Sunday, December 29, 2013

ရွေးကောက်ပွဲ ကို ရက် အကန့်သတ် မဲ့ ရွှေ့ပေးစေ လိုသော ထိုင်းနိုင်ငံရေး ပြဿနာ

0 comments
29-12-2013

ယနေ့မနက် (၃)နာရီ (၁၅)မိနစ်  ခန့်တွင် အမည်မ သိ လက်နက်ကိုင် များသည်  သပိတ်စခန်း သို့ ကားဖြင့် ရောက် လာပြီး (M12)  လက်နက်ဖြင့် ပစ်ခတ်ရာ သပိတ် စခန်း လုံခြုရေး တဦးေ သပြီး (၃)ဦး ဒဏ်ရာရခဲ့ သည်ဟု ထိုင်းမီဒီ ယာ များမှ ထုတ်ပြန်ခဲ့ ပါသည်။

ပြီးခဲ့သည့်  ဒီဇင်ဘာ လ (၂၆) ရက်နေ့ တွင်လည်း  ရဲနှင့် ဆန္ဒပြ သူများ ထိပ် တိုက်ဖြစ် ပွားခဲ့ရာ လူပေါင်း (၃၀)ကျော် ထိခိုက်ဒါဏ် ရာရခဲ့ပါ သည်။ ဤသို့သော အခြေ အနေ များကြောင့် ရွေးကောက် ပွဲ ကျင်းပ မည့် အ စားနိုင် ငံရေး အရဦးစွာ  ဖြေရှင်း ရန် လိုအပ်သည့်  အတွက် ရွေးကောက် ပွဲကို ရက်အကန် အသတ်မဲ့  ရွှေ့ဆိုင်းပေး ပါရန်ရွေး  ကောက် ပွဲကော်မီ ရှင်မှဝန် ကြီးချုပ် ယင် လတ်ခ် ချင်နာဝတ် ဦးဆောင်သည့် လက်ရှိ အိမ်စောင့် အစိုးရ အား ဒုတိယ အကြိမ်ထပ် မံ တောင်း ဆို ခဲ့ပါသည်။

ထို့အပြင်  ထိုင်းနိုင်ငံ တောင်ပိုင်း ၅ ခရိုင် နှင့် တခြား  ခရိုင်များ တွင် ၂ဝ၁၄ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ရွေးကောက် ပွဲ အတွက် မဲဆန္ဒ နယ်မြေ အလိုက် အရွေးခံ မည့် လွှတ်တော် အမတ်လောင်း များ မှတ်ပုံတင် ရာတွင် လည်း ဆန္ဒပြ သူများက ပိတ်ဆို့ ထားသဖြင့် မှတ်ပုံ မတင်နိုင်ကြောင်း ရွေးကောက် ပွဲ ကော်မရှင် က ထုတ်ပြန် လိုက်ပြန်ပါ သည်။

ဤသို့သော အခြေ အနေ ကြောင့် ထိုင်းရွေး ကောက်ပွဲ ကော်မီရှင် သည် ရွေးကောက်ပွဲ  ရက်အား အကန့် သတ်မဲ့ရွေ့ ဆိုင်းရန် ဒုတိယ အကြိမ်ထပ်မံ တောင်း ဆိုလိုက် ခြင်းဖြစ်ပါ သည်။

ထိုင်း အစိုးရသည် ယမာန်နေ့  ညနေ ပိုင်းမှ တောင်း ဆိုခဲ့သော ပထမ အကြိမ် တောင်းဆိုမှုကို လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် ဖျက် သိမ်းပြီး ရက်ပေါင်း ( ၆ဝ) အတွင်း ရွေးကောက် ပွဲ ကျင်းပရ မည်ဟု ပြဌာန်း ထား သဖြင့် ရွေးကောက်ပွဲ ရက်ရွေ့ ဆိုင်း ရန်မလို အပ် ကြောင်း  အကြောင်း ပြပြီး ပယ်ချ ထားပါသည်။

