Thursday, November 14, 2013

ပုဇွန်တောင်မြို့နယ်တွင် တရားမ၀င်မော်တော်ယာဉ် (၁)စီးဖမ်းဆီးရမိ

0 comments


၁၃.၁၁.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် ယာဉ်ထိန်းတပ်ဖွဲ့စု (၃၂)မှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလ တံတားအဆင်း အိုးရှင်းမှတ်တိုင်အနီးတွင် ယာဉ်စစ်၊ ယာဉ်ရှင်း၊ ယာဉ်ဖမ်းတာဝန်ဆောင်ရွက်စဉ် ကျော်ကျော်မင်း (ဘ)ဦးဝင်းနိုင်၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူ မောင်းနှင်လာသော ၄ဂ/၉၉၀၉၊ နံပါတ်တပ်ဆင်ထားသည့် Honda Fit အမျိုးအစား အဖြူရောင်ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် တရားမ၀င် မော်တော်ယာဉ်နှင့် အတူတွေ့ရှိသည့် ကျော်ကျော်မင်းအား ပုဇွန်တောင်မြို့မ ရဲစခန်း(ပ)၂၄၆/ ၂၀၁၃ ၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here