Saturday, December 7, 2013

လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံ ရန်ကုန်တွင် ပြုလုပ်မည်

0 comments
ရန်ကုန်၊ ဒီဇင်ဘာ ၆

East- West Center ၏လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံကို ၂၀၁၄ မတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ရန်ကုန်မြို့ရှိ UMFCCI တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါစင်တာ၏ မီဒီယာ ပရိုဂရမ် မန်နေဂျာ Susan C.Kreifels က The Voice သို့ ပြောကြားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံကို နိုင်ငံပေါင်း ၃၀ ခန့်က မီဒီယာ ကျွမ်းကျင်သူ များနှင့် လုပ်ငန်းရှင် ၃၀၀ တက်ရောက်မည် ဖြစ်ပြီး ညီလာခံတွင် ဟောပြောမှုများ အပြင် ကဏ္ဍအလိုက် အပြန်အလှန် သင်ယူနိုင်ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများကိုပါ ထည့်သွင်း ထားကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို အပြည့်အဝ နားလည်နိုင်ရန်အတွက် ဘာသာပြန်ဆိုခြင်းများ ထားရှိသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နိုင်ငံတကာက တတ်ရောက်မည့် သူများအတွက် မှတ်ပုံတင်ကြေး ဒေါ်လာသုံးရာ သတ်မှတ် ထားပြီး ပြည် တွင်းက သတင်းစာ ဆရာများအတွက် မှတ်ပုံတင်ကြေးကို ဒေါ်လာတစ်ရာ သတ်မှတ် ထားကြောင်း ၊ မြန်မာနိုင်ငံမှ သတင်းစာဆရာ တစ်ရာခန့်ကို ညီလာခံ အခမဲ့ တတ်ရောက်နိုင်ရန် စကောလားရှစ်များ (ညီလာခံ မှတ်ပုံတင် စရိတ်ဆု) ပေးရန် စီစဉ်ထားကြောင်း၊ ယင်းအတွက် လျှောက်ထားနိုင်ရန် မကြာမီတွင် သတင်းထုတ်ပြန် သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အမေရိကန် ပြည်ထောင်စုနှင့် အာရှ၊ ပစိဖိတ်ဒေသလုံး ဆိုင်ရာ သတင်းမီဒီယာ လွတ်လပ်ခွင့်၏ စိန်ခေါ်မှု များကို အဓိက ဆွေးနွေး သွားမည် ဖြစ်ပြီး၊ သတင်းစုဆောင်းခြင်း နည်းဗျူဟာများ ဆိုင်ရာ အသိအမြင် များကို ဆွေးနွေး ဖလှယ်နိုင်ရန် ပြုလုပ်ရခြင်းကြောင်း East-West Center က ထုတ်ပြန်ထားသည်။

East-West Center သည် အမေရိကန် ပြည်ထောင်စုနှင့် အာရှ၊ ပစိဖိတ် ဒေသလုံး ဆိုင်ရာ ပုံမှန် ကျင်းပသော တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံ ဖြစ်ပြီး ပထမအကြိမ် ညီလာခံကို ၂၀၀၈ ခုနှစ်တွင် ဘန်ကောက်၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၀ တွင် ဟောင်ကောင်၊ တတိယအကြိမ် ညီလာခံကို ၂၀၁၂ တွင် ဆိုးလ်တို့တွင် ပြုလုပ်ခဲ့ကာ စတုတ္ထအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ညီလာခံ၏ ဆောင်ပုဒ်မှာ ‘သတင်း မီဒီယာ လွတ်လပ်ခွင့်၏ စိန်ခေါ်မှုများ’ ဖြစ်သည်။

The  Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here