Sunday, December 29, 2013

စာချုပ်ချုပ်ရန် နီးစပ်လာ နေသော NCCT နှင့် အစိုးရ အဖွဲ့တို့၏ အလွတ် သဘော ဆွေးနွေးပွဲ

0 comments


29.12.2013

ယနေ့ မနက်ပိုင်း တွင် ထိုင်းနိုင်ငံ ဇင်းမယ် မြို့၌ ကျင်းပနေသော နိုင်ဟံသာ ဦးဆောင်သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ ၏ တစ်နိုင်လုံး အပစ် အခတ် ရပ် စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် ပြည် ထောင် စုဝန်ုကြီး ဦးအောင် မင်း ဦးဆောင် သော ပြည်ထောင် စုငြိမ်း ချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော် မတီတို့ ၏ အလွတ် သဘော တွေ့ ဆုံ ဆွေး နွေးမှု သည် ရာနှုန်း (၇၀)ခန့် အထိ အောင်မြင် ကြောင်း ဆွေးနွေး ပွဲ ကို တက်ရောက် ခဲ့သော NCCT အဖွဲ့ဝင် ခွန်ဥက္ကာမှ ဆိုပါသည်။

“ သဘောတူ နိုင်မဲ့ အချက် အလက်တွေ  အတော့်ကို နီးစပ်လာ တယ်။ စာချုပ် သဘောအရ ဆိုရင်တော့ ခပ်စိပ်စိပ် ဆက်လက် ဆွေးနွေး လိုက်ရင်ပြေ လည်နိုင် တဲ့ အခြေ အနေ ထိကို ရလိမ့်မယ်။ လက်ရှိ အစိုးရရဲ့ သဘောထား က တိုးတက်မှု တွေ အများကြီး ရှိလာတယ်။” ဟုဆိုပါသည်။

အလွတ် သဘော ဆွေးနွေးခဲ့ သည့်  ယခု အချက် များသည် ကရင် အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွင်  ကျင်းပရန်ရှိသည့် လေး ၀ါး ခေါ် လော ခီးလာ ညီလာခံ သို့တင်ပြ မည်ဖြစ် သည်။

လက်နက် ကိုင်တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ သို့ တက်ရောက် လာသော ထိပ်သီး ခေါင်းဆောင်များ လက်ခံ မည်ဆိုပါက အစိုးရ ကိုယ်စား လှယ်များနှင့် လာမည့် ဇန္နာဝါရီ (၂၄) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး နိုင်လိမ့် သည်ဟု (NCCT ) အဖွဲ့မှ ခန့်မှန်း ထားပါသည်။

(NCCT) သည် ပထမ အကြိမ် လက်နက်ကိုင် တိုင်းရင်းသား များ အဖွဲ့ ညီလာခံမှ ချမှတ်ထား သော ၄င်းတို့၏ ဘုံသဘော တူညီချက် (၁၁)ချက်ကို ချုပ်ပြီး စာချုပ် သဘောဖြစ် လာရန် ပြင်ဆင် မွမ်းမံ မည်ဟု ဆိုပါသည်။ အချက် အလက်များ ကိုလည်း ကဏ္ဍ အလိုက် ခွဲပြီး အဆင့်ဆင့် ဆွေးနွေး သွားပါက သဘောတူ သွားရန် ရှိနေ သည်ဟု ဆိုပါ သည်။

ဤသို့ ကြောင့် (KNU) နယ်မြေ တွင် ကျင်းပသော ဒုတိယ အကြိမ် ညီလာခံ ကို ဇန္နာဝါရီလ (၂၀)ရက်နေ့ တွင် ကျင်း ပရန် သေချာ ပြီးဖြစ်ကြောင်း ၊ ထို့အတူ အ စည်း အဝေး ပြီးဆုံး သည်နှင့်  ဇန္နာဝါရီ (၂၄) ရက်နေ့တွင် အစိုးရ ငြိမ်း ချမ်းရေး ကိုယ်စား လှယ် အဖွဲ့နှင့် ကရင်ပြည် နယ် ဖါးအံမြို့ တွင်  ဆွေးနွေး နိုင်ပြီး ဖြစ်သည်။

ယင်းအလွတ် သဘော ဆွေးနွေး ပွဲသို့ NCCT အဖွဲ့ဝင် (၁၀)ဦးခန့်  တက်ရောက်ခဲ့ သော်လည်း ဒုတိယ တာဝန်ခံ တဦး ဖြစ်သူ ကချင် လွတ်လပ်ရေး အဖွဲ့ မှ ဗိုလ် ချုပ် ဂွမ်မော် တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။ ၄င်းသည် တရုတ် ကိုယ် စား လှယ် (မစ္စတာ ၀ိုင်ယဉ်ဖန်း) ၏ ဖိတ်ခေါ် ချက်ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ (၂၇) ရက်နေ့ ကတည်းက ၄င်းတို့  ဌာန ချုပ် သို့  ပြန်သွား ခဲ့ရပါသည်။

ဆွေးနွေး ပွဲသို့ တက်ရောက်သော အစိုးရ ကိုယ်စား လှယ်များမှာ  ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် ပြီး ဝန်ကြီး  ဦးခင်ရီ၊ ဗိုလ်ချုပ် မောင် မောင်အုန်း၊ ဒုတိ ယ ရှေ့နေချုပ် ဦးထွန်း ထွန်းဦး အပါဝင် မြန်မာ့ ငြိမ်းချမ်း ရေး စင်တာ (MPC) မှ အကြီးတန်း  အရာရှိ ဦးလှမောင် ရွှေ ခေါင်းဆောင် သည့် အဖွဲ့ဝင် အားလုံး စုစုပေါင်း  ကိုယ်စာလှယ် (၁၀) ဦးကျော် တက် ရောက်ခဲ့ ပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂)ရက်နေ့ ၌ ပြီးဆုံး သွားသော ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့ သော ပထမ အကြိမ် ညီလာခံ တွင်  အစိုး ရ သည် ၄င်းတို့၏ တင်ကြို သဘောထား များ ကို ဦးစွာ တင်ပြခဲ့ ပါသည်။ ညီလာခံ သည် အစိုးရ တင်ပြ ထားသော သဘော ထား အပေါ် အခြေခံပြီး စဉ်း စား ဆုံးဖြတ်ခဲ့ ပါသည်။ ထိုဆုံးဖြတ် ချက်ဖြင့်  နိုဝင်ဘာ (၄)ရက် နေ့တွင် ကျင်းပသော  မြစ်ကြီး နား ဆွေးနွေး ပွဲ သို့ ရောက်ရှိ လာခဲ့သည်။

သို့သော်  မြစ်ကြီးနား ဆွေးနွေး ပွဲသို့ ရောက်သော အခါ  အစိုးရ အဖွဲ့မှ နောက် ထပ်တမူ ပြန်လည် ထပ်မံ တင်ပြခဲ့ပြန် သဖြင့် အခက်အခဲ ဖြစ်ခဲ့ရဘူး သည်ဟု (NCCT) အရာရှိတဦးက ဆိုပါသည်။ ဤသို့ ကြောင့် ယခု ညှိနှိုင်းမှု အတိုင်း သာ ဖြစ်လာပါက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ချုပ်ဆိုနိုင်သော အလားလာ ရှိနေ သည်ဟု ခွန်ဥက္ကာ မှ ဆိုပါ သည်။

ရွှေဟသာင်္သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here