Monday, December 9, 2013

ရွေးကောက်ပွဲ၌တိုင်းရင်းသားပါတီများပြည်နယ်အစိုးရဖွဲ့နိုင်ရန်ရည်မှန်း

0 comments

9.12.2013

၂ဝ၁၅ခုနှစ် အထွေထွေရွေး ကောက်ပွဲ၌ ပြည်နယ်များတွင် အစိုးရအဖွဲ့ ဖွဲ့နိုင်သည်အထိ ရည် မှန်းထား ကြောင်း သက်ဆိုင်ရာ တိုင်းရင်းသား နိုင်ငံရေးပါတီများ ကပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ရှမ်း၊ မွန်၊ ရခိုင်၊ ချင်းစသည့် တိုင်းရင်းသားပါတီများသည်အချင်း ချင်းပူးပေါင်းရန်အတွက် သဘော တူညီမှု များ ရရှိထားသောကြောင့် လာမည့်ရွေးကောက်ပွဲ၌ တိုင်းရင်း သားပြည်နယ်များတွင် တိုင်းရင်း သားပါတီ များသာ အများဆုံးအနိုင် ရရှိမည်ဟု မျှော်လင့်ထားကြောင်း သက်ဆိုင်ရာ နိုင်ငံရေးပါတီတာဝန် ရှိသူများက ပြောသည်။

၂ဝ၁၃ ခုနှစ်အတွင်း၌ ချင်းနှစ် ပါတီ ပူးပေါင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေသောကြောင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို မဆောင် ရွက်နိုင်သော်လည်း ချင်းအမျိုးသား တိုးတက်ရေးပါတီ အမည်သစ်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သို့ပါတီတည်ထောင်ခွင့်လျှောက် ထားခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကိုလုပ်ဆောင် သွားမည်ဟု ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဦးငယ်ပီးကပြောသည်။

ရှမ်းပြည်နယ်တွင်အင်အားကြီး တိုင်းရင်းသားပါတီတစ်ခုဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(ကျားဖြူ)က လာမည့် ရွေးကောက်ပွဲအပြီးကိုယ်တိုင်အစိုးရ အဖွဲ့ ဖွဲ့နိုင်သည့်ရည်မှန်းချက်အပြင် ပြည်နယ်ဝန်ကြီးချုပ်ကိုလည်းအများ ဆုံးအနိုင်ရရှိသည့် ပါတီကသာ တင်မြှောက်ရွေးချယ်သည့် ဥပဒေ ကို ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအကြံပြုချက်၌ ထည့်သွင်းထားကြောင်းယင်းပါတီ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။

''၂ဝ၁ဝမှာတုန်းက ရှမ်းပြည် နယ်မှာ ကျားဖြူက အများဆုံးဝင် ပြိုင်ခဲ့တယ်၊ နိုင်ခဲ့တယ်။ဒါပေမယ့် ဝန်ကြီးချုပ်က သူများပါတီကဖြစ် သွားတော့ ကျွန်တော်တို့ သိပ်အနှစ် သာရမရှိဘူးပေါ့''ဟုဦးစိုင်းလှကျော် ကပြောသည်။

''ကိုယ့်ပြည်နယ်မှာကိုယ်တိုင် အစိုးရအဖွဲ့ ဖွဲ့ဖို့ဆိုထာ စာနဲ့ရေး မထားတဲ့ရည်မှန်းချက်ပါ။လာမယ့် ရွေးကောက်ပွဲမှာတော့ ကြိုးစားကြ ရမှာပေါ့''ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးကပြောသည်။

၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲ တွင် အင်အားကြီး ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD နှင့် အဓိကယှဉ်ပြိုင်ခဲ့ရပြီး ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင်အင်အား ကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် အဓိက ယှဉ်ပြိုင်ခဲ့ရကာလာမည့်ရွေးကောက် ပွဲတွင်တိုင်းရင်းသားပါတီများသည် USDP နှင့် NLD နှစ်ခုစလုံးနှင့်ယှဉ် ပြိုင်ကြရမည်ဟုဒေါက်တာမင်းနွယ် စိုးက သုံးသပ်ပြောကြားသည်။

လက်ရှိတွင်တိုင်းရင်းသားနိုင်ငံ ရေး ၁၆ပါတီဖြင့်ဖွဲ့စည်းထားသော တိုင်းရင်းသားပါတီများ ဖက်ဒရေး ရှင်း(NBF)၊ ၁၉၉ဝရွေးကောက်ပွဲ ဝင် တိုင်းရင်းသားနိုင်ငံရေးခြောက် ပါတီဖြင့်ဖွဲ့စည်းထားသော ညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)စသည့် အဖွဲ့ အစည်းများအပြင် ၁၆ ပါတီမှ ကိုယ်စားလှယ် များဖြင့် ပါတီတည် ထောင်ထားသော ဖက်ဒရယ် ပြည်ထောင်စုပါတီ(FUP)တို့သည် လာမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိသည်။

The Union Daily 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here