Wednesday, June 26, 2013

မိုင်းရယ်မြို့နယ်အတွင်းရှိ တောင်သူ(၂၂၂)ဦးအား စိုက်ပျိုးရေးစရိတ် သိန်းသုံးထောင်ကျော်ထုတ်ချေးပေး

6 comments
ဇွန်လ ၂၆ ရက်

 

ဇွန်လ၂၄ရက်နေ့ကလားရှိုးခရိုင်မိုင်းရယ်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မန်နေဂျာ မြန်မာစီးပွားရေးဘဏ်ခွဲမန်နေဂျာမြန်မာ့စိုက်ပျိုးရေးဘဏ်မန်နေဂျာတို့ပါဝင်သောအဖွဲ့သည်မိုင်းရယ်မြို့နယ်ရှိတောင်သူများအားမိုးရာသီစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခဲ့ရာစပါးစိုက်တောင်သူတစ်ဦးလျှင်တစ်ဧကငွေကျပ်(၁)သိန်း ပာင်းစိုက်တောင်သူတစ်ဦးလျှင်တစ်ဧကငွေကျပ်(၂)သိန်းနှုန်းဖြင့်မိုင်းရယ်မြို့နယ်ရပ်ကွက်(၁)မှတောင်သူ(၅၇) ဦးအား(311,000,000)ကျပ်၊ရပ်ကွက်(၂)မှတောင်သူ(၂၁)ဦးအား(8,500,000)ကျပ်ရပ်ကွက်(၃)မှ တောင်သူ (၃၁)ဦးအား(16,500,000)ကျပ်နားဗျိုင်းကျေးရွာအုပ်စုမှတောင်သူ (၄၉)ဦးအတွက် (15,420,000)ကျပ်၊ လုတ်ခိုက်ကျေးရွာမှတောင်သူ(၆၄)ဦးအားထုတ်ချေးငွေ(25,800,000)ကျပ်၊တောင်သူစုစုပေါင်း (၂၂၂)ဦး အတွက် (377,220,000)ကျပ်တို့အား တောင်သူများသို့ ထုတ်ချေးခဲ့ကြောင်း သိရသည်။

လားရှိုးသား
Read more...

SSA (၀မ်ဟိုင်း)မှ သားဖြစ်သူများ ထွက်ပြေးသွားသောကြောင်း ၄င်းတို့၏ ဖခင်များအား တပ်သားသစ်အဖြစ်စုဆောင်း

1 comments
ဇွန်လ ၂၆ ရက်

 

ဇွန်လ၂၄ရက်နေ့ကSSA(၀မ်ဟိုင်း)မှဗိုလ်ကြီးအဆင့်ရှိထွန်းကျော်ပါဝင်သော(၃၀)ဦးသည်ဟိုနားကျေးရွာသို့ ရောက်ရှိလာပြီး ဟိုနားရွာမှ ဦးခမ်းလှိုင် အသက်(၅၀)နှစ်၊ဦးအိုက်ပု အသက်(၅၂)နှစ်၊ဦးဆန်ဆောအသက် (၅၃)နှစ်ဦးစံမြတ်အသက်(၅၈)နှစ်အောင်ခမ်း(၃၀)နှစ်၊ရွှေလှ(၃၁)နှစ်နှင့်စံကျန်(၂၉)နှစ်တို့(၇)ဦးအားလူသစ်
အဖြစ်အတင်းအဓမ္မစုဆောင်းသွားကြောင်းသိရသည်။

စုဆောင်းခံရသူများတွင်ဦးလှိုင်းခမ်းမှာသားဖြစ်သူအိုက်ထွန်းလှအသက်(၂၈)နှစ်နှင့်အိုက်ရွှေးအသက်(၂၁)နှစ် တို့အားလူသစ်အဖြစ်စုဆောင်းခဲ့ပြီးနောက်ထွက်ပြေးခဲ့ဖြင့်စုဆောင်းခံရခြင်းဖြစ်ပြီးဦးအိုက်ပု၊ဦးဆန်ဆောနှင့် ဦးစံမြတ်တို့ကိုလည်းသားဖြစ်သူများထွက်ပြေးသွားသောကြောင့်ဖခင်များအားလူသစ်အဖြစ်စုဆောင်းသွားခဲ့
ခြင်းဖြစ်သည်ဟုရှမ်းအမျိုးသားတစ်ဦး၏ဆက်သွယ်ပြောပြချက်အရသိရပါသည်။

ထို့ကဲ့သို့SSA(၀မ်ဟိုင်း)အဖွဲ့၏ တယူသန်တဇွတ်ထိုးလုပ်ကိုင်သည့် ချဉ်ချဉ်တူးတူးမူးရင်ပြီးရောဆိုသည့် သဘောနှင့်သက်ကြီးရွယ်အိုများကိုမရှောင်SSA(၀မ်ဟိုင်း)အတွက်အင်အားပြည့်မီရေးကိုသာဦးတည်ဆောင် ရွက်နေသောလုပ်ရပ်များကြောင့်ကျေးလက်နေရှမ်းရွာကလေးများမှရှမ်းအမျိုးသားများဟာစိတ်သောကကြီးစွာ ရောက်နေကြသည်ဟုစိုင်းလင်းမှ ပြောပါသည်။

လားရှိုးသား
Read more...

မဲခေါင်မြစ်ဝှမ်း မူးယစ်ချုပ်ကိုင်နိုင် တရုတ်ပြော- ဗမာလက်မခံ

0 comments
ဇွန်လ ၂၆ ရက်

 

မေလ ၂၉ ရက် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနမှ ဧပြီလ ၁၉ ရက်ကစပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ လောဝ် ၄ နိုင်ငံ လက်တွဲပြီး မဲခေါင်မြစ်ဝှမ်းမှာ မူးယစ်ဆေးဝါးရှင်းလင်းခဲ့ရာမှာ မူးယစ်ကုန်သည် တစ်ထောင့်တစ်ရာကျော်နဲ့ မူးယစ်ဆေးဝါးတန်ချိန် ၂.၉၇ တန်ဖမ်းဆီးရမိတယ်။ ဒါကြောင့် အခုဆို ရင်ကုန်သည်အချို့ တပ်ဆုတ်ပြန်ကုန်ပြီ။ မဲခေါင်မြစ်ဝှမ်းတလျှောက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို ချုပ်ကိုင်နိုင်ပြီလို့ တရုတ်နိုင်ငံပိုင် ရှင်းဟွာ သတင်းဌာန မှတဆင့်ကြေငြာခဲ့ပါတယ်။

တကယ်တော့ မဲခေါင်မြစ်ဝှမ်းမှာ မူးယစ်ရာဇာလို့အမည်ရနေတဲ့ စိုင်းနော်ခမ်း သေဆုံးသွားပြီးနောက်ပိုင်းမူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုပိုများလာတာတွေ့ရပါတယ်။

