Wednesday, October 16, 2013

ဇလွန်မြို့ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

0 comments
ဇလွန်ဆေးရုံတွင် အစာအဆိပ် သင့်မှုကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသော ကျောင်းသား တစ်ဦးအား တွေ့ရစဉ် 
16.10.2013

ဇလွန်မြို့ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက ကျောင်းသား/သူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်တန်းအဆင့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၅ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးမှာ ဇလွန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နေ့လယ် မုန့်စားကျောင်းဆင်းချိန်တွင် ကျောင်းမုန့်ဈေးတန်းမှ ရောင်းချသော ခေါက်ဆွဲသုတ်၊ ကြာဆံသုပ်နှင့် ရေခဲထုပ်များကို စားသုံးကြပြီးနောက် ညနေပိုင်းစာမေးပွဲမဖြေခင်အချိန်တွင် ကျောင်းသား ၊ သူ ၃၂ ဦး မူးဝေအော့အန် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်း ကြားခဲ့ပြီး ယသလုလင် လူနာတင်ယာဉ် ကူညီရေး အသင်းပါ ရောက်ရှိကူညီခဲ့ကြကြောင်း၊ သုံးဦးကို ဆေးရုံပို့ခဲ့ရပြီး ကျန် ၂၉ ဦးအား ကျောင်းသို့ မြို့နယ်ကျန်းမာရေး ၀န်ထမ်းများ လာရောက်ကုသ ပေးခဲ့ကာ လက်ရှိတွင် အားလုံး၏ ကျန်းမာရေး ကောင်းမွန်နေပြီဖြစ်ကြောင်း၊ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတက်ရသည့် သုံးဦးနှင့် နောက်ထပ်ငါးဦး စုစုပေါင်း ရှစ်ဦးသာ စာမေးပွဲ မဖြေလိုက်ရဘဲ ကျန်ကျောင်းသား/သူအားလုံး စာမေးပွဲ ဖြေဆိုခဲ့ရကြောင်း၊ စာမေးပွဲ မဖြေဆိုဖြစ်ခဲ့သူများကို ပြန်လည်ဖြေဆိုခွင့် ပြုမည်ဖြစ်ကြောင်း အ.ထ.က (ဇလွန်) ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

ဇလွန်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာကျော်ဗိုလ်ထက်က "အသုပ်နဲ့ ရေခဲချောင်းကို တွဲစားတဲ့သူရော၊ တစ်ခုချင်း စားတဲ့သူတွေပါ မူးဝေ၊ အော့အန်၊ ဗိုက်အောင့် တာတွေဖြစ်တာ တွေ့ရပါတယ်။ ၀မ်းလျှောတာတော့ မရှိပါဘူး။ သုံးဦးက သွေးပေါင်ကျပြီး အော့အန်တာ များတဲ့အတွက် ဆေးရုံတက်ခိုင်း ခဲ့တာပါ။ ဒီသုံးဦးကို ၂၄ နာရီ စောင့်ကြည့်သွားမှာပါ။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ ကျောင်းကိုသွားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ အားလုံး စိုးရိမ်စရာ မရှိပါဘူး။ အစာအဆိပ် သင့်တယ်လို့ပဲ ယူဆပါတယ်" ဟု မွန်းလွဲ ၃ နာရီခွဲခန့်က ဖြေကြားခဲ့သည်။


EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here