ဤသို့ သော နိုင်ငံရေး တင်းမာမှု အခြေ အနေကြောင့် ထိုင်း ကြည်း တပ် ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ချန်းအိုး ချား သည်  နိုင်ငံရေး တင်းမာမှု များ ပြေ လည်ရန် ဦးစွာ ညှိနှိုင်း ဆောင်ရွက် ရန် လိုအပ် ကြောင်း  ဒီဇင်ဘာ (၂၇) ရက်နေ့  အ စည်း အဝေး အပြီး ထုတ်ပြန် ခဲ့ပါသည်။

စစ်တပ် သည် တစ်ဖက် ဖက်ကို ဘက် လိုက်ပြီး ရပ်တည်ပေး မည် မဟုတ် ကြောင်း နှင့်  အာဏာ သိမ်းပေးရန် ကိုလည်း တောင်းဆို ရန် မလိုကြောင်း ထုတ်ပြန် ပြောဆိုခဲ့ ပါသည်။

ဆန္ဒပြသူ များကမူ  လက်ရှိ နိုင်ငံရေး တင်းမာ မှု များ သည် ဖွဲ့စည်း ပုံအား နည်းချက် ကြောင့် ဖြစ် သည့်အ တွက် ဖွဲ့  စည်း ပုံပြင် ရေးကို တောင်း ဆို နေ ကြ ခြင်း ဖြစ် ပါသည်။ အတိုက် အခံ များ၏ ဤတောင်း ဆိုမှု ကို အစိုးရ ဖက်က လည်း သဘော တူ ထား ပါသည်။

သို့သော် အစိုးရ သည် ဖွဲ့ စည်း ပုံပြင်ရေး နှင့်အတူ ရွေးကောက်ပွဲကို တပြိုင်တည်း ကျင်းပသွားမည်။ ၊ ဖွဲ့ စည်းပုံကို ၂ နှစ်အတွင်း အပြီးပြင် ဆင်ပြီး  ဖေဖေါ်ဝါရီ လ (၂)  ရက်နေ့ မှ  တက်လာ သော လွှတ်တော် သစ်ကို ထပ်မံ ဖျက်သိမ်းပြီး ရွေးကောက်ပွဲ  ထပ်မံ ကျင်းပ လိုကြောင်း ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်က သဘော ထား ခဲ့ပါသည်။

ဤ သဘော ထား ကိုလည်း  အတိုက် အခံများက ပယ်ချပြီး ဖြစ်ပါသည်။ ရွေးကောက် ပွဲ အကြိမ် ကြိမ် ထပ်မံ ကျင်းပ နေ မည့်အစား နိုင်ငံရေး ပြသာနာ များကို ဦးစွာ ဖြေရှင်းရန် လွတ်လပ် သော လူ ထုကောင်စီ တရပ် ဖွဲ့စည်းပြီး ဖြေရှင်း ရန် တိုက်တွန်းခဲ့ ပါသည်။

အဆိုပါ တိုက်တွန်း ချက် ကို အစိုးရဖက်မှ လက်မခံ သဖြင့် ဖေဖေါ်ဝါရီ (၂) ရက်နေ့ ရွေးကောက် ပွဲ အတွက် ပြင်ဆင် ခဲ့ဖြင့် တင်းမာ မှုများ ဖြစ်ပွား လာ ကာ ရွေးကောက် ပွဲ ကို ရက် အကန့်အသတ် မရှိ ရွှေ့ဆိုင်းပေး ရန် ကော်မီ ရှင်မှ ဒုတိ ယ အကြိမ် ထပ်မံ တောင်း ဆိုလိုက် ခြင်းဖြစ် ပါသည်။