သျှမ်းပြည်အရှေ့ပိုင်းနေ ကုန်သည်တဦးကတော့ စိုင်းနော်ခမ်းမရှိဒါဟာ ခိုင်မာတဲ့ကွန်ယက်ရှိပြီးသား ကုန်သည်တွေ အတွက် ကောင်းပေမယ့် ကွန်ယက်အတည်တကျမရှိသေးတဲ့ ကုန်သည်ကြီးတွေ အတွက် မကောင်းဘူး။ ဒါကြောင့်တပ်ဆုတ်တယ်ဆိုတာ ဒါဟာကွန်ယက်မဲ့ကုန်သည်တွေသာဖြစ်ပြီး ကွန်ယက်ရှိကုန်သည်တွေအတွက်ကတော့ ယခင်ကထက်ပိုမိုလွတ်လပ်စွာတိုးချဲ့လုပ်ကိုင်နေကြတယ်။

စိုင်းနော်ခမ်းကို ၂၀၁၁ အောက်တိုဘာလ ၅ ၌ မဲခေါင်မြစ်ထဲက တရုတ်နိုင်ငံသား ၁၃ ဦးကိုသတ်တယ်ဆိုပြီး ၂၀၁၂ ဧပြီလ ၂၅ ရက်မှာ လောဝ်နိုင်ငံက ဖမ်းဆီးခဲ့ပါတယ်။ တရုတ်အစိုးရကို မေလထဲ မှာဘဲ အပ်နှံ လိုက် ပါတယ်။၂၀၁၃ မတ်လ ၁ ရက်နေ့မှာတော့ တရုတ်အစိုးရက သူ့ကိုဆေးထိုးသတ် ဒဏ်ခတ်လိုက်ပါတယ်။

ဂျွန်လ ၂၆ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန် မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ CCDAC နဲ့တွေ့ဆုံဆွေးနွေးခဲ့ရတာလေးကို လည်း တချက်ပြန်လည်တင်ပြချင်ပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်တဲ့အဖွဲ့ ငြိမ်းချမ်း ရေးအတွက် အစိုးရနဲ့ ယုံကြည်မှု တည်ဆောက်ခြင်း တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော် ကိုရောက်တုန်းက ဂျွန်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ CCDAC ကအရာရှိကြီးတဦးနဲ့တွေ့ ဆုံဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီအရာရှိက နာမည်မဖော်လိုဘူးလို့ဆိုပါတယ်။

သူကလဲ နော်ခမ်းမရှိတဲ့နောက်တရုတ်ပြောသလိုမဟုတ်ဘဲ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုဟာ ယခင်က ထက်ပိုမိုဆိုးရွားလာ တယ်။ တကယ်တော့ နော်ခမ်းဟာ မူးယစ်ဆေးဝါးအရောင်းအဝယ်ချိန်းကြိုးကြီးတခုမှာ အချိတ်အဆက်တခုဘဲဖြစ်တယ်လို့ဆိုပါတယ်။

သူက ရှင်းဟွာသတင်းမှာပါတဲ့ ၄ နိုင်ငံ (တရုတ်-ဗမာ-ထိုင်း-လောဝ်) တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုကို ပူးတွဲစစ်ဆင်တယ် ဆိုတာကို ငြင်းဆိုခဲ့တယ်။ “ ပူးပေါင်းတယ် (Co-operation) ဆိုတာ ဟုတ် တယ်။ ပူးတွဲစစ်ဆင်တယ် (Joint Operation) ဆိုဒါတော့ မဟုတ်ဖူး ” လို့ပြောပါတယ်။

ထိုင်းအရာရှိတွေဘက်ကလဲ အလားတူအဖြေမျိုးပေးဒါကိုကြားသိရပါတယ်။

မေလ ၃၀ ရက်နေ့ထုတ် Asia Sentinel သတင်း မှာတော့ တရုတ်အစိုးရဟာ တရုတ်ပြည်ရဲ့ တောင် ပိုင်းမှာ နေရာယူလာတာဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့လား တရုတ်ဩဇာအာဏာချဲ့ဖို့ မဟာဗျူဟာ အတိုင်း လုပ်နေတာလားလို့ မေးခွန်းထုတ်ထားပါတယ်။

ဘာဖြစ်လို့ မူးယစ်တိုက်ဖျက်ရေးစီမံကိန်းကို ၅ နှစ်ထပ်တိုးလဲ

တဖက်ကလည်း မဲခေါင်းမြစ်အတွင်း တရုတ်နိုင်ငံသား လှေသား ၁၃ ဦး အသတ်ခံရတဲ့ တနှစ်ပြည့် အောက် တိုဘာ ၅ ရက် ၂၀၁၂ တုန်းက CCDAC ရဲ့ ဥက္ကဌ၊ တပ်မတော်ဘက်ကခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒု- ဗိုလ် ချုပ်ကြီး ကိုကိုက မြန်မာနိုင်ငံရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်း ၁၅ နှစ်( ၁၉၉၉- ၂၀၁၄)ကို မူးယစ်ဆေး ဝါးအပေါ် စစ်ပွဲကို အရှိန်အဟုန်တိုးလုပ်ဆောင်သွားနိုင်ရန်အတွက် နောက်ထပ် ၅ နှစ်ထပ်မံ တိုးချဲ့လိုက်တယ်။ ၂၀၁၉ မှာ မူးယစ်ကင်းစင်ရမယ်လို့ကြေငြာခဲ့ပါတယ်။
lt-gen-koko ပြည်ထဲရေးဝန်ကြီး ဒု- ဗိုလ် ချုပ်ကြီး ကိုကို

ဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ အဆိုပါအရာရှိကြီးက “ အကြောင်းရင်းကတော့ ၂၀၁၄ မတ်လ ရောက်ယင် စီမံကိန်းကုန်ဆုံးနေပြီ။ သို့သော် မူးယစ်ဆေးဝါးကလဲ မကုန်စင်နိုင်သေးတဲ့အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ် တယ်လို့ ဖြေရှင်းပါတယ်။

CCDAC ရဲ့အဓိကလုပ်ငန်း ဟာ ၁- မူးယစ်ဆေး တိုက်ဖျက်ရေး ၂- ဘိန်းအစားထိုးသီးနှံချပေးရေး ဖွံ့ဖြိုးရေးဖြစ် ပါတယ်။

ဘိန်းခြံဖျက်ရေးကို တနှစ်မှာ ပင်လောင်းမြို့နယ်မှာ လုပ်ခဲ့တယ်။ ဒီဘိန်းခြံဖျက်ရေးရလဒ်ကတော့ ဘိန်းစိုက် တောင်သူတွေအတွက် ဆန်အလှူခံပေးခဲ့ရတာနဲ့ဘဲ အဖတ်တင်တယ်လို့ ပြောပါတယ်။

ဘိန်းပင်တွေသွားဖျက်ရုံသက်သက်နဲ့ မရဘူး။ ဘိန်းအစားထိုးသီးနှံ တွေချ ပေးရမယ်။ ဒီ မူးယစ်အရာရှိကြီးရဲ့ ပြောကြားချက်ဟာ ရန်ကုန်က UNODC တာဝန်ခံ Jason Eligh ပြောတာနဲ့ထပ်တူ ဖြစ်နေပါတယ်။ သူက - ဘိန်းစိုက်တောင်သူတွေဟာ မိုက်လို့ ဘိန်းစိုက်တာမဟုတ်ဘူး။ စားဖို့မရှိလို့ ဘိန်းစိုက်နေရတာဖြစ်တယ် လို့ ပြောပါတယ်။

