Monday, October 28, 2013

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ လိုင်ဇာသို့ထွက်ခွာ

0 comments


28-10-2013


အစိုးရနှင့် အပစ်ရပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် ကိုယ်စားလှယ်များမိမိ ဌာနချုပ်များမှ လိုင်ဇာမြို့သို့ စတင်ထွက်ခွာနေကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့သို့ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် RCSS/SSAခေါင်းဆောင် ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းလ၊ ဒုဗိုလ်မှူးကြီးစိုင်းငင်း၊ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း၊ SSPP/SSA မှ စဝ်ခွန်ဆိုင်၊ စဝ်ကျော်လ၊ ဗိုလ်မှူးဘထွန်း ၊ကေအဲန်ယူမှ ဗိုလ်ချုပ်မူတူးဆေးဖိုး၊ ဗဒိုကွယ်ထူးဝင်း၊ ဗဒိုထူးထူးလေး တို့က ညီလာခံတက်ရောက်ရန် ထွက်ခွါသွားကြခြင်းဖြစ်သည်။

ချင်းမိုင်အခြေစိုက် UNFC အဖွဲ့ကမူ ဧပရယ်ထွိ၊ ဒေးဗစ်တာကဘော၊နိုင်ဟံသာ တို့ဦးဆောင်သော၁၂ ဦးပါအဖွဲ့ ယမန်နေ့က လိုင်ဇာသို့ထွက်ခွာသွားပြီးဖြစ်ကြောင်း UNFC အသိုင်းအဝိုင်းက ပြောပါသည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြမည့် လိုင်ဇာ ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များ၏ အတိုင်အပင်ခံအဖြစ် ယူရိုဘားမားရုံး စဝ်ဟန်ယောင်ဟွေ့နှင့် ပြည်ထောင်စုအင်စတီဂျုမှ စဝ်ခင်းဆိုင် တို့လည်းတက်ရောက်မည်ဟု ကြားသိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ၏ လိုင်ဇာညီလာခံ အား အောက်တိုဘာ ၃၀ ရက်မှနိုဝင်ဘာ ၁ ရက်နေ့ အထိ ကျင်းပ မည်ဖြစ် သည်။ အဓိကအားဖြင့် တတိုင်းပြည်လုံး အပစ်ရပ်ရေး အတွက်၊ နိုင်ငံရေးဆွေးနွေးရေး အတွက် အစိုးရနှင့်တွေ့ဆုံလျှင် အဓိက ထား ဆွေးနွေးတောင်းဆိုမည့် အချက်များ ရယူရေးအတွက် ဖြစ်သည်ဟု တက်ရောက်သည့်ခေါင်းဆောင်များက ပြောပါသည်။

သျှမ်းသံတော်ဆင်.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here