Tuesday, October 8, 2013

မန္တလေးရှိ မီးရထားခုံးကျော်တံတားသုံးစင်း ပြင်ဆင်မည်

0 comments
မန္တလေးမြို့၃၅လမ်း၊မီးရထားခုံးကျော်တံတားပေါ်တွင် ဖြတ်သန်းနေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် ဓာတ်ပုံ - ညီညီဇော်

8.10.2013

မန္တလေးမြို့ရှိ မြန်မာ့မီးရထားလက်အောက်မှ မီးရထားလမ်း ခုံးကျော်တံတား သုံးစင်းကို ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ပြင်ဆင်ပြီးပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့နယ်၊ ၇၈လမ်း နှင့် လမ်း ၈၀ကြားရှိ မီးရထားသံလမ်း ကို ဖြတ်ကျော်တည်ဆောက်ထားသော ၃၅လမ်း၊ ရန်ကြီးအောင်ခုံးကျော် တံတား၊ ၄၂လမ်း ချမ်းမြ၀တီခုံးကျော်တံတားနှင့် ဦးပွားခုံးကျော်ဟု လူသိများသည့် ချမ်းမြမာလာခုံးကျော်တံတားတို့အား မြန်မာ့မီးရထား လက်အောက်မှ မန္တလေးမြို့တော်၊ စည်ပင်သာယာရေးကော်မတီ လက်အောက်သို့ လွှဲပြောင်းမည်ဖြစ်သည်။ သို့သော် ၃၅လမ်း ခုံးကျော် မှ
လွဲ၍ ကျန်တံတားနှစ်စင်းမှာ တံတားကြမ်းခင်းများ အက်ကွဲပေါက်ပြဲနေခြင်း၊ လက်ရန်းအချို့ ပြိုကျပျက်စီးမှုများရှိနေခြင်းကြောင့် ပြင်ဆင်ပြီးမှသာ လွှဲပြောင်းရယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

““လွှဲယူပြီးရင်တော့ တံတားသုံးစင်းကို ယာဉ်သွားလာလို့ကောင်းအောင် ထပ်ပြုပြင်စရာတွေလုပ်သွားမှာပါ။ ၃၅လမ်း ခုံးကျော်ဆိုရင် ဘယ် ညာကွေ့သွားမယ့်ယာဉ်တွေ အဆင်ပြေအောင် တံတားအဆင်းမှာ ဘေး ကိုခွဲထွက်တဲ့လမ်းကြောင်း ဖောက်ပေးဖို့ စီစဉ်ထားပါတယ်””ဟု လမ်းတံ တားဌာနမှူးကပြောကြားသည်။

ယင်းခုံးကျော်တံတားသုံးခုအနက် ၃၅လမ်း ခုံးကျော်နှင့် ၄၂ လမ်း ခုံးကျော်ကို ဆိုင်ကယ်ဖြတ်သန်းခွင့်မပြုရန် တားမြစ်ထားသည်။ ၄၂ လမ်း ခုံးကျော်ကိုမူ ယာဉ်သွားယာဉ်လာနည်း၍ ဆိုင်ကယ်အသုံးပြုခွင့် ပြန်ပေးရန် ဆွေးနွေးနေ သည်ဟုလည်း မန္တလေးမြို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



7 Day Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here