မူးယစ်တိုက်ဖျက်ရေးမှာ RCSS/SSA နဲ့ လက်တွဲဆောင်ရွက်မှုအခြေအနေ

၂၀၁၂ အောက်တိုဘာလ ၂၈ ရက်နေ့က တာချီလိတ်ဆွေးနွေးပွဲကနေ ဆွေးနွေးသဘောတူညီထားတဲ့အတိုင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့လက်တွဲပြီး မူးယစ်ဆေးတိုက်ဖျက် ဖို့အတွက် ဘယ်အတိုင်းအတာ အထိ ရောက်ပြီလဲဆိုတော့ အဆိုပါ အရာရှိက အဓိက အကြောင်းရင်းကတော့ ရံပုံငွေမရှိလို့ပါဘဲ - Jason Eligh ကို ပြောပြလိုက်ပါ သဘောတူညီချက်အတိုင်း အကောင် အထည်ဖော် ဖို့ ရံပုံငွေလိုအပ်တယ်လို့ လို့ပြောပါတယ်။
meeting at TCL OCt 2012တာချီလိတ်မှာကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆွေးနွေးပွဲ
ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလဲ Jason Eligh က သတင်းသမားတွေကို - သျှမ်းပြည်တောင်ပိုင်း မိုင်းပန်နဲ့ မိုးနဲမြို့နယ်ထဲမှာ ရှေ့ပြေးအစီအစဉ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ မိုးကုန်မှာ စတင်မယ်လို့ပြောဆိုပါတယ်။

UNODC က တခြားသော အရာရှိတဦးကလည်းနောက် ၅ လ လောက်ဆိုရင်လက်တွေ့ အကောင်အထည် ဖော်လို့ရပြီလို့ဆိုပါတယ်။

မူးယစ်တိုက်ဖျက်ရေးမှာလဲ လူထု ပါဝင်

အစိုးရဘက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြေငြာချက် အမှတ် ၁၇/ ၂၀၁၁ ထုတ်ပြန်ပြီး မူးယစ် ဆေးဝါးအား ရပ်ကွက် ကျေးရွာ အဆင့် မြို့နယ်အဆင့် ခရိုင်အဆင့်အစရှိသဖြင့် အဆင့်ဆင့် တိုက်ဖျက်သွား ဒါ တနှစ်ကျော်ခဲ့ပြီ။ ဤအကြောင်းအရာနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ CCDAC အရာရှိက ကျနော်တို့ အုပ်ချုပ်မှု လက်လှမ်းမီနိုင် တဲ့အပိုင်း မှာအောင်မြင်မှုရတယ်။ အောင်မြင်မှုမရသေးဒါဟာ အုပ်ချုပ်မှုအာဏာ လက်လှမ်းမမှီနိုင်သေးတဲ့ ဒေသတွေမှာဖြစ်တယ်လို့ပြောပါတယ်။

ကျနော်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မုံးဝီး ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ် နမ္မတူမြို့နယ် မိုင်းယင် လားရှိုးမြို့နယ် နောင်လိုင် တို့တွေမှာ ကိုယ့်အားကိုယ်ကိုးမူးယစ်တိုက်ဖျက်နေကြတာ အောင်မြင်နေတာတွေ့ရတယ်လို့ ဆိုတော့ အရာရှိကြီးက ဒါ တွေဟာ ထူးခြားတဲ့ ချွင်းချက် တွေပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ဖို့ နိုင်ငံရေးပြဿနာ အရင်းခံကို အရင်ဖြေရှင်း ရမယ်ဆိုတာ ကိုတော့ မငြင်းပါဘူး။ သို့သော် အဆုံးမှာတော့ အုပ်ချုပ်ရေးအာဏာဟာ နိုင်ငံတဝှမ်းကိုရောက်ရှိ ဖို့လိုတယ်လို့ ဆိုပါတယ်။

ဝ နဲ့ပတ်သက်ပြီးတော့

အုပ်ချုပ်ရေးအာဏာမရောက်ရင် ဘယ်လိုဖြစ်သလဲဆိုရာမှာ ၀ ဟာ ဥပမာ ကျနော်တို့ဘက်ကနေ အထွေ ထွေအုပ်ချုပ်ရေးဌာန ပို့ပေးမယ် ဆိုတော့ သူတို့လက်မခံဘူး ။ ရဲတပ်ဖွဲ့ကို လက်နက်မပါဘဲ ပို့ပေးမယ်ဆို တော့ လဲ လက်မခံဘူး လို့ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခြားအရာရှိကြီး များရဲ့ပြောဆိုချက်ကတော့ ယခု လောလောလတ်လတ်မှာတော့ ၀ ကိုထိုးစစ်ဆင်ဖို့ စီမံကိန်းမရှိသေးပါဘူး။ လောလောလတ်လတ် စီမံကိန်း ကတော့ ၀ ချုပ်ကိုင်ထားတဲ့နယ်မြေတွေကို ဝိုင်းရန်ပိတ်ဆို့ဘို့ဘဲရှိတယ်လို့ ဆိုပါတယ်။


စစ်တပ်ပိုင်း

CCDAC တပ်ဖွဲ့ဝင်အများစု ဟာ ရဲတပ်ဖွဲ့ က ဖြစ်ပါတယ်။ ၎င်းတို့ဟာ မူးယစ်ဆေးဝါးကိစ္စမှာ စစ်တပ်ရဲ့ ဩဇာအာဏာ လက်အောက်မှာ နေရဒါကို သဘောကျဟန်မရှိဘူး။ မူးယစ်ဆေးဝါးထုတ် ထုတ်လုပ်ရောင်းချမှုမှာ ပြည်သူ့စစ်တွေပါဝင်မှုကို သိပေမယ့် တပ်မတော်ဘက်မှ မီးစိမ်းမပြသမျှ ဘာမှ ဆောင်ရွက်နိုင်မယ်မဟုတ်ဖူးလို့ သူတို့က ပြောပါတယ်။

သို့သော် အဆိုပါအရာရှိကြီးကတော့ “ ပြည်သူ့စစ် တွေမူးယစ်ဆေးဝါးနဲ့ ပတ်သက်နေဒါဟာ အစိုးရပေါ်လစီ ဖြစ်တယ်ဆိုဒါတော့ ကျနော်မယုံကြည်နိုင်ပါဘူး။ တဖက်ကတော့ ပြည်သူ့စစ်တပ်ဖွဲ့ အချို့ပါဝင်ပတ်သက်မှုကို ကျနော်တို့လဲ ကြားသိရပါတယ်။ သို့သော် ကြားသိမှုနဲ့သက်သေ သာဓက ရှိမှုဟာ တခြားစီဖြစ်ပါတယ်။ ဒါကြောင့် သက်သေသာဓကတွေရှိယင်ပို့ပေးပါ။ ကျနော်တို့အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ် လို့ဆိုပါတယ်။

သျှမ်းသံတော်ဆင့်
Read more...

