Thursday, December 26, 2013

မုံရွာ ပြည်သူ့ဆေးရုံတွင် မျက်စိဝေဒနာရှင် တစ်ထောင်ကျော်ကို အခမဲ့ ကုသပေးမည်

0 comments
26.12.2013

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အစိုးရကြား ကျန်းမာရေး စီမံချက်တစ်ခုအဖြစ် မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင် တစ်ထောင်ကျော်အတွက် မျက်စိအသေးစား စစ်ဆေးမှုနှင့် ခွဲစိတ်မှုများကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အိန္ဒိယ အထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင် အခမဲ့ ကုသပေး သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က The Voice သို့ ပြောကြားသည်။

မျက်စိ ဝေဒနာရှင်များအတွက် ဖွဲ့စည်းထားသော အိန္ဒိယနိုင်ငံမှ Shija Eye Care Foundation ဦးဆောင်မှုနှင့် ဆရာဝန်ကြီး Dr Kh Palin ဆေးအဖွဲ့သည် မျက်စိအတွင်းတိမ် လူနာ နှစ်ရာကျော်ကို ခွဲစိတ်ကုသ ပေးသွားမည့်အပြင် မျက်စိ အသေးစား စစ်ဆေးမှု တစ်ထောင်ကျော်လည်း ပြုလုပ် မည် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မျက်စိတိမ်စွဲ ဝေဒနာရှင်ပေါင်း ၁ ဒသမ ၈ သန်း နီးပါးသည် ကျန်းမာရေး စောင့်ရှောက်မှု နည်းပါးခြင်းကြောင့် အမြင်အာရုံ ကွယ်ပျောက်နေရပြီး Shija Eye Care Foundation မှာ မျက်စိ တိမ်စွဲ ဝေဒနာရှင်များကို ခွဲစိတ် ကုသမှုပေးရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း The Asiam Tribune သတင်းဌာနက ဖော်ပြထားသည်။

Dr Kh Palin သည် မြန်မာနိုင်ငံက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၁၀၃ ဦးကို ယခုနှစ်မေလတွင် ခွဲစိတ် ကုသမှု လာရောက် ပြုလုပ်ပေးခဲ့ဖူးသည်။ ယခုနှစ်အတွင်း နီပေါနိုင်ငံက မျက်စိအထူးကု ဆရာဝန်ကြီး များသည် ရန်ကုန် မျက်စိဆေးရုံကြီးတွင် မျက်စိ အတွင်းတိမ် လူနာတစ်ထောင်ကျော်ကို ကုသပေးခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here