Tuesday, October 8, 2013

ဆီးဂိမ်းတွင် မြန်မာအမျိုးသားဖူဆယ်အသင်း ဆီမီးအဆင့်ထိရောက်ရန် မျှော်မှန်း

0 comments
8.10.2013

ဆီး ဂိမ်းပြိုင်ပွဲတွင် အမျိုးသားဖူ ဆယ်အသင်း အနိမ့်ဆုံး ဆီးမီး ဖိုင်နယ်တက်ရောက်ရန်မျှော် မှန်း ထားကြောင်း ဖူဆယ်ဘော လုံးအသင်း နည်းစနစ်ဒါရိုက် တာ ဦးရဲထွဋ်တင်ကပြောသည်။လက်ရှိတွင် အမျိုးသားဖူ ဆယ်အသင်းအနေဖြင့် အာ ဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ဝင် ရောက်ယှဉ်ပြိုင် မည်ဖြစ်ကာ အားကစားသမား ၁၆ဦးဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။

ယင်းနှင့်ပတ်သက်၍ နည်းစနစ်ဒါရိုက်တာ ဦးရဲထွဋ် တင်က''အာဆီယံချန်ပီယံရှစ် မှာ အမျိုးသား အသင်းအနေ နဲ့ဒုတိယအကြိမ် မှတ်ကျောက် အတင်ခံရမယ့်ပွဲပါ။ ဆီးဂိမ်းအ ကြိုပြိုင်ပွဲ မှာ နှစ်သင်းဝင်ပြိုင် ပေမယ့် အခု တစ်သင်းတည်း ဖြစ်သွားတဲ့အခါ အသင်းက ပိုပြီးတောင့်သွားတယ်''ဟု ၎င်း ကပြောသည်။မြန်မာအမျိုးသားဖူဆယ် အသင်းအနေဖြင့် အာဆီယံ ဒေသအတွင်း ထိုင်းအသင်းပြီး လျှင် အင်အားတောင့်တင်းသည့် အင်ဒိုနီးရှားအသင်းကို အာဆီ ယံချန်ပီယံရှစ်တွင် အနိုင်ရရှိရန် လိုအပ်နေပြီး သို့မှသာ နောက် တစ်ဆင့်တက်ရောက်ရန် အခြေ အနေကောင်းမည်ဖြစ်သည်။

''အင်ဒိုနီးရှားနဲ့ကစား မယ့် မြန်မာအသင်းရဲ့ခြေစွမ်း ကိုကြည့်ပြီး ဆီးဂိမ်းပြိုင်ပွဲ မှာ အောင်မြင်မှု ရဖို့ပြင် ဆင်မယ်။ ဆီးဂိမ်း အကြိုပြိုင်ပွဲမှာ အင် ဒိုမလာနိုင်ဘူး၊ လက်ရှိလူစာ ရင်းကိုလဲ လိုအပ်ရင် ပြင်ပက ကစားသမားထပ်ဖြည့်မယ်။ ဒီပြိုင်ပွဲကစားပြီး ရင်တစ်လ ခွဲလောက် ပြင်ဆင်ချိန် ရှိတယ်'' ဟု ၎င်းကထပ်မံပြောသည်။

မြန်မာအမျိုးသားဖူဆယ် အသင်းအနေဖြင့် ဆီးဂိမ်းပြိုင် ပွဲတွင်နာမည်ကြီး ထိုင်းအသင်း နှင့် တစ်အုပ်စုတည်းမကျအောင် ရှောင်လွှဲနိုင်သော်လည်း အင် ဒိုနီးရှား၊ မလေးရှား၊ ဗီယက် နမ်အသင်း တို့နှင့်တွေ့ဆုံဖွယ် ရာရှိနေသည့်အတွက် အာဆီ ယံချန်ပီယံရှစ်ဖူဆယ်ပြိုင်ပွဲ တွင် ခြေစွမ်းပြနိုင် ကစားနိုင်ရန် လိုအပ်နေသည်။

အာဆီယံအမျိုးသားချန် ပီယံရှစ်ဖူဆယ်ပြိုင်ပွဲကို ထိုင်း နိုင်ငံဘန်ကောက်မြို့တွင် အောက်တိုဘာ ၁၉ရက်မှ ၂ရ ရက်အထိ ကျင်းပမည်ဖြစ်ကာ မြန်မာအသင်းအနေဖြင့် အုပ် စု(ခ)တွင် ဩစတြေးလျ၊ အင် ဒိုနီးရှား၊ တီမော၊ လာအိုအ သင်းများနှင့်ကျရောက်နေပြီး အုပ်စု(က) တွင်ထိုင်း၊ ဗီယက် နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့ပါဝင်နေသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here