ရွှေတောင်တန်းပရဟိတကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူ

0 comments
ဇွန်လ ၂၆ ရက်

 

ယနေ့(၂၅.၆.၂၀၁၃) နေ့လည်(၁၂း၄၅)နာရီအချိန်ခန့်က တာချီလိတ်မြို့ ရေပူစမ်းဘက်မှ အပြန် ဖတ်ယိ(အထက်)ရွာဘက် ကားလမ်းတစ်နေရာ ကုန်းဆင်းတွင် ရွှေတောင်တန်းပရဟိတ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာတော်(၅)ပါး လိုက်ပါလာသော ကားတစ်စီးသည် ချောက်ထဲကျသွားရာမှ ရွှေတောင်တန်း ကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။

ကားမှောက်ရာတွင် ရွှေတောင်တန်းပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဥာဏဓဇ၊ ဥူးခေမာဝိဒ၊ ဥူးနန္ဒာသီရိ၊ ဥူးခေမာသီရိ နှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝဏ္ဏဿမိနှင့် ကားဆရာ ဦးမောင်ညွှန့် ပါဝင်ပြီး ဆရာတော်များသည် ရေပူစမ်းဘက်မှ ဆွမ်းစားပင့်ဖိတ်သည့်အတွက် ကြွရောက်ခြင်းဖြစ်ရာ ရေပူစမ်းမှ ပြန်အကြွ ဖတ်ယိကျေးရွာ ကားလမ်းအကွေ့တစ်နေရာမှာ မိုးများလည်း ရွာထားသည်ဖြစ်ပြီး အကွေ့တစ်နေရာမှာ လမ်းချော်သွားကာ မထိန်းနိုင်တော့ပဲ ချောက်ထဲသို့ ကျသွားတာဖြစ်ကြောင်း သိရှိရသည်။

ကားသည် ချောက်ထဲသို့ ကျသွားခဲ့ရာ ရွှေတောင်တန်းကျောင်းထိုင် ဆရာတော်သည် ကားနှင့်ပိနေပြီး ဦးခေါင်း နောက်စေ့ပိုင်းတွင် အနည်းအငယ် ချိုင့်ဝင်သွားကာ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော် ဦးခေမာဝိဒမှာ နံရိုးထိသွားသည်ဟု သိရသည်။ ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏဿမိ နှင့် ရွှေတောင်တန်းကျောင်းမှ ကျန် ဆရာတော်နှစ်ပါးမှာ မစိုးရိမ်ရသော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားပြီး ကားဆရာ ဦးမောင်ညွှန့်သည် ဘယ်လက် လက်ဖျံရိုး ကျိုးသွားကြောင်း သိရသည်။

ရင်ခွဲရုံသို့ လာရောက်ကြည့်သူ အမျိုးသမီးတစ်ဦးမှ "ဆရာတော် ပျံလွန်တော်မူသွားတာ နှမျောစရာ ကောင်းတယ်၊ ဆရာတော်ကို မှီပြီးနေနေရတဲ့ ကလေးတွေ အများကြီးပဲ၊ ဆရာတော်ရဲ့ စွမ်းဆောင်ချက်တွေဟာ ချီးကျူးလို့ မဆုံးနိုင်ဘူး၊ ဆရာတော်ကြောင့် အာခါ၊ လားဟူတိုင်းရင်းသားတွေတောင် ဗုဒ္ဓဘာသာ တွေဖြစ်ကုန်ကြတယ်၊ "ဟု ပြောကြားလာသည်။

ရွှေတောင်တန်းပရဟိတကျောင်းထိုင် ဆရာတော် ဥူးဥာဏဓဇသည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ ကလေးသူငယ်များကို ကျောင်းသို့ ခေါ်ယူထားကာ ကလေးသူငယ်များ တတ်သိလိမ္မာစေရေးနှင့် အတတ်ပညာများ တတ်မြောက်စေရေးအတွက် ဆရာတော်ကိုယ်တိုင် ပညာသင်ကြားပေးခြင်းများကို အပတ်တကုပ် ကြိုးစားဆောင်ရွက်နေသူဖြစ်ပြီး လက်ရှိတွင် ဆရာတော်မှ အခြားမြို့များသို့ ပညာသင်စေလွှတ်ထားသော ကျောင်းသား ကျောင်းသူများစွာ ရှိကြောင်းလည်း သိရသည်။

Tachileik Online News
Read more...

အရှည် ၁၁ ပေခန့်ရှိ မိကျောင်းအား ပုဇွန်တောင် ချောင်းအတွင်း ဖမ်းဆီးရမိ

0 comments
ဇွန်လ ၂၆ ရက်

 

ပုဇွန်တောင် ချောင်းအတွင်းရှိ ရေတပ်အမှတ် ၃၆၊ တန် ၄၀၀ လွန်ကျင်း အနီးတွင် အရှည် ၁၀ ပေ ၅ လက်မနှင့် လုံးပတ် ၄ ပေ ၃ လက်မရှိ မိကျောင်းတစ်ကောင်အား ရေလုပ်သားများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် ရေလုပ်သားဖြစ်သည့် မျိုးအောင်မှ မိကျောင်းအား စတင်တွေ့ရှိခဲ့ပြီးနောက် အနီးရှိ သမ္ဗာန်မောင်းနှင် သူများနှင့် စုစုပေါင်း အယောက် ၃၀ ခန့်က တစ်နာရီခန့်အကြာ ၀ိုင်းဝန်းဖမ်း ဆီးမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

မိကျောင်းအား စတင်တွေ့ရှိသူဖြစ်သည့် ကိုမျိုးအောင်က "ကျွန်တော်တို့ သားအဖနှစ်ဦး ငါးဖမ်းဖို့ လုပ်နေတဲ့ အချိန်မှာ အဲဒီမိကျောင်းကို တွေ့ခဲ့မိတယ်။ အဲဒါနဲ့ အနီးမှာရှိတဲ့ ရေလုပ်သားတွေရယ်၊ သမ္ဗာန်သမားတွေ စုပေါင်းပြီး ဖမ်းဆီးခဲ့ရတယ်" ဟု ပြောကြားခဲ့သည်။

မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။ မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ် . . . .
ယင်းမိကျောင်းအား ပိုက်များတားဆီးခြင်းနှင့် ၀ါးခြံစည်းရိုးများခတ်ကာ ချောင်းလက်တက်အတွင်း မောင်းသွင်းပြီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"မိကျောင်းက အကောင်ကြီးတော့ တော်တော်ဖမ်းယူ ခဲ့ရတယ်။

မိကျောင်းအမြီးကို လူလေးယောက်လောက် ၀ိုင်းချုပ်တာတောင် မရခဲ့ဘူး။ အဲဒါနဲ့ ပါးစပ်ကို ကြိုးချည်နိုင်တဲ့ အချိန်မှသာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု ငမိုးရိပ်မိကျောင်းအား ဖမ်းဆီးခဲ့မှုတွင် ပါဝင်သူ ကိုဇော်က ပြောကြား ခဲ့သည်။

