Wednesday, October 16, 2013

ပြန်ပေးဆွဲခံရသော နိုင်ငံတကာကြက်ခြေနီ ခုနှစ်ဦးအနက် လေးဦးပြန်လွတ်

0 comments


16.10.2013

အောက်တိုဘာ၁၃ ရက်က ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အီဒစ်ဘ် ပြည်နယ် ဆာရာကတ်ဘ် မြို့တွင် သေနတ်သမားအစုမှ တိုက်ခိုက်၊ ပြန်ပေးဆွဲခြင်းခံခဲ့ရသူ နိုင်ငံတကာ ကြက်ခြေနီတပ်ဖွဲ့ဝင် ခုနှစ်ဦးအနက် လေးဦးမှာ အခင်းဖြစ်ပွားပြီး ၂၄နာရီအကြာ တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်သူလေးဦးတွင် ဆီးရီးယားအာရပ်လခြမ်းနီမှ တစ်ဦးနှင့် ကြက်ခြေနီမှ သုံးဦးတို့ဖြစ်ကြောင်း၊အသက်အန္တရယ်တစ်စုံတစ်ရာစိုးရိမ်ရန်မရှိကြောင်း နိုင်ငံငံတကာကြက်ခြေနီကော်မီမှ အကြီးအကဲဖြစ်သူ ရောဘတ်မာဒီနီက အတည်ပြုပြောကြားသည်။အဆိုပါသတင်းကို ဂျနီဗာမှ ICRC ဌာနချုပ်က အတည်ပြုပေးသော်လည်း အသေးစိတ်အချက်အလက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။

အောက်တိုဘာ ၁၃ရက် နံနက်ပိုင်းက ဆီးရီးယားနိုင်ငံ အနောက်ပိုင်းတွင် ကြက်ခြေနီနှင့် လူမှုရေး ၀န်ထမ်းတို့၏ ယာဉ်တန်း ကို သေနတ် သမားတစ်စုက ၀င်ရောက်တိုက်ခိုက်ပြီးနောက် ကြက်ခြေနီ အဖွဲ့ဝင် ၆ဦးနှင့် လခြမ်းနီ အဖွဲ့ဝင် တစ်ဦး တို့ကို ပြန်ပေးဆွဲသွားခဲသည်။ အာဏာပိုင်များ၏ အဆိုအရ ယခုအမှုသည် ပြည်တွင်းစစ်ကာလအတွင်း အဆိုးရွားဆုံး ပြန်ပေးမှုဟုဆိုသည်။

ဒါမာဆက်စ်နိုင်ငံတကာကြက်ခြေနီကော်မတီမှ ပြေးရေးဆိုခွင့်ရှိသူ ဆီမွန် ဆကော်နိုက ထိုနေ့နံနက် ၁၁ နာရီခွဲက အီဒစ်ဘ် ပြည်နယ် ဆာရာကတ်ဘ်မြို့မှ ဒါမာဆက်စ်သို့ ပြန်လာသော ကြက်ခြေနီ ယာဉ်တန်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်းအတည်ပြုပြောကြားသည်။ နိုင်ငံပိုင်သတင်းဌာနကလည်း သေနတ်သမားများသည် ပြန်ပေးမဆွဲမီ ပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့ကြောင်းနှင့် သမ္မတ ဘက်ဆာ အာဆက် ကိုဆန့်ကျင်သည့် ဘက်မှ လုပ်ခဲ့ခြင်းဖြစ်မည်ဟု ကြေညာခဲ့သည်။

ယင်း အီဒစ်ဘ် ပြည်နယ်မှ နယ်မြေအများစုသည် တစ်ချိန်က သူပုန်များလက် ကျရောက်ခဲ့ပြီး အစ္စလာမ္မစ် အစွန်းရောက်များစွာရှိနေသာ အရပ်ဖြစ်သည်။ ပြန်ပေးဆွဲမှုများ ထူပြောပြီး များသောအားဖြင့် နိုင်ငံခြား သား ခရီးသွားများနှင့် လူမှုဝန်ထမ်းမားများကို အဓိက ပစ်မှတ်ထား လေ့ရှိသည်။

နယ်စီးမခြားသတင်းထောက်များ အဖွဲ့ကလည်း ဆီးရီးယားသည် စာနယ်ဇင်းသမားတို့အတွက် အန္တရာယ်အများဆုံးနိုင်ငံ ဖြစ်သည်ဟု ဆိုသည်။ သမ္မတ အာဆက်ကို စတင်ဆန့်ကျင်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှ စ၍ယခုအချိန်အထိ သတင်းထောက် ၂၅ဦးအသက်ခံရပြီး အနည်းဆုံး ၃၃ ဦး အချုပ်ခံရသည်ဟုဆိုသည်။နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကလည်း သြဂုတ်လအတွင်းက ဆီးရီးယားကြက်ခြေနီ တပ်ဖွဲ့ဝင် ၂၂ဦး အသတ်ခံခဲ့ရကြောင်း၊ ယင်းတို့အနက်အချို့မှာ သေနတ်ပစ်ခံရပြီး၊ အချို့မှာ တမင်ရည်ရွယ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

Ref; Al Jazeera, AFP

မြန်မာခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here