Monday, December 30, 2013

သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ ရှင်းလင်းပွဲပြုလုပ်

0 comments


30.12.2013

လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း သိကောင်းစရာများကို ဒေသခံများနှင့် ရှင်းလင်းပြောကြားပွဲ တစ်ရပ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ သန်းခေါင်စာရင်းရှင်းလင်းပွဲသို့ လားရှိုးမြို့ လ၀ကမှ ဦးစီးမှူးနှင့် ၀န်ထမ်းများ သွားရောက်ကာ “ကျွန်တော်တို့ သန်းခေါင်စာရင်း ကောက်တယ် ဆိုတာကတော့၊ ဒီရွာမှာဗျာ လူဦးရေ ဘယ်လောက် ရှိတယ်၊ ဘယ်လိုနေထိုင်တယ်ဆိုတာကို အစိုးရက သိအောင်လုပ်ပေးတဲ့ သဘောပါ၊ ဥပမာဗျာ ဒီစာသင်ကျောင်းမှာ ကျောင်းသားဘယ်နှစ်ယောက်ကို ဆရာ/ဆရာမ ဘယ်နှစ်ယောက် သင်တယ် ၊ ကျောင်းသားနဲ့ဆရာ မျှတမှုမရှိရင် ဆရာထပ်ခန့်မယ်ပေါ့ဗျာ၊ ကျန်းမာရေးအနေနဲ့ ဥပမာ အိမ်သာ ဘယ်လို ဆောက်ထားလဲ၊ သောက်ရေဘယ်ကသုံးလဲ ဆိုတာမျိုးကိုအိမ်သာကို ယင်လုံအောင် ဆောက်ပေး ဖို့ သန့်ရှင်းတဲ့ရေကို သောက်သုံးဖို့ အားလုံးကိုပေါ့နော် စာရင်းတိတိ ကျကျသိရတော့ အစိုးရအနေနဲ့ ရွာရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ၊ တစ်ခုချင်း ပြောရရင်တော့ အများကြီး ပေါ့ဗျာ၊ လူကြီးမင်းများ နားလည်အောင်လဲ ရှင်းပြရတာပါ၊ ဒါကြောင့်ဒီစာရွက်ထဲမှာ မေးထားတဲ့ အချက်တွေကို မှန်မှန်လေးဖြေပေးစေချင်ပါတယ်၊ မှန်မှန်ဖြေပေးခြင်းအားဖြင့် ရွာရဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စ အ၀၀ကို အစိုးရအနေနဲ့ဖြေရှင်းပေးနိုင်မှာပါ ” ဟု လားရှိုးမြို့ လ၀ကမှ ဦးစီးမှူး ဦးလေးမောင်က ပြောသည်။

 ၎င်းရှင်းလင်းပွဲကို လာရောက်ရခြင်းအားဖြင့် ဒေသခံများမှလဲ “ ဒီလိုမျိုးလာပြီးတော့ ရှင်းပြပေးမှ ကျွန်တောတို့ကသိရတာပါ၊ ကျွန်တော်တို့ ကနေ့တိုင်တောင်ယာပဲ လုပ်နေတာ၊ သူများတွေ ပြောနေတာ ကိုတော့ ကြားရတာပဲ၊ ဘာလဲတော့မသိဘူး၊ သူတို့ပြောတာက အိမ်ကဘာအိမ်လဲ၊ အပိုင်ဝယ်တာလား၊ ငှားနေတာလား၊ ကားရှိလား၊ မရှိဘူးလားဆိုတော့ နည်းနည်း ကြောက်တာပေါ့၊ သူတို့ဘာလုပ် မလဲမှမသိတာ၊ အခုလို ရွာအရောက်လာပြီး ရှင်းပြပေးတဲ့ လူကြီးတွေအားလုံးကို ကျေးဇူးတင်တယ်၊ ရွာခံတွေအားလုံးရဲ့ အစား ကျေးဇူးတင်ပါတယ် ” ဟုရွာခံတိုင်းရင်းသား လူကြီး တစ်ဦးက ပြောသည်။

 သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာ သိကောင်းစရာ ရှင်းလင်းပွဲကို တစ်နေ့ထဲ၌ပင် လားရှိုးမြို့နှင့် (၄၆)မိုင်ကွာ နားမုံ့ရွာ၊ နားမတ်ရွာနှင့် နမ့်ပေါင်ရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

စိုးမင်းနိုင်
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here