Wednesday, November 27, 2013

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လွတ်လပ်စွာ တွေ့ခွင့်ရခဲ့သည့် ရန်ကုန်ခရီးစဉ်ကို အားရကျေနပ်မှု ရှိသည်ဟု UNFC ခေါင်းဆောင်များ ပြောကြား

0 comments
27.11.2013

( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လွတ်လပ်စွာ တွေ့ခွင့်ရခဲ့သည့် ရန်ကုန်ခရီးစဉ်ကို အားရကျေနပ်မှု ရှိသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင် များက နိုဝင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်သို့ ပြန်လည်ထွက်ခွာရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိ စဉ် ပြောကြားသည်။

UNFC ခေါင်းဆောင်များ ဖြစ်ကြသည့် ဒုတိယဥက္ကဋ္ဌ (၁) ခူးအေဘယ်တွိဒ်၊ ဒုတိယဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၃ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။"ခရီးစဉ်မှာ ကျွန်တော်တို့ လုံလုံခြုံခြုံနဲ့ သွားလာနိုင်တယ်။ ရောက်ရှိလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ တွေ့ချင်တဲ့ အဖွဲ့တွေ နဲ့ တွေ့ ရတယ်။ နောက် မီဒီယာတွေနဲ့လည်း လွတ်လွတ်လပ်လပ် တွေ့ရတယ်ဆိုတဲ့ အပေါ်မှာတော့ လွတ်လပ်တယ် လို့ ပြောလို့ရတယ်။ အများကြီးကို အားရမှု ရှိပါတယ်" ဟု နိုင်ဟံသာက ပြောကြားသည်။

ဒုတိယဥက္ကဋ္ဌ (၂) ပဒိုဒေးဗစ်သာကပေါကလည်း "အခု ဒီကနေ ချင်းမိုင်မှာရှိတဲ့ ဆက်ဆံရေးရုံးကို ပြန်မယ်။ အဲဒီကနေ နယ်စပ်မှာရှိတဲ့ ဌာနချုပ်ကို ပြန်မှာပါ။ အခု ခရီးစဉ်ကို အားရကျေနပ်ပါတယ်။ မှန်ကန်တဲ့ ငြိမ်းချမ်းရေး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားဆောင်ရွက် သွားမှာပါ။ အစိုးရနဲ့ ဒီရက်ပိုင်း အတွင်းမှာ တွေ့ဖို့မရှိပေမယ့် ဒီဇင်ဘာလထဲမှာတော့ တွေ့ဖို့ရှိပါတယ်" ဟု ပြောကြားသည်။ခရီးစဉ်မှာ ကျွန်တော်တို့ လုံလုံခြုံခြုံနဲ့ သွားလာနိုင်တယ်။ ရောက်ရှိလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ တွေ့ချင်တဲ့ အဖွဲ့တွေ နဲ့ တွေ့ရတယ်။ နောက် မီဒီယာတွေနဲ့လည်း လွတ်လွတ်လပ်လပ် တွေ့ရတယ်ဆိုတဲ့ အပေါ်မှာတော့ လွတ်လပ်တယ် လို့ ပြောလို့ ရတယ်။ အများကြီးကို အားရမှု ရှိပါတယ် . . . . .

UNFC ခေါင်းဆောင်များသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခဲ့ပြီး ၀န်ကြီးဦးအောင်မင်းက UNFC ခေါင်းဆောင်များ အနေဖြင့် လွတ်လွတ်လပ်လပ် ကြိုက်သည့်နေရာသို့ သွားနိုင်ပြီး မည်သူနှင့်မဆို၊ မည်သည့်ပါတီနှင့်မဆို တွေ့ဆုံနိုင်သည်ဟု ပြောကြားသည်။
ထို့ပြင် မွန်လွဲပိုင်းတွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံခြင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းနှင့် တွေ့ ဆုံခြင်း၊ တိုင်းရင်းသား လူမျိုးစုများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) တို့နှင့် သီးခြား စီ တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ UNFC ခေါင်းဆောင် များသည် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၏ ဖိတ်ကြားမှုဖြင့် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အစီအစဉ်တို့ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရပြီး UNFC ခေါင်းဆောင်များ အနေဖြင့် မည်သည့် အချိန်မဆို ထပ်မံ လာရောက်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားထားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here