Saturday, October 19, 2013

KNU မှ ရှင်းလင်းပြီ

0 comments
FROM : The First Media Group

၁၉.၁၀.၂၀၁၃ နေ့ထွက် First News ဂျာနယ်မှKNU အဖွဲ့ဟာ ပြည်တွင်းမှာဗုံးဖောက်ခွဲရမယ်ဆိုတဲ့
ပေါ်လစီမရှိဘူး၊ လုပ်လည်းမလုပ်ဘူးတကယ်လို့ စွပ်စွဲမယ်ဆိုရင် စွပ်စွဲသူသာတာဝန်ခံရမယ်လို့ KNU တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီမှပြောပြည်သူတို့ အထိတ်တ လန့်ဖြစ်စေရန်နဲ့ လက်ရှိနိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တုံ့ဆိုင်းနှေးကွေးသွားစေမယ့် ဘယ် လိုအကြမ်းဖက် လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်တယ်လို့ ၀ါရင့်နိုင်ငံရေး သမားကြီးများအဖွဲ့က လတ်တ လော ဖြစ်ပွားနေတဲ့ ဗုံးပေါက်ကွဲမှု များအပေါ် မှတ်ချက်ပေးပြောကြား ခဲ့တာတွေရှိသလို ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ သံသယရှိဖွယ်ကောင်းတဲ့ လူအချို့ကို သက်ဆိုင်ရာကဖော်ထုတ် ဖမ်းဆီး စစ်ဆေးရာမှာ KNU လက် နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်ကြောင်း သတင်းစကားတွေ ပေါ်ထွက်လာ နေဆဲမှာပဲ KNU လက်နက်ကိုင် တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက KNU တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဟာ ပြည်တွင်း မှာ ဗုံးဖောက်ခွဲဖို့ဆိုတဲ့ ပေါ်လစီ လုံးဝမရှိဘူး။လုပ်လည်းမလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ်ဆိုရင် ဘယ် သူစွပ်စွဲတာလဲ၊ ဘယ်အချက်အလက် အပေါ် အခြေခံပြီး စွပ်စွဲတာလဲ ကျွန် တော်တို့ စမ်းစစ်မယ်၊ မဟုတ်ဘူး ဆိုရင်တော့ အဲဒီစွပ်စွဲချက်ကို ဘယ် သူ တာဝန်ခံမှာလဲ သိချင်တယ်လို့ အခုလို ထုတ်ဖော် ပြောကြားလိုက် တာလည်း ဖြစ်ပါတယ်။တကယ်လို့ မိမိတို့လက် နက်ကိုင်တပ်ဖွဲ့အပေါ် စွပ်စွဲချက်ရှိ ခဲ့ရင် မိမိတို့အနေနဲ့လည်း အဖြစ်မှန် ကို ဖော်ထုတ်ချင်ပါတယ်။ ယခုတ လောဗုံးပေါက်ကွဲမှုတွေဟာ လက်ရှိ နိုင်ငံရေးအခြေအနေကို သဘော မကျသူများကလည်း ဖောက်ခွဲတာ ဖြစ်နိုင်ပါတယ်။ တချို့ကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ ဆီးဂိမ်းလုံခြုံ ရေးကို ထိုးစစ်သဘောတရားနဲ့ တပ် လှန့်ခြင်းသာဖြစ်တယ်လို့ ပြောသူ တွေလည်းရှိပါတယ်။ KNU တပ်ဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကာလမှာ အခုလို စွပ်စွဲလာခြင်းဖြစ် ပါက စွပ်စွဲချက်အပေါ် အလေး အနက်ထားသွားမှာ ဖြစ်ပါတယ်။ မိမိတို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထောက် ခံတဲ့အဖွဲ့သာဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း လိုတဲ့အတွက် အပစ်အခတ်ရပ်စဲ ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီလို အပစ်အခတ်ရပ်စဲရာမှာ ကျွန်တော် တို့နဲ့ သဘောတူထားတဲ့ အချက်တွေ ကို ဒီကနေ့အထိ တစ်ဖက်က လိုက် လံအကောင်အထည်ဖော်ပေးခြင်း မရှိပေမယ့်လည်း ကျွန်တော်တို့ ဆန်္ဒကတော့ ပြေလည်မှုရတဲ့အထိ ပြည်တွင်းငြိမ်းချမ်းရေးရတဲ့ အထိ ဆွေးနွေး သွားမယ်လို့ ခံယူထားပါ တယ်လို့ ဗိုလ်ချုပ်ကြီး ဂျော်နီက ထွက်ပေါ်လာတဲ့ သတင်းများနဲ့ ပတ် သက်ပြီး အခုလိုပြောကြားလိုက်တာ လည်းဖြစ်ပါတယ်။ KNU တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ဒီလို နိုင်ငံတော်အစိုးရနဲ့အပေါ် သဘော ထားရှိတဲ့ကြားက ဗုံးဖောက်ခွဲတဲ့အဖွဲ့ လို့ စွပ်စွဲလာပါက စွပ်စွဲမှုကို တာဝန် ခံရမှာဖြစ်ကြောင်း၊ အကယ်၍ ဖြစ် လာပါကလည်း အပြုသဘောအနေ နဲ့ နိုင်ငံတော် အစိုးရနဲ့အတူ လေးနက် စွာ ပူး ပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီက နိုင်ငံတကာ မီဒီယာတွေကို အခုလို ထုတ်ဖော် ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here