Wednesday, December 4, 2013

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ရှမ်းနှစ်သစ်ကူး နှစ်သစ်မင်္ဂလာ အခမ်းအနားတက်ရောက်

0 comments
ဒုတိယသမ္မတ ဒေါက်တာစိုင်း မောက်ခမ်းနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက လားရှိုးမြို့ ရန်တိုင်း အောင်ဘုရားအနီးရှိ ဆင်းရွှေလီ ကဇာတ်ရုံ၌ပြုလုပ်သည့် ရှမ်းနှစ် ၂၁ဝ၈ခု ရှမ်းရိုးရာနှစ်သစ်ကူးပွဲ တော် နှစ်သစ်မင်္ဂလာအခမ်းအနား သို့တက်ရောက်ကာ နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထိုသို့ပြောကြားရာတွင်ဒုတိယ သမ္မတက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်း၁ဝဝကျော်တို့သည် ရှေးနှစ်ပေါင်း များစွာက ပင် အေးအတူပူအမျှ နေထိုင်လာ ကြပြီး နှစ်သစ်ကူးကို ပုံစံအမျိုးမျိုး ဖြင့်ကြိုဆိုကြကြောင်း၊ နှစ်ဟောင်း ကရရှိသည့်သင်ခန်းစာဖြင့် နှစ်သစ် တွင် အောင်မြင်အောင်စိတ်သစ်၊ လူသစ်၊ စိတ်ကူးသစ်၊ ဆုံးဖြတ် ချက်အသစ် စသည့်အသစ်၊အသစ် ပေါင်းများစွာ မျှော်လင့်ချက်များစွာ နှင့်အတူကူးပြောင်းကြကြောင်း။