ဖမ်းမိစဉ် မိကျောင်းကျောပေါ်တွင် ဒဏ်ရာအချို့နှင့် ညာလက်တို့တွင် ဒဏ်ရာတချို့ ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း ဖမ်းဆီးသူများ ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ဖမ်းမိခဲ့သည့် မိကျောင်းအား သာကေတ မိကျောင်းမွေးမြူရေး စခန်းသို့ ပို့ဆောင်ခဲ့ပြီး မိကျောင်းကန်အမှတ် ၂ တွင် ထားရှိထားကြောင်း သိရသည်။

သာကေတ မိကျောင်းမွေးမြူရေးစခန်း ဦးစီးအရာရှိ ဦးမျိုးနိုင်က "ဒီမိကျောင်းက သဘာဝအရ ရွှေ့ပြောင်းလာတယ်လို့ ယူဆရတယ်။ အခုလောလောဆယ်တော့ လူတွေနဲ့ ယဉ်အောင်လေ့ကျင်ပေးဖို့ သတ်သတ်အခန်း စီစဉ်ထားပေးပါတယ်" ဟု ပြောကြားခဲ့သည်။

ဖမ်းမိသောမိကျောင်းနှင့် ရေလုပ်သားများအား ဒေါပုံမြို့နယ်၌ တွေ့ရစဉ် (ဓာတ်ပုံ - အောင်ရဲကို)

EMG
Read more...

နမ့်ခမ်းမြို့နယ်အတွင်း 88 နှင့် 1 အမှတ်တံဆပ်ပါ ပန်းရောင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0 comments
ဇွန်လ ၂၆ ရက်

 

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ ကွန်းလုံရွာထိပ်တွင် တာဝန်ရှိသူများမှ ဇွန်လ (၂၄) ရက်နေ့ ညနေပိုင်းအချိန်တွင် မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးအား ရပ်တန့်ရှာဖွေရာမှ ပန်းရောင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

မူဆယ် မူးယစ် (အထူး) အဖွဲ့မှ အဖွဲ့ဝင်များသည် နမ့်ခမ်းမြို့၊ ကွန်းလုံရွာထိပ်တွင် ယာဉ်များအား စစ်ဆေး နေစဉ်တွင် ရေပူစမ်းရွာဘက်မှ ဘရန်နန် မောင်းနှင်ပြီး လုထွယ် စီးနင်းလာသော YAMAHA –DT (125) ခရမ်းရောင်အား ရပ်တန့်ရှာဖွေရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။


ဆိုင်ကယ်အနောက်ဘက်အပိုပစ္စည်းထည့်သည့်တူးဘောက်အတွင်းမှပလက်စတစ်အိတ်ဖြင့်ထည့်ထားသော 88 နှင့် 1 စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၉၀၀) ခန့်၊ ဆိုင်ကယ်နောက်ဘီး မားလကတ် အောက်ဘက် တွင် ကျွတ်ကျွတ်အိတ်အမဲရောင်ဖြင့် ထုတ်ပြီး ကြိုးနှင့်ချည်ထားသော 88 နှင့် 1 စာတမ်းပါ ပန်းရောင်ဆေးပြား (၃၉၀၀)ခန့် စုစုပေါင်း ဆေးပြား (၅၉၀၀) ကျော်ခန့် ကာလပေါက်ဈေးအားဖြင့် ကျပ်သိန်း (၁၀၀) ကျော်ဖိုး ဖမ်းဆီးရမိခဲ့သည်။မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ဦးဘရန်နန်နှင့် မလုထွယ်တို့အား နမ့်ခမ်း ရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
Read more...

**ကတ္တီပါ ဖိနပ်စီး ရွှေထီးလည်းစောင့်ခဲ့ဘူးသည် အပိုင်း (၂)**

0 comments
ဇွန်လ ၂၆ ရက်

 

နေ့ပူညချမ်း တပေါင်းလဆန်းမို့ မဟာနေမင်း အပူရှိန်ပြင်းတာကလည်း မပြောနဲ့ ငရဲမီးတောင်မှီမယ်မထင် တည်ငြိမ်အေးချမ်းစွာ စီးဆင်းနေတဲ့ ဒေါင်းမြူးချောင်း ရေစပ်နဘေး ပြေးလွားနေတဲ့ ငှက်တို့က
ရောင်စုံ ချောင်းရဲ့ရေစီးသံ သဲ့သဲ့နှင့်အတူ ဘုတ်ငှက်အောင်သံ တို့ကလည်း တခါခါကြားနေရ၊ အမှတ်မထင် တဖက်ရွာ လည်းလမ်း ကြောင်းစီက ဖုန်တထောင်းထောင်းနဲ့ မြင်းဒုန်းစိုင်းလာသူ လူတအုပ် မည်သူမည်ဝါ မသည်းကွဲပေမဲ့ ခွာသံတော့ကြားနေရ၊ ၀ိုးတ၀ါးတား ပုံရိပ်တို့က ပိုမို ပီပြင်လာလေလေ မြင်းပြေးနေတဲ့ အရှိန်က မြန်လေလေ မြှားပစ်ဝင်လိုက်သည့်အလား ခေါင်းပေါင်းပေါ်က ဘယ်ချထားတဲ့ ပ၀ါအမြိတ်စတို့က ဗျိုင်းတအုပ် လွင့်ပျံလာနေသလားလို့ ထင်မှတ်စရာပါ။

ဖိုးထိုက်တယောက် အတွေးဘယ်ဆီရောက်မှန်းမသိ စောစောက မြင်းဒုန်းဆိုင်းစီးလာသူ သူရဲတအုပ် အိမ်ခြံဝနားရပ်ခါမှ မိမိဦးလေး အင်တိုင်း ရွှေမှူးကြီး ဦးဖိုးထိုက်နှင့် အပေါင်းပါတစု လုပ်လုပ်ရွရွ ခြံဝင်း တံခါးဖွင့်သူဖွင့် အောင်ဆင်းကြိုသူကြို အလုပ်ရှုပ်နေလေသည်။ မည်သူလာသည်မသိ ဦးလေးဖြစ်သူ ရွေမှူးကြီး ဦးဖိုးထိုက်၏ အသံကြားလိုက်မှ မိမိကိုယ်တိုင် ပါးစပ်အဟောင်းသား “ ကြွမြန်းတော်မှုပါ အရှင်သခင် မင်းဘုရား အကြောင်းထူးများအတွက် နာခံတော်မှုလျက်ပါ ဘုရားဆိုမှ” စော်ဘွားကြီး စ၀်အောင်မြတ်မှန်း သိလိုက်ရသည်။

