ဇွန်လ ၂၁ ရက်
လားရှိုးမြို့ မြို့နယ်သံဃာ့နာယကဥက္ကဌ မန်ဆူဆရာတော်ကြီး အား လားရှိုးအစ္စလာမ်ဘာသာရေး ခေါင်း ဆောင်များ က ကျေးဇူးတင် ဂုဏ်ပြုအလှူငွေ ကျပ် ၈ သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
၁၅-၆-၂၀၁၃ နေ့ နေ့လည်(၁:ဝဝ)နာရီက လားရှိုးမြို့နယ် သံဃာ့နာယကဥက္ကဌဆရာတော်ကြီး၊ လားရှိုးမြို့ ရပ်ကွက် (၁၂)သီရိမင်္ဂလာ မန်ဆူ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးပုညအား လားရှိုးမြို့ အစ္စလာမ်ဘာ သာ ရေး ခေါင်းဆောင် များက ကျေးဇူးဆပ် အလှူငွေပေးအပ် လှူ ဒါန်း မှု ပြုလုပ်ခဲ့ပါသည်။အလှူတော်ငွေ စုစု ပေါင်းမှာ လားရှိုးမြို့အစ္စလာမ် ဘာသာရေးအဖွဲ့မှကျပ်ငွေ ၅၀၀,၀၀၀ နှင့်လားရှိုးပန်းသေးမွတ်ဆလင် အဖွဲ့မှ အလှူတော်ငွေကျပ် ၃၀၀,၀၀၀ ဖြစ်ကြောင်း သိရှိရပါသည်။
ဆရာတော်ကြီးမှာ လူမျိုးမရွေး၊ သာသာမရွေးခွဲခြားမှုတရားမရှိဘဲ ဖြစ်ပြီးခဲ့သည့် မေလ၂၈ ရက်နှင့် ၂၉ ရက် အကြမ်းဖက် မှုဖြစ်စဉ်တွင် စိုးရိမ်ပူပန်မှုနှင့် ရင်ဆိုင်နေရသော အစ္စလာမ်မိသားစုဝင် ၂၈၇ စု လူဦးရေ ၁၄၀၀ ကျော်ကို ဆရာ တော်ကြီး က မိမိကျောင်း၌တည်းခိုနေထိုင်ခွင့်ပေးခဲ့သည်။
ထို့ပြင် အစ္စလာမ်မိသားစုဝင်များ စားရေးသောက်ရေး အတွက်ပါ တာဝန်ယူစီစဉ်ပေးခဲ့သောကြောင့် ယခု လို လားရှိုး မြို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ဆရာတော်ကြီး၏ မေတ္တာတော် ဂုဏ်ကျေးဇူး အား အထူးကြည်ညို ပါကြောင်း လျှောက် ထား၍ အလှူငွေ လှူဒါန်းခဲ့ခြင်း ဖြစ် ကြောင်း လားရှိုးမြို့ အစ္စ လာမ်ဘာသာရေး အဖွဲ့ဥက္ကဌဖြစ်သူ ဒေါက်တာ တင်အောင်မှ လျှောက်ထားပြောဆိုခဲ့ပါသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့မှ နာယကဖြစ်သူ ဦးဇော်မင်းနိုင်၊ ဥက္ကဌ ဒေါက်တာတင်အောင်၊ ဘဏ္ဍာရေးမှူး ဦးတင်ထွေး(လားရှိုးဓါတ်ပုံတိုက်)၊လားရှိုးပန်းသေးမွတ်စလင်အဖွဲ့ဥက္ကဌဦးမောင်ဝင်း(ရွှေမြင်းနှစ်ကောင
်စက်မှု ကုမ္ပဏီ)တို့လှူဒါန်း ပေးအပ်သောအဆိုပါ
ငွေများကို လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူ ကျောင်းဆရာ တော်ကြီး ဦးပုညနှင့်
သံဃာ တော်(၅)ပါး က လက်ခံ သာဓုခေါ် ဆုမွန်ကောင်းတောင်း မေတ္တာပို့သ ပေး
ခဲ့ပါသည်။
လားရှိုးမြို့နေ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များမည်သည့်အာဃာတတရားမျှမရှိ ရှေးယခင် ကာလမှပင် အေးချမ်းစွာသွားလာလုပ်ကိုင်စားသောက်ခဲ့ကြသကဲ့သို့ပင် ယခုလည်း မပြောင်းလဲ အတူ နေ ထိုင်နေကြောင်း အကြမ်း ဖက် ဖျက်စီးမှု၊ လုယက် ရိုက်နှက်မှု ဆူပူမှုများ ပြုလုပ်သူများသည်လည်း လားရှိုး မြို့ခံများ မဟုတ်သည်မှာ ထင်ရှား လျှက်ရှိကြောင်း၊ ထိုအကြမ်းဖက်မှုဖြစ်ပွားစဉ် အနီးကပ်မြင်တွေ့ရသူများ ၏ ပြန်လည်ပြောပြချက် အရ ကြားသိရ သည်။
မေလ(၂၈)ရက်နေ့ညက မီးလောင်ကျွမ်းပြာကျခဲ့သော လားရှိုးမြို့၊ရပ်ကွက်(၃) လမ်းမတော် လမ်းရှိ အစ္စလာမ် မိဘမဲ့ ကျောင်းအနီး မီးကူးခံရသော အစ္စလာမ်အိမ်ထောင်စုများနှင့် ဟိန္ဒူဘာသာဝင် ချစ်တီး ထမင်းဆိုင် မိသားစုဝင်များ အားလည်းကောင်း၊ ယင်း မေလ(၂၈)ရက်နှင့်(၂၉)ရက်နေ့တွင် အကြမ်း ဖက် ဖျက်ဆီးခံ ခဲ့ရသော အိမ်ထောင်စု များအား လည်းကောင်း၊ လားရှိုးအစ္စလာမ်ဘာသာရေးအဖွဲ့မှဦးစီး၍ ထောက်ပံ့ငွေများပြန်လည်ပေးအပ်မှုအားပြုလုပ်ခဲ့သည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။ထိုထောက်ပံ့ငွေပေး အပ်မှုအား လားရှိုးမြို့ ရပ်ကွက်(၇)ပန်းသေးအစ္စလာမ် ကျောင်းတွင် ယင်း ဇွန်လ(၁၅)ရက်နေ့ မွန်းလွဲ (၂:၃၀)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုရရှိခဲ့သောထောက်ပံ့မှုငွေကြေးများကို ဒုက္ခအခက်အခဲဖြစ်နေ သူ မိသားစု ဝင်များအား အချိုးကျစွာ ပြန်လည် ပေးအပ် မှုပြုခဲ့ကြောင်းလည်းထိုအစီအစဉ်တွင် တာဝန်ရှိသူ အစ္စလာမ်ဘာသာ ရေးခေါင်းဆောင် တစ်ဦးမှ ရှင်းလင်းပြောပြချက်အရသိရှိရ၍ရေးသားဖော်ပြလိုက်သည်။
သျှမ်းသံတော်ဆင့်