Wednesday, April 3, 2013

လောက်ကိုင်မြို့တွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0 comments
ဧပြီ(၃)




ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့၊ ရပ်ကွက်(၂)ရှိ နေအိမ်တစ်အိမ်မှ မတ်လ(၂)ရက်နေ့ ညနေပိုင်းတွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့မှ ခရိုင်ရဲမှူး၊ မြို့နယ်မှူး၊ ကွမ်းလုံမူးယစ်အဖွဲ့များ၊ ကိုးကန့်ရဲတပ်ဖွဲ့များနှင့် သက်သေများ ပါဝင်သောအဖွဲ့မှ မတ်လ(၂)ရက်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့၊ ရပ်ကွက်(၂)၊ ဖုန်းရှင်းလမ်း၊ နေအိမ် အခန်း(၁၁)အား ၀င်ရောက်ရှာဖွေရာမှ အခန်းအတွင်း ကုတင်အောက်မှ အ၀ါရောင် ပီနံအိတ်အတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။

နေအိမ်အခန်းအတွင်း ကုတင်အောက်၌ WY စာတမ်းပါ ပန်းရောင်ဆေးပြား(၁၀)သိန်းကျော်ခန့် အလေးချိန် (၁၀.၃၀)ကီလိုဂရမ်ခန့်နှင့် ကာလတန်ဖိုးအားဖြင့် သိန်း(၁၅၀၀) ကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့သည်။ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အခန်းငှားနေသူ ကျူရှောက်ချန်း သည် လွန်ခဲ့သော ခြောက်လခန့်တွင် တရုတ်နိုင်ငံ အတွင်းသို့ WY ဆေးပြားများ သယ်ဆောင်သွားခဲ့မှုဖြင့် ဖမ်းဆီးခံထားရကြောင်းနှင့် တာဝန်ရှိသူများမှ ၎င်းအခန်းအား သော့ဖျက်ဆီးဝင်ရောက်ခဲ့ရကြောင်းကို သက်သေအဖြစ် လိုက်သွားရသည့် ဒေသခံများထံမှ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here