ဦးဘိုးထိုက်နှင့် မောင်ကျော်ရှင်း အင်တာဗျုး မှတ်တမ်း - ၁၂၄၇ ခုနစ် “ ၀န်းသိုစော်ဘွားကြီး စ၀်အောင်မြတ်သည် ကိုယ်ရံတော်တပ်ဖွဲ့နှင့်အတူ မြင်းကိုယ်စီဖြင့် အင်တိုင်း ရွှေမှုးကြီး ဦးဘိုးချုပ်၏နေအိမ်သို့ အမှတ်မထင်ရောက်သည်။ စော်ဘွားဦးအောင်မြတ်တွင် ဓါးလွယ်သာပါသောလည်း ကိုယ်ရံတော် တပ်ဖွဲ့များမှာမှု သေနတ်နှင့်ဓါလွယ်ကိုယ်စီ ပါလာကြသည်။ စော်ဘွားကြီး စ၀်အောင်မြတ်သည် ရွှေမှုကြီး ဦးဘိုးချုပ်နှင့် ဒူးရည်တူ (၇) ဆောင်တွဲနေအိမ်တွင် လက်ရုံးရည်နှလုံးရေတူ စိန်နန်းရွှေမှုးကြီး ဦးမင်းဝန်၊ ကျွန်းလှရွှေမှုကြီး ဦးစောကျော်၊ အင်တောက်တာ မြို့သူကြီး ဦးစံထိုက်၊ သရက်ပင်သူကြီး ဦးငွခင် အစရှိသော ပုဂ္ဂိုလ်တို့ကိုခေါ်ယူ စုရုံးလျက်-

- “ ကုလားဖြူတွေ တန့်ဆည်ရောက်နေကြပြီ။ ဟောဒီ ရွှေအလယ်ကြောင်းနယ်မြေထဲ ၀င်မလာအောင် တားဆီးရမယ်။ လူသူ လက်နက်တွေ စုဆောင်းရမယ်။ လူ၊ လက်နက်တွေ စုစောင်းမိရင် တန့်ဆည်ရောက်နေတဲ့ ကုလားဖြူတွေဟာ အမျိုးဘာသာ သာသနာတော်ကို ဖျက်ဆီးတဲ့အကောင်တွေပဲ မိစ္ဆာကောင်တွေရဲ့ လက်အောက်ကိုတော့ ဘယ်နည်းနဲ့မှ အရောက်မခံဘူး ဟုပြောဆိုခဲ့သည်။ ဖိုးထိုက်သည် ဦးလေးဖြစ်သူ ရွှေမှုးကြီး ဦးဖိုးချုပ်၏ လက်ဆွဲတော်လည်းဖြစ်သည်။ စော်ဘွားကြီး၏ ကိုယ်နေဟန်နှင့် ပါတ်သက်လို့ ဖိုးထိုက်တွေ့ကြုံလိုက်ရပုံက “ သခင်စော်ဘွားက လူချောပဲ၊ မပိန်လွန်း၊ မ၀လွန်း၊ မနှိမ့်လွန်းမမြင့်လွန်၊ မဖြူလွန်းမမဲလွန်း အပြစ် (၆) ပါးကင်းတယ်လို့ ပြောစရာပဲ။ အသက်ကလဲ အစိတ်လောက်သာ ရှိသေးပေမယ့် ပြုံးတာမတွေ့ရဘူး၊ ပကတိတည်ကြည် ငြိမ်သက်နေတာပဲ၊ မျက်လုံးတွေက စူးရှတောက်ပြောင်တယ်၊ စကားပြောတာကတော့ ခပ်လေးလေးပဲ ဒါပေမဲ့ အမိန့်အာဏာသံပါတယ်” ။

- သွက်လက်ဖျတ်လတ်ပုံကလဲ အံ့စရာပဲ၊ ရွှေမှူးကြီးတွေနဲ့ ဆွေးနွေးပွဲလည်းပြီးရော ပြန်တော့မယ်ဆိုတော့ “ ပန်းနုရောင် ပ၀ါကို ဦးခေါင်းကဖြုတ်ယူလိုက်ပြီးတော့ ဆံပင်ကိုကျော်ပေါ် ဖြန့်ချလိုက်တတယ်၊ ပန်းနုရောင်ပ၀ါနှဲ့ ဆံပင်တွေပါသိမ်းပြီးတော့ ရင်ဘတ်မှာပ၀ါ နှစ်စကိုတင်းနေအောင် နှစ်ကျော့ ချည်နှောင်လိုက်တယ် ” ။
- “ရင်စေ့အင်္ကျီအနားစကို အပေါ်နည်းနည်း လိပ်ခေါက်တင်ပြီး သျှမ်းဘောင်းဘီကို အထက်ပင့်ဝတ် လိုက်တယ်။ ၀င်းတံခါးနားမှာ အသင့်ရှိနေတဲ့ အုန်းခွံရောင် မြင်းကြီးပေါ် လွားခနဲ ခုတ်တက် လိုက်တယ်။ မြင်းဇက်ကြိုးကို နည်းနည်းတင်းလာအောင် ဆွဲစမ်းကြည့်ပြီး မြင်းရဲ့နံဘေးကို လက်ယာဘက် ခြေဖနောင့်နဲ့ တချက်ခတ်လိုက်တာပဲ၊ “ ဟာ” … မြန်လိုက်ပုံကတော့ မြားပစ်တဲ့အတိုင်းပဲ။ ကိုယ်ရံတော်တွေကတော့ မမီမကမ်းနဲ့ နောက်က လိုက်သွားကြလေရဲ့ ” ဟု စော်ဘွား ဦးအောင်မြတ်၏ သွက်လက် ဖျတ်လတ်၍ မြင်းစီးကျွမ်းကျင်ပုံကို အင်တာဗျူးသူ မောင်ကျော်ရှင်းအားပြောသည်။

ဤသို့ဖြင့် စော်ဘွားကြီး စ၀်အောင်မြတ်သည် သူ့ကျွန်မခံလိုသောစိတ်နှင့် ရွှေမှူးကြီးများရှိရာသို့ မိမိကိုယ်တော်တိုင် ကိုယ်ရံတော်တပ်နှင့် သွားရောက်သလို ထမုန်၊ ပေါမှိုင်း၊ သူကြီး၊ ရွှေခွန်မှူး ငွေခွန်မှူး စသည့် နယ်ပယ် ဘွားစားများစီသို့လည်း ကိုယ်တိုင် သွားရောက်စီမံခန့်ခွဲပြီး။ လက်ရုံးတပ်များအား မိမိ၏ လက်ထောက် တပ် ဗိုလ်များဖြင့် အကြောင်းစုံ ရှင်းပြရန် စေလွတ်ထားလေသည်။
- စော်ဘွားကြီးစ၀်အောင်မြတ်သည် တဖက်က စစ်ပွဲအတွက် ပြင်စဉ်နေရသလို တဖက်မှာလည်း စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံရန်အတွက် စစ်စရိတ်များ ကြိုစုဆောင်းရလေသည်။

ရှေးယခင် စ၀်ဖှ စော်ဘွားကြီးတို၏ လုပ်ရိုးလုပ်စဉ် အဆင်လာအတိုင်း “ ဖိုင်မှီးငင်းပင်စ၀် ဖိုင်းမှီးခေါက်ပင် ခွန် ” - ဘယ်သူကငွေရှိရင် “ သခင် ” ဘယ်သူကစပါးရှိရင်“ အရှင် ” ဆိုသည့် ဆိုရိုးစကားအတိုင်း ဖခင် စော်ဘွားကြီး တည်ဆောက်ခဲ့တဲ့ ၀န်းသိုမြို့ မြောက်ဖက် သင်တိုင်းတောင်ခြေရှိ ဒေါင်းမြူးချောင်း ကိုပိတ်ခါ ဒေါင်းမြူးချောင်းမှ ရေများသွင်း၍ လယ်များကိုမြဝေပေးခဲ့သော “ သံတော်ကန်ဆည်းကြီး ” ကို ပြန်လည်ပြုပြင်ခဲ့သည်။

