Tuesday, October 8, 2013

ပြင်ဆင်ချိန်

0 comments



လူတိုင်းဟာ အသက်ရင်နေစဉ်အတွင်း မိမိကိုယ်ကို မိမိတန်ဖိုးရှိအောင် တန်ဖိုးထားနေကြရတယ်။

ဒါပေမယ့် သေသွားရင်တော့ မိမိကိုယ်ကို တန်ဖိုးရှိအောင် မလုပ်နိုင် ကြတော့ပါဘူး။ ဒါကြောင့် လူသေတစ်ကောင်နဲ့ ကြက်သေတစ်ကောင်ပေးရင် ကြက်သေပဲယူကြမှာပါ။

ကြက်သေတစ်ကောင်လောက်မှ တန်ဖိုးမရှိ အသုံးမ၀င်တဲ့ မျက်နှာမွဲကျက်သရေမရှိတဲ့ လူသေကောင်ကို မသေခင်မှာ အသုံးကျအောင် အသုံးချလို့ရပါတယ်။

နေမင်းကြီးက သူ့ဝတ္တရားအတိုင်း ညနေ နေ၀င် မိုးချုပ်တဲ့ အလုပ်ကိုမှန်မှန် လုပ်နေသလို လူတိုင်းဟာလည်း အိုခြင်း နာခြင်း သေခြင်းအလုပ်တွေကို မှန်မှန် လုပ်နေကြပါတယ်။

ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် မသေခင်မှာ ကိုယ့်နောက်ပါမဲ့ တရားဓမ္မများကို အားထုတ်ထားရမယ်။

ဒါန သီလ ၀ိပဿနာဘာဝနာ တရားတွေဟာ ကိုယ့်နောက်ပါမဲ့တရားတွေပါ။
ဒါနမပါ သေခါမှသိမယ်၊သီလမပါ နာခါမှသိမယ်။ ဘာဝနာမပါ သံသရာကြမှ သိမှာပါ။

ဒါကြောင့်မသေခင် အသုံးကျနေတုန်းကိုယ်နောက်ပါမဲ့ တရားများကို အဓိပတိတပ်၍ အားထုတ်ထားကြပါ။

ညနေ နေမ၀င် မိုးမချုပ်ခင် ကိုယ့်ရိက္ခာထုပ်လေး ကိုယ်ပြင်ပြီးကြပါရဲ့လား။ မပြင်ရသေးသူများအတွက် ပြင်ဆင်ချိန်လေးရအောင် ကြိုတင်ပြင်ဆင်နိုင်ကြရအောင်
စေတနာ မေတ္တာထားလျှက် ----

ဒေ၀ီ
(၈-၁၀-၁၃)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here