Friday, November 8, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလ၌ တစ်နေ့လျှင် ပြည်ပဧည့်သည် ၁၆၀၀၀ အထိ ၀င်ရောက်ရန် မျှော်မှန်းထားပြီး တည်းခိုရန် ဟိုတယ်အခန်းများ သတ်မှတ်ပြီးစီး

0 comments

8/11/2013

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း တစ်နေ့လျှင် ပြည်ပဧည့်သည် ၁၆၀၀၀ ထိ ၀င်ရောက်ရန် မျှော်မှန်းထားပြီး တည်းခိုရန် ဟိုတယ် အခန်းများမှာလည်း သတ်မှတ်ပြီးစီး ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် သတင်းထုတ်ပြန်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းထွဋ်က ''ကျွန်တော်တို့က ဆီးဂိမ်းစ် ပြိုင်ပွဲအတွင်းမှာ တစ်နေ့ကို ပြည်ပဧည့်သည် ၁၅၀၀၀ ကနေ ၁၆၀၀၀ ထိ ၀င်ရောက်မယ်လို့ ခန့်မှန်းထားတယ်။ ဒီအတွက်လည်း ဟိုတယ်အခန်းကို ဇုန်လေး ဇုန် အတွင်းမှာ သတ်မှတ်ပြီးသွားပြီ။ ဒါ့အပြင် အရန်ခန်းတွေကိုလည်း အဆင်ပြေအောင် သတ်မှတ်ပြီးစီးပါပြီ'' ဟု ဆိုသည်။

ဟိုတယ်အခန်း ဦးစားပေး အနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် နိုင်ငံများမှ လာရောက်မည့် VIP၊ ဒိုင်များနှင့် အားကစား အဖွဲ့ဝင်များအတွက် ဖြစ်ကြောင်း၊ ယင်းအပြင် လာရောက်ကြည့်ရှုမည့် နိုင်ငံခြားသားများ အတွက် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

နေပြည်တော်တွင် ဟိုတယ် ၅၃ လုံးနှင့် အခန်းအရေအတွက် ၂၁၁၆ ရှိမည်ဖြစ်ပြီး အရန်အခန်းမှာ ၂၀၂၉ လုံးပါ ထားရှိသွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တွင် Sedona၊ Traders ဟိုတယ်များ အပါအ၀င် ဟိုတယ် အလုံးပေါင်း ၃၃ လုံးရှိ အရန်အခန်းများ အပါအ၀င် ၁၀၂၆ ခန်း ထားရှိမည် ဖြစ်ကြောင်း၊ မန္တလေးတွင်မူ နိုင်ငံတစ်နိုင်ငံ ချင်းစီအလိုက် ဟိုတယ်လုံးချင်းအလိုက် စီစဉ်ထားပြီး အရန်အခန်းအဖြစ် ၂၅၀ ကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here