လက်ရှိ အိမ်စောင့် အစိုးရ ဝန်ကြီး ချုပ် ဖြစ်သည့် ယင့်လတ်ခ် ချင်နဝပ် သည် ဝန်ကြီး ချုပ် ဟောင်း ထပ်စင် ချင်နဝပ် ၏ အထွေး ဆုံး ညီမဖြစ် သည်။ ဝန်ကြီးချုပ်  ဟောင်း ထပ်စင် ချင်နဝပ် သည်  လွန်ခဲ့ သည့် ၁ဝ နှစ်ခန့် ၀န်ကြီး ချုပ် ဘ၀ တွင် အဂတိ လိုက်စားမှု ကြောင့်  ထိုင်း ဘတ်ငွေ သန်းပေါင်း (၄၆ဝဝဝ)  ဖြစ်သည့် (အမေရိ ကန်ဒေါ်လာ သန်း ၁၅ဝဝ) ကျော် ပြည် သူပိုင် အသိမ်း ခံထားရပြီး  ၄င်းအား  အာဏာ အလွဲ သုံးစားမှု ဖြင့်  တရားရုံးမှ ထောင်ဒဏ် ၂ နှစ်အ ပစ် ပေး ထားပါ သည်။ ၄င်းသည် ဤ ပစ်ဒဏ် မှ တိန်းရှောင် သော အားဖြင့် နိုင်ငံခြား တွင် ရပ်တည် နေရသူ ဖြစ်သည်။

အကျိုး ဆက် အားဖြင့် ဝန်ကြီးချုပ် ဟောင်း ထပ်စင် ချင်နဝပ် မှတည်ထောင် ထားသော ပါတီသည် လည်း အကြိမ် ကြိမ်ဖျက် သိမ်းခံ ရပြီးလက်ရှိ အစိုးရပါ တီ ဖြစ် သည့် ဖုယာ ထိုင်း ပါတီကို လည်း နောက် ကွယ်မှ ထောက်ပံ့နေ သူဖြစ် သည်ဟု စွပ်စွဲ ခံနေရ ပါသည်။

ဤသို့ ကြောင့်  ဝန်ကြီးချုပ် ဟောင်း ထပ်စင် ချင်နဝပ် ထိုင်းနိုင်ငံ ကိုပြန်လာ နိုင်ရေး အတွက် လွတ်ငြိမ်း ချမ်း သာခွင့် ရရှိရေး ဥပဒေကြမ်း ကို ညီမဖြစ် သူဝန်ကြီး ချုပ် ယင့်လတ်ခ် ချင်နဝပ် ဦးဆောင်သော လွတ်တော် အမတ် အများစု မှ  ပြည်သူ့လွတ်တော်တွင်  အတည်ပြု ခဲ့ပါသည်။

ဤလုပ် ရပ် ကြောင့် လက်မခံ နိုင်သော ပြည်သူ များကစတင် ဆန္ဒပြ  ခဲ့ကြခြင်း ဖြစ်ပါသည်။ ထို့ပြင် ရွေးကောက်ပွဲ တိုင်း မဲဝယ်မှု၊ အဂတိ လိုက်စား မှုများလည်း ကျယ် ကျယ်ပြန့်ပြန့်  ရှိနေပြန် သဖြင့် မီးလောင်ရာ လေပင့် သဘောဖြင့် ဆန္ဒပြမှု များကြီး ထွား  လာခဲ့ခြင်း  ဖြစ်ပါသည်။

လောလော ဆယ် အခြေ အနေ တွင်  ဆန္ဒပြ ပွဲမှ သွေးထွက် သံယို မှုများ တစတစ ကြီး ထွား လာခြေပြီး၊ နှစ်ဖက် စလုံး လက်ခံနိုင် သည့်  ဖွဲ့စည်းပုံ ပြင်ရေး အတွက် လူထုကောင် စီလည်း မဖွဲ့စည်း နိုင်သေး သဖြင့်  ထိုင်းနိုင် ငံရေး တင်းမာမှု သည်  စစ်တပ် အာဏာ သိမ်းရေး လမ်းကြောင်း သို့ရောက် လာစေသော အကြောင်း တရားများ ဖြစ်လာ သည်ဟု ထိုင်းပညာ ရှင်များက ယူဆနေပါသည်။

ရွှေဟသာင်္သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here