ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တွင် ငါးလုပ်ငန်းလုပ်ကိုင်ရန်အတွက်တင်ဒါဆောင်ရွက်မှု ရုပ်သိမ်းပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုတင်ြ
”ရှမ်းပြည်နယ် အစိုးရအဖွဲ့ကအင်းလေးအင်းနှင့် စကားအင်းကို ငါးလုပ်ငန်းလုပ်ကိုင်ခွင့် အတွက် အိတ်ဖွင့်တင်ဒါခေါ်သွားမယ် ဆိုတဲ့ စာပေးပို့ပါတယ်။ အင်းလေးက အင်းမဟုတ်ပါဘူး အင်းလေးကရေကန်ကြီးသာဖြစ်ပါတယ်။ အင်းလေးကို
အင်းလို့အသုံးပြုနိုင်အောင် အင်းလေးကန်မှာ တစ်ဦးတစ်ယောက် ပိုင်ဆိုင် တဲ့အင်းဆိုတာ မျိုးမရှိပါဘူး။အင်းလေးကန်ကို အာဆီယံအမွေအနှစ်အဖြစ်သတ်မှတ်ထားပြီး ဘေးမဲ့အဖြစ် သတ်မှတ်ထားခြင်း ခံထားရတာဖြစ်ပါတယ်။ဒါကြောင့် ငါးလုပ်ငန်းလုပ်ကိုင်မယ်ဆိုရင် အင်းလေးကန်ကိုအင်းလေးအင်းအဖြစ်လုပ်ကိုင်ပြီး ဘေးမဲ့အဖြစ်မှဖျက်သိမ်းဖို့ လိုပါမယ်။စကား
အင်းလို့သုံးထားရာမှာလည်း စကားအင်းမဟုတ်ဘဲမိုးဗြဲဆည်ရဲ့ရေဦးပိုင်းသာဖြစ်တယ်”ဟုဆိုသည်။
အင်းလေးကန်တွင် ငါးလုပ်ငန်းကို သာလုပ်ကိုင်ခွင့်ပေးပါက အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ပျက်စီးရုံ သာမကဒေသခံမျိုး စိတ်ထိန်းသိမ်းရေးကိုပါ ထိခိုက်မှုရှိလာနိုင်ကြောင်း သိရသည်။ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြင်း ကြောင့် အင်းလေးကန်တွင် ငါးလုပ်ငန်း တင်ဒါခေါ်ခြင်းကို ရုပ်သိမ်းပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုတင်ပြ တောင်းဆိုမည်ဖြစ်သည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ငါးလုပ်ငန်းလုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ခြင်းကို ဇွန်လ(၂၇)ရက်နေ့၌ ပြုလုပ်ရန် သတ်မှတ်ထားကြောင်း သိရသည်။
SkyNet TV Browser