Saturday, October 19, 2013

အဘိဓမ္မာ ပြန့်ပွားရေးအသင်း ၆/၅၅၁ မှ အဘိဓမ္မာအာခါတော်နေ့ ပူဇော်

0 comments























တာချီလိတ်မြို့နယ်ရှိ အဘိဓမ္မာပြန့်ပွားရေးအသင်း ၆/၅၅၁ မှ အဘိဓမ္မာအာခါတော်နေ့ ဓမ္မပူဇာမင်္ဂလာ အခမ်းအနားအား တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ၁၉.၁၀.၂၀၁၃၊ နံနက် ၇နာရီ အချိန်က သြ၀ါဒဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ပါးဖြင့် အသင်းသား/သူတို့မှ ရွတ်ဖတ်ပူဇော်
ရေစက်ချတရားတော်နာယူခဲ့ကြသည်။

အဘိဓမ္မာအာခါတော်နေ့ အခမ်းအနားတွင် မျှော်ချင့်ပဏာ ကန်တော့လွှာဖြင့် ပူဇော်ကန်တော့ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ သြ၀ါဒဆရာတော် မဟာမြတ်မုနိကျောင်းတိုက်မှ ဆရာတော် ဥူးအာဒိစ္စ၀ံသာလင်္ကာရထံမှ ရှစ်ပါးသီလဆောက်တည်ခြင်း နှင့် အဘိဓမ္မာအခါတော်နေ့အကြောင်း မှတ်သားနာယူခြင်း၊ အဘိဓမ္မာ ၇ ကျမ်းဖြစ်သည့် ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်္ဂကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ္တိကျမ်း၊ ကထာဝတ္ထုကျမ်း၊ ယမကကျမ်း နှင့် ပဋ္ဌာန်းကျမ်းတို့၏ ပါဋိတော် ကော်နုတ်ချက်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်းများကို
ပြုလုပ်ခဲ့ကြပြီးနောက် "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ပြီးမြောက်ခဲ့ကြသည်။

" အဘိဓမ္မာပြန့်ပွားရေးအသင်း ၆/၅၅၁ အနေနဲ့ မိုင်းဆတ်မြို့မှာလည်း အသင်းခွဲ သွားရောက်ဖွင့်လှစ်ဖို့ အစီအစဉ်ရှိပါတယ်၊ အဘိဓမ္မာပြန့်ပွားရေး နဲ့ အဘိဓမ္မာရဲ့ အခြေခံကို သိရှိနားလည်စေဖို့ အတွက်လည်း ဆရာတော်တွေရဲ့ ခွင့်ပြုချက်နဲ့ ဘုန်းကြီးကျောင်းတွေမှာဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာဖြစ်ဖြစ် ပြန်လည် သင်ကြားပို့ချပေးဖို့လည်း အစီအစဉ်တွေရှိပါတယ်"ဟု အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်စိုးစိုးထွေးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ယခု အဆိုပါပူဇော်ခြင်း အခမ်းအနားပြုလုပ်သော အဘိဓမ္မာပြန့်ပွားရေးအသင်း ၆/၅၅၁ အား ၁၈.၉.၂၀၁၃ ရက်နေ့က နာယကဆရာတော်ကြီးများ၊ အကျိုးဆောင်နာယကများ နှင့် အလုပ်အမှုဆောင်အဖွဲ့များ စုစုပေါင်း ဦးရေ ၅၀ကျော်တို့ဖြင့် ပြန်လည်၍ ဖြည့်ဆည်းဖွဲ့စည်းထားတာဖြစ်ပြီး တာချီလိတ်မြို့နယ်၏ ဒုတိယမြောက်အသင်းဖြစ်ပြီး ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှ တရားဝင် အသိအမှတ်ပြုထားသော အသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။

အဘိဓမ္မာပြန့်ပွားရေးအသင်း ၆/၅၅၁ အား ဥက္ကဌ ဖြစ်သူ ဦးအောင်မင်း မှ ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး အသင်း၏ ရုံးခန်းအား ဦးအောင်မင်း၏ နေအိမ်ဖြစ်သည့် အမှတ် ၉/၁၄၊ ပုန်းထွန်တွင် ဖွင့်လှစ်ထားရှိပြီး အဘိဓမ္မာပြန့်ပွားရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်လိုပါက အဆိုပါ ရုံးခန်းသို့ လာရောက်၍သော်လည်းကောင်း၊ အောက်ပါ ဖုန်းနံပါတ်များသို့ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဥက္ကဌ ဦးအောင်မင်း - 086-9105054
ဥက္ကဌ(စီမံ) ဦးရွှေတိုး - 083-5803118
ဥက္ကဌ(အခါတော်) ဒေါ်ရီရီအောင် - 081-4732882
အတွင်းရေးမှူး ဒေါ်စိုးစိုးထွေး - 081-9987466 ၊ 083-7618458
တွဲဖက်အတွင်းရေးမှူး ဦးဝင်းညွှန့်ဦး - 083-1531930
( မှတ်ချက်။ ။ ထိုင်းဖုန်းများဖြစ်ပါသည် )

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here