပိုင်းတစ်စ ဖြစ်မှာစိုးရိမ်လို့ မြို့ပေါ်ပို့ ထားရတယ်။ ကျောင်းမနေတော့တဲ့ လူငယ်တွေကိုလည်း မိဘတွေက မြို့ကြီးတွေဆီကို ပို့ပြီးအလုပ် လုပ် ခိုင်းထားရတယ်” ဟု ပန်စရီ ရွာသားတစ်ဦးက ပြောပြသည်။

TNLA အဖွဲ့သည် မတ်လအတွင်းက အရွယ်မရောက်သေးသော ပလောင်လူငယ်(၇)ဦးအား အတင်း အဓမ္မလူသစ်အဖြစ် ခေါ်သွားခဲ့ရာမှနယ်မြေခံအစိုးရတပ်များနှင့်တွေ့ပြီးမိဘများထံသို့ ပြန်လည် ရောက် ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်လွတ်မြောက်ပြီး မိဘနေအိမ်၌ လက်ရှိနေထိုင်လျက်ရှိသော လူငယ် တစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်ကို ယခုကဲ့သို့ပြောပြသွားသည်။ “ ကျွန်တော်တို့ (၇)ယောက်ကို တအာင်း လွတ်မြောက်ရေးတပ်မတော်(TNLA)က သူတို့အဖွဲ့ထဲမ၀င်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး ခေါ် သွားတယ်။ တောထဲမှာ နယ်မြေခံတပ်နဲ့တွေ့ပြီး တိုက်ပွဲဖြစ်ကြတယ်။ ကျွန်တော်တို့ လည်း မြေကြီးပေါ်မှာ မှောက်ပြီး မော့မကြည့်ရဲဘူး။ တအာင်း လွတ်မြောက်ရေးတပ်မတော်(TNLA)က (၁)ယောက်သေပြီး ဒဏ်ရာရသွားတာကို မြင်တယ်။ တအာင်း လွတ်မြောက်ရေးတပ်မတော်(TNLA)က ကျွန်တော်တို့ကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်။ နယ်မြေခံတပ်က ကျွန်တော်တို့ကိုကူညီပြီး ရွာက မိဘတွေအိမ်ကို လိုက်ပို့ပေးခဲ့သည်” ဟု ပြောပြသွားခဲ့ပါသည်။
 
တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၏ ဖမ်းဆီးခြင်းခံရပြီးမှ ပြန်လည်လွတ်မြောက်လာသော လူငယ် များအနေဖြင့် အသက်မသေဘဲ ပြန်လာသော သားများအတွက် ၀မ်းသာနေကြသော် လည်း နောက်တစ်ကြိမ် ပြန်လာခေါ်မည်ကို စိုးရိမ်နေကြသည်။ ထိုရွာများမှ အခြားမိဘများ ကလည်း ကျောင်းနေအရွယ် အသက်ငယ်သူ သားသမီးများအတွက် နေ့စဉ်နဲ့အမျှ စိုးရိမ်နေကြ ရကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here