Wednesday, October 23, 2013

ဆီးဂိမ်းအတွက် ထိုင်းအဆိုတော် ကာရဘောင် ဘတ်ငွေ ၁ သန်း လှူဒါန်း

0 comments
Tuesday, October 22, 2013

ထိုင်းနိုင်ငံမှ နာမည်ကြီး အဆိုတော် ကာရဘောင်(Carabao) မှ ဆီးဂိမ်းပြိုင်ပွဲအတွက် ဘတ်ငွေ ၁ သန်း(မြန်မာကျပ် ငွေသိန်း ၃၂၀ ခန့်) လှူဒါန်းကြောင်းသတင်းစာရှင်းလင်းပွဲတွင် ကာလာဘောင်(Carabao)ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကာရဘောင်သည် လာရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ပြီး ဆီးဂိမ်းအတွက် လှူဒါန်း
ရခြင်းဖြစ်ကြောင်း ကာရဘောင်က ပြောကြားသည်။

ကာရဘောင် တီးဝိုင်းအနေဖြင့် ဥရောပနိုင်ငံများအထိဖျော်ဖြေမှုများ ပြုလုပ်ခဲ့ပြီး ဆီးဂိမ်းနှင့် ပတ်သက်၍မြန်မာနိုင်ငံ ပထမဆုံးအကြိမ်တွင် ဖျော်ဖြေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကာရဘောင်တီးဝိုင်းအဖွဲ့၏ ဆီးဂိမ်းကြိုဆိုဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့ ညနေ ၄ နာရီတွင်း Junction Square တွင်
ကျင်းပခဲ့ပြီး ကာရဘောင် တီးဝိုင်းအဖွဲ့နှင့် နိုင်ငံ ၇ နိုင်ငံမှMiss International 2012 မယ်များ၊ ထိုင်းမီဒီယာ (၆၀)ခန့် လာရောက်ခဲ့သည်။

ရေးသားသူ- ဉာဏ်လင်းထက်၊ ဇင်နွေထွန်း
People power

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here