Sunday, November 24, 2013

ဆီးရီးယားရှိ အင်အားကြီး သူပုန်အဖွဲ့ကွဲများ တပ်မဟာတစ်ခုအဖြစ် ပူးပေါင်း

0 comments

Sunday, November 24, 2013

ဆီးရီးယားသမ္မတ ဘက်ဟာအယ်လ်အာဆက်ကို ဆန့်ကျင်တိုက်ခိုက်နေကြသော အင်အားကြီး အစ္စလာမ္မစ် လက်နက်ကိုင် သူပုန်တပ်ဖွဲ့ ခုနှစ်ဖွဲ့သည် အင်အားအတောင့်တင်ဆုံး တပ်ဖွဲ့ကြီးတစ်ဖွဲ့အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ 

အစ္စလာမ္မစ်တပ်ဦး ဟု အမည်ပေးမည့် ပူးပေါင်းရေးတပ်သည် အာဆက်ကို ဖြုတ်ချပြီးလျှင်လည်း နိုင်ငံ၏ တပ်မတော်နေရာတွင် တာဝန်ယူစေမည်ဖြစ်ကြောင်း သိရသည်။ 

သူပုန်များဘက်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုပေါင်းစပ်မှုသည် အဖွဲ့အချင်းချင်း ပေါင်းစပ်ရုံမျှမဟုတ်ဘဲ တစ်သွေး တသားတည်းဖြစ်စေသော စည်းလုံးမှု တစ်ရပ်အဖြစ် ပြောကြားထားသည်။ 

ယခုပေါင်းစုလိုက်သည် တပ်များမှာ အလက်ပိုမြို့မှ အကြီးဆုံး တိုက်ပွဲဝင်အင်အားစုဖြစ်သော Liwa al-Tawhid, Salafist Ahrar al-Sham, Idlib အခြေစိုက် Soqour al-Sham, Homs အခြေစိုက် Haq Brigades, Ansar al-Sham နှင့် ဒမတ်စကတ် အခြေစိုက် Army of Islam တို့ဖြစ်သည်။ 

တပ်မဟာအဖွဲ့အတွက် နောင်ရေးတွင် ရင်ဆိုင်ရမည့် ပြဿနာတစ်ရပ်မှာ အချို့သော ခေါင်းဆောင်များမှာ အာဏာကို ငတ်မွတ် လာမည့် ကိစ္စဖြစ်သည်။

ထို့အတွက်လည်း မိမိတို့၏ တပ်အမည်နာမများအစား တစ်ခုတည်းသော အမည်သစ်ကို ပေးရန် စဉ်းစားခဲ့ကြခြင်း ဖြစ်သည်။ 

အစ္စလာမ္မစ်တပ်ဦးမှ အကြံပေးကောင်စီမှ ခေါင်းဆောင်ဖြစ်သူ အာမက်အက်ဖာအယ်ရှိက်ခ်က တပ်များပေါင်းစပ် လိုက်ခြင်း၏ ရည်ရွယ်ချက်မှာ တိကျပြတ်သားသော ရာထူးအဆင့်များခွဲခြားခြင်း၊ တည်ငြိမ်ခိုင်မာသော အဖွဲ့အစည်းအဖြစ် ထူထောင်ခြင်းဖြင့် လက်နက်ကိုင်တော်လှန်ရေး တပ်မတော်ကြီးတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

Ref: Al jazeera
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here