Tuesday, October 8, 2013

အင်းလေးကန် ထိန်းသိမ်းရေး အတွက် အမေရိကန် ဒေါ်လာ ၂.၆ သန်းခန့် ထည့်ဝင် ဆောင်ရွက်နေပြီဖြစ်

0 comments



8.10.2013

မြန်မာနိုင်ငံရဲ့ အင်းလေးကန် ဒေသ ပြုပြင် ထိန်းသိမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ဖို့ အတွက် ၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်
လျက်ရှိရာမှာ အမေရိကန် ဒေါ်လာ ၂.၆ သန်းထိ ထည့်ဝင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်း အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီး ဌာနမှ ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်း ထားကာ ပြည်တွင်း၊ ပြည်ပ NGO အဖွဲ့အစည်း များနဲ့ ပူးပေါင်း ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဒီလို ပူးပေါင်း ပါဝင် ဆောင်ရွက်ရာ မှာတော့ အမေရိကန်နိုင်ငံ UNDP အဖွဲ့အစည်းမှ အမေရိကန် ဒေါ်လာ ၀.၆ သန်းနဲ့ နော်ဝေ အစိုးရမှ ဒေါ်လာ ၂ သန်း အပါအ၀င် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂.၆ သန်းခန့်ကို ထောက်ပံ့ကာ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်းလေးကန်ဒေသ ပြုပြင် ထိန်းသိမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း မှာလည်း ပြည်တွင်းရှိ NGO အဖွဲ့အစည်း ၈ ခုနဲ့ ပူးပေါင်းကာ ဆောင်ရွက်နေပြီး နောက်ပိုင်း မှာလည်း ငွေကြေး အမြောက်အများ သုံးစွဲနိုင်တဲ့ ပြည်တွင်းကုမ်္ပဏီများကို ရွေးချယ်ကာစီမံကိန်းကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အင်းလေးကန် ဒေသတွင်း မှာတော့ သစ်တောကြိုးဝိုင်း ၈ ခု၊ ကြိုတင် ကာကွယ်တော ၇ ခု၊ သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၂ ခုရှိပြီး အဆိုပါနေရာများမှာ သစ်တော ဥပဒေ၊ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ် ထိန်းသိမ်းရေး၊ သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတို့နဲ့ အညီ ထိန်းသိမ်း ကာကွယ်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here