ယခုကျင်းပသည့် လားရှိုးမြို့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကဦးဆောင် ကျင်းပခြင်းဖြစ် ပြီး နှစ်သစ်ကူးပွဲ တော်ကို ၁၉၉၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ယခုဆိုလျှင် ၁၇ နှစ် ရှိပြီဖြစ်ကြောင်း ၊ ခေတ်စနစ်၏ ပြောင်းလဲမှုရလဒ်ကို မိဘပြည်သူ များသိရှိပြီးဖြစ်ကြောင်း၊ ယနေ့ ခေတ်သည် အများအကျိုး သယ်ပိုး ဆောင်ရွက်သူများကိုရှေ့တန်းတင် သည့်ခေတ်ဖြစ်ကြောင်း၊ ပြည်သူ များ၏ဆန္ဒနှင့်အညီ အရည်အချင်းရှိသူ၊ ကိုယ်ကျိုးစွန့်သူ၊ ဒေသကို ဦးဆောင်ဦးရွက်ပြု နိုင်မည့်သူကို ရွေးချယ်နိုင်ပြီဖြစ်ကြောင်း၊ ယနေ့ ကာလကိုကြည့်လျှင် ငြိမ်းချမ်းရေးအတွက် အတော် အသင့်ခရီးရောက်နေပြီဖြစ်ပြီး မကြာမီကာလတွင် ထာဝရငြိမ်းချမ်းရေးရရှိ လိမ့်မည် ဟုမျှော်လင့်နေကြပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်အတူရရှိ လာသည့် လွတ်လပ်မှု အသစ်ပေါင်းများစွာနှင့် အတူ နိုင်ငံတကာ အဆင့်မီသည့် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေနိုင်သောနှစ်သစ်မင်္ဂလာဖြစ်ပါစေဟုအလေး အနက် ဆန္ဒပြုအပ်ပါကြောင်းဖြင့်ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယသမ္မတသည်ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲနှင့် ဌာနဆိုင်ရာပြခန်းများ၊ ယဉ်ကျေးမှု ပြခန်းများကို ကြည့်ရှုအားပေးကာ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ရှမ်းနှစ်သစ်ကူးပွဲကို သာသနာတော်နှစ် ၄၅ဝ တွင် စတင်ကျင်းပလာခဲ့ကြောင်း၊ ရှမ်းနှစ်သစ်ကူး နေ့ကို မြန်မာပြက္ခဒိန် အားဖြင့် နတ်တော်လဆန်း(၁) ရက်နေ့ကို သတ်မှတ်ထားကြောင်း၊ နှစ်သစ်ကူးရိုးရာပွဲ တွင် နှစ်သစ်ကို ကြိုဆိုခြင်း၊ နှစ်သစ်ကောင်းမှုကုသိုလ် ပြုခြင်း၊ နှစ်သစ်ကောက်သစ်စားခြင်း၊ နှစ်သစ်ရိုးရာ ပျော်ရွှင်မှုတို့ဖြင့် ရိုးရာပွဲ များကျင်းပ ဆင်နွှဲကြကြောင်း၊ နှစ်သစ်ကူးခြင်းသည် လူတစ်ဦးချင်းစီ၏စိတ်တွင်း၌ အမြဲသစ်လွင် စိမ့်ဝင်စေခြင်းဖြင့် မိသားစုမှရပ်ကွက်၊ ရပ်ကွက်မှမြို့နယ်၊ မြို့နယ်မှပြည်နယ် အဆင့်ဆင့် ဖြန့်ကြက်ပွားများစေသင့်သည်ဟု မှတ်ယူ အပ်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယသမ္မတသည် ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော် လိုဏ်ဂူအတွင်း ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်ပြီး သံဃာတော်အပါး ၅ဝ အား နှစ်သစ်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် ပြည်သူ့ ဆေးရုံ၌ မျက်စိခွဲစိတ်ကုသမှုခံယူခဲ့သော လူနာများ အား ကြည့်ရှု အားပေးခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးက ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ရာ တိုးချဲ့ ဆောက်လုပ်ရန် လျာထားမှုများအား မြန်မာနိုင်ငံ ဆရာဝန်အသင်း(လားရှိုး)ခန်းမဆောင်၌ ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယသမ္မတက နိုင်ငံတော်အနေဖြင့် ပညာရေးနှင့်ကျန်းမာရေး အသုံး စရိတ်များကို ယခင်ကထက် ပိုမိုတိုးမြှင့်ခွင့်ပြုပေး လျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍကို ကြည့်မည် ဆိုလျှင် ယခင်ကထက်လေး ဆခန့်ပိုမိုခွင့်ပြုပေးခဲ့သော် လည်း အသုံးစရိတ်လိုအပ်ချက်များရှိနေဆဲဖြစ်သည် ကိုသိရှိရကြောင်း၊ ယမန်နှစ်က ဆေးဝါး အမြောက် အမြား ဝယ်ယူထားပြီးဖြစ်သည့်အတွက် ဆေးဝါး လုံလောက်မှုရှိလာသော်လည်း ဆေးရုံအဆောက်အအုံ များအတွက် အသုံးစရိတ်လိုအပ်နေဆဲဖြစ်ကြောင်း၊ ဤဆေးရုံကြီးရှိ ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်း အင်အား၏ သုံးပုံတစ်ပုံခန့်ကိုသာ နေရာချထားပေးနိုင် ပြီး အိမ်ရာများ၏ သက်တမ်းသည်လည်း နှစ်ကာလ ကြာမြင့်နေပြီဖြစ်သည်ကို
တွေ့ရှိရကြောင်း၊ ထို့ ကြောင့် အချို့ကို မွမ်းမံပြင်ဆင်၍ အချို့ကို အသစ် ဆောက်လုပ်နိုင်ရန် စီမံချက်ချဆောင် ရွက်ရမည် ဖြစ် ကြောင်း၊နောင်တိုင်းပြည် စီးပွားရေးပိုမိုတိုးတက် လာပါက ယခုထက်ပိုမို တိုးတက်ဆောင် ရွက်ပေးနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပိုင်းကမူ တတ်နိုင် သမျှ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ဒုတိယသမ္မတသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ မျက်စိ၊ သွားနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကုသပေးနေမှုအား ကြည့်ရှုအားပေးကာ မိုင်းရယ်၊ သိန်းနီနှင့် လားရှိုးမြို့တို့မှ ဆေးဝါးလာ ရောက် ကုသသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အား ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် 'နားမခေါ်' အဆင့်မြင့်အဝေးပြေးယာဉ်ရပ်နားစခန်းစီမံကိန်း ရှင်း လင်းဆောင် သို့ ရောက်ရှိရာ လားရှိုးမြို့ မြို့ကွက်သစ် အမှတ်(၁) စီမံကိန်းဖော်ထုတ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ခရိုင်အုပ် ချုပ်ရေးမှူး ကရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးဦးကျော်လွင်က ဖြည့်စွက်တင်ပြ ကာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင် များ သည် မြို့ကွက် သစ်ဖော်ထုတ်ထားမှုကို မော်တော်ယာဉ်ဖြင့်ကြည့်ရှု ခဲ့သည်။
 
The  Union  Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here