တဖန် ၁၂၃၉ ခုနှစ်က ဖမည်းတော်ကြီးစ၀်ရွှေသား တူးဖေါ်ခဲ့သော ၀န်းသိုမြို့ အရှေ့ဘက် စော်ဘွားကြီး ကန်တော်ကိုလည်း ပြုပြင်ခဲ့ရာ ယနေ့တိုင်တိမ်ကောခြင်းမရှိဘဲ လယ်ရေများကိုပင် ပေးသွင်းနိုင်လေသည်။ ဆည်တည်ဆောက်စဉ်က ကန်ဘောင်တောင့်တင်း ခိုင်မှာစေရန် ဆင်ဆယ်စီးဖြင့် နင်းသိပ်စေခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ စော်ဘွားကြီးသည် ကန်တော်ကြီးကို စောင့်ရှောက်ရန်နှင့် ကန်ရေသောက်လယ်များကို လုပ်ကိုင်ရန် ငါးမှုးပေးရွာ၊ ပျဉ်းထောင်လျိုရွာ၊ ဇီးပင်ကုန်းရွာ၊ ဟော်ကုန်းရွာ ဟူသော ကန်တော်လေးရွာ ကိုတည်ကိုထောင်လျက် ပြည်သူ့အတွက် စားဝတ်နေရေး စိုက်ပျိုးရေး တို့ကို ဖြေရှင်းပေးခဲ့ရာ ယနေ့တိုင် ထိုနေရာများလည်းရှိနေသေးသည်။

ထိုနည်းတူစွာ စော်ဘွားတူးသော စော်ဘွားကန်၊ စစ်ကဲကြီးတူးခဲ့သော စစ်ကဲကြီးကန်၊ အမတ်ချုပ်ကြီးတူးခဲ့သော အမတ်ချုပ်ကြီးကံ တို့သည်လည်း ယနေ့တိုင် သမိုင်းတွင်ကျန်ရစ်ခဲ့လေသည်။

ခေတ်ကာလရဲ့ အပြောင်းအလည်းများ ကြားမှာ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို အချို့နယ်မြေများတွင် မီးပူရာလေ့ပင် သူခိုး၊ ဓါပြ၊ ရန်ကလည်း ရှင်းနေရသေးသည်။ စော်ဘွားကြီး စ၀်အောင်မြတ်သည် ဖခင်နည်းတူ ခိုးမှု၊ တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု အစရှိသော ရာဇ၀တ်များကျူးလွန် သူတို့ကို ပြစ်မှု ကြီးငယ်ကိုလိုက်၍ ပေါ့တန်သူကိုပေါ့ ပထမအဆင့်ကို ပညာပေးခြင်းအဆင့်၊ ဒုတိယကြိမ် ကြိမ်ဒဏ်ပေးခြင်း၊ တတိယအကြိမ် ကွက်မျက်ခြင်းဆင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။ - သေဒဏ်ကိုမှု ပေါ်မိန်းအဆင့်သူတို့ ကိုယ်တိုင် “ သေဒဏ်ပေးပိုင်ခွင့်” ရှိကြောင်း ပြဌာန်းထားလေသည်။
“ မက်တောင် ၅ ရွာ ငလူးကြီးကဲ့သို့သော လူဆိုးဓါးပြကိုမှု တွေ့ရာနေရာတွင် ကွပ်မျက်သုတ်သင်ရန်အမိန့် ” ထုတ်ထားကြောင်းတွေ့ရသည်။

လောင်းကစားမှုကဲ့သို့သော ပြစ်မှုကျူးလွန်သူများကိုမှု ကြိမ်းဒဏ်ပေးခြင်းပင် ပြုလုပ်ခြင်းမှရှိတော့ဘဲ လမ်းပြင်၊ ရွံ့ဗွက်ဖို့ ၊ ရေတွင်းတူး စသော် ပြည်သူအကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။
လူတကာ စစ်မီးပူနေချိန်မှာ အပူပင်မရှိ အလောင်းကစားသမား အသိ ဆိုသလို ၀န်းသိုမြို့ပေါ်တွင်းရှိ ကာလသားတစုသည် အိမ်တအိမ်၌ မကြာခဏ လောင်းကစားပြုနေသည်ကို စော်ဘွားကြီးအား တိုင်ကြားလေရာ စော်ဘွားကြီးသည် ကြွေအံကစားသမားများ ဆုံလောက်အချိန်ထိ စောင့်ဆိုင်းပြီး နောက်ပါလူနှစ်ယောက်နှင့်အတူ အလောင်းကစားဝိုင်းကို ရုတ်တရက်အမှတ်မထင် ၀င်ရောင်စီးနှင်းရာ ပါဝင်သော အလောင်းကစား သမားများအား စားရင်ပြုစုကာ ဟော်နန်းတို့အေးဆေးစွာ ခေါ်ဆောင် လာခဲ့သည်။

ဟော်နန်းသို့ရောက်သောအခါ အလောင်းကစားသမား များအား ကိုယ်တော်တိုင် မေးမြန်းစစ်ဆေးပြီး ဤတို့စစ်မီးပူနေချိန်မှာ “ ကစားသင့်တလား မကစကားသင့်လား မေးမြန်းပြီး သင်တို့အပြစ်ရှိလား မရှိဘူးလားဟုဆိုကာ အပြစ်ရှိကြောင်း ၀န်ခံကြ၍ ” ဆုံးမသြ၀ါဒများပေးကာ ဒဏ်အနေနှင့် ရေတွင်းတူးစေကာ ရေတွင်းပုံစံကိုလည်း လူတွေသိအောင် ကြွေအံစာတုံး ပုံစံတူးခိုင်း ပြီးဆုံမလေသည်။ ယနေ့တိုင် ၀န်းသိုသူဝန်းသိုသားအပေါင်း သောက်သုံးနေလေသည်။ ထိုရေးတွင်းကိုလည်း အံစာရေးတွင်း ဟုခေါ်ကြသည်။

“ ယနေ့တိုင် ထို အံစာရေတွင်းကြီး ရှိနေပါသေးသည် ”
စော်ဘွားကြီး စ၀်အောင်မြတ်၏ စောင့်သိခဲ့သော အကျင့် သီလ သမာဓိ သိက္ခာ တို့သည် သော်လည်းကောင်း ဖခင်စော်ဘွားကြီး စ၀်ရွှေသား တည်ခဲ့သော ဘုရားကျောင်းကံများအား လည်းကောင်း စ၀်အောင်မြတ် ကိုယ်တော်တိုင် ဦးဆောင်ပြုပြင်ခဲ့သလို အသစ်တဖန် တည်ဆောက်များ ပြုလုပ်ပေးခဲ့သော ဆည်မြောင်း၊ ကန်သင်း လယ်ကစင်းများသည် လည်းကောင်း ယနေ့တိုင် ဒေါင်းမြူးချောင်းရေ သက်သေတည် တည် ရှိနေခဲ့လေတော့သည်။

ကျားပေါက်
Read more...

မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျပ်သိန်းပေါင်း ၇သောင်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

0 comments
ဇွန်လ ၂၆ ရက်

 

၂၆နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းမှတ်အဖြစ် ကျပ်သိန်းပေါင်း ခုနှစ်သောင်း ခုနှစ်ထောင်ခြောက်ရာ လေးသိန်းခြောက် သောင်းသုံး ထောင်သုံးဆယ့်သုံးတန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့မနက် ၈နာရီခန့်က မန်း တွင်ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းနားအား ရွှေမန်းတောင် အားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေ သကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဥက္ကဌ၊မန္တလေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအုန်းလွင် မန္တလေးမြို့တော်ဝန်ဦးအောင်မောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်း၊မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင် စသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများတက်ရောက်ခဲ့သည်။

ဖိုးလပြည့်

Popular
Read more...

နန့်ခမ်းမြို့နယ်တွင် မူးယစ်(အထူး)အဖွဲ့ ရဲများ လက်ပစ်ဗုံးဖြင့် အပစ်ခံရ

0 comments
ဇွန်လ ၂၆ ရက်

 

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်းရှိ မိုင်းဝီးသွား ကားလမ်းရှိ လွယ်လင်ကန်ရွာတွင် မူဆယ်မူးယစ်(အထူး)နှင့် နမ့်ခမ်း လှုပ်ရှားအဖွဲ့မှ ရဲများ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် လက်ပစ်ဗုံးဖြင့် အပစ်ခံရပြီး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီနေ့က ညနေတော်တော်စောင်းနေပြီဗျ၊ ရဲအဖွဲ့တွေ လမ်းဘေးကနေ ယာဉ်အသွားအလာတွေကို ရပ်ခိုင်းပြီး ဆေးဝါး တွေရှာနေတယ်။ ညနေ(၆)နာရီလောက်မှာ ပေါက်ကွဲသံကြားလို့ ကျွန်တော်တို့လည်း သွားကြည့်ဖြစ်ပါတယ်၊ ရဲ(၃) ယောက်ဒဏ်ရာတွေနဲ့ လဲနေတာကို တွေ့ရတယ်၊ လမ်းဘေးမှာရှိတဲံ ကုန်းစောင်းဘက်ကို လက်ညှိုးထားပြီး အဲဒီဘက်က လက်ပစ်ဗုံးနဲ့ပစ်တာလို့ ပြောတယ်။ ကျွန်တော်တို့လည်း ကြောက်လို့သွားမရှာခဲ့ပါဘူး” ဟု လွယ်လင်ကန်ရွာမှ ရွာသား တစ်ဦးမှ ပြောပြပါသည်။

ဒဏ်ရာရရှိသွားခဲ့သော ရဲတပ်ဖွဲ့ဝင်များအား နမ့်ခမ်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက် ကို နယ်မြေခံတပ်နှင့် နမ့်ခမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းနေကြောင်းလည်း သိရှိရသည်။

စိုင်းနော်ထန်
Read more...

ကလောမြို့နယ်တွင် ချောင်းအတွင်းမှ ယောကျာင်္းအလောင်းတစ်လောင်း တွေ့ရှိ

0 comments

ဇွန်လ ၂၆ ရက်
 


ရှမ်းပြည်နယ်၊ ကလောမြို့ မုန်းသဲရပ်ကွက်အနီးရှိ ချောင်းထဲတွင် ဇွန်လ(၂၄)ရက် နေ့လည်ပိုင်းတွင် ယောကျာင်္း တစ်ယောက်၏ အလောင်းတစ်လောင်း တွေ့ရှိကြောင်း အုပ်ချုပ်ရေးမှူးမှ သတင်းပေးပို့ချက်အရ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးသောင်းထွန်း(အထွေထွေလုပ်သားဟောင်း)ကလောမြို့နေသူဖြစ်ကြောင်းနှင့် ဦးသောင်းထွန်းမှာ ဇနီး ဖြစ်သူနှင့် အိမ်ထောင်ကွဲနေပြီး အရက်အလွန်အကျွံသောက်ကာ နေအိမ်မှ ထွက်သွားလေ့ရှိကြောင်းကို ၎င်း၏အစ်ကို ဖြစ်သူ ဦးအောင်ထွန်းမှ ပြောပြပါသည်။

မုန်းသဲရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးရန်သိန်းမှ သတင်းပေးမှုကြောင့် ကလောရဲစခန်းရှိ တာဝန်ရှိသူများမှ အလောင်းအား သွားရောက်ဆယ်ယူခဲ့ပြီး ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဆေးရုံမှ ဆေးစစ်ချက်များအရ ပြင်ပဒဏ်ရာတစ်စုံ တစ်ရာ တွေ့ရှိခြင်းမရှိဘဲ ရေနစ်သေဆုံးကြောင်းဖြစ်သည်ဟု သိရသည်။ ဦးသောင်းထွန်း သေဆုံးမှုအား ကလောရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၂၃/၂၀၁၃)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စိုင်းခမ်းထန်

Read more...

တရုတ်နိုင်ငံမှ မြန်မာအလုပ်သမား ၅၇ ဦးအား လွဲပြောင်းပေး

0 comments
ဇွန်လ ၂၆ ရက်
 

ဇွန်လ၂၅ရက်နေ့ကမြန်မာတရုတ်နယ်စပ်မြို့ဖြစ်သောမူဆယ်နန်းတော် စစ်ဆေးရေးဂိတ်၌တရုတ်နိုင်ငံ ရွှေလီ ရဲဌာနတာဝန်ခံမစ္စမုံလီဖန်းနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှအလုပ်သမား၅၇ဦးအားလာရောက်လွဲပြောင်း ပေးခဲ့ရာမူဆယ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အဖွဲ့ဝင်များမှလက်ခံခဲ့ကြောင်းတာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။

အလုပ်သမားတစ်ဦးအား မေးမြန်းရာ တရုတ်နိုင်ငံ ရွှေလီမြို့ ကျန်းဖုန်းမြို့နှင့် ရင်ကျန်းမြို့များတွင် ကြုံရာ ကျပန်းလုပ်ကိုင်သူများဖြစ်ပြီး တရုတ်ရဲများ စစ်ဆေးသောအခါအလုပ်သမား၅၇ဦးမှာတရုတ်-မြန်မာဝင်/ထွက်ခွင့် စာအုပ်များသက်တမ်းကျော်လွန်နေ၍ဖမ်းဆီးခံရကာ ရွှေလီမြို့စီကိုင် အချုပ်တွင်ထိန်းသိမ်းထားခြင်းခံရပြီး မြန်မာနိုင်ငံသို့ လွဲပြောင်း ပေးခြင်းဖြစ်ကြောင်းပြောပါသည်။


shwelashio
Read more...

လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ကွက် မြေပုံ ရေးဆွဲခြင်း မွမ်းမံ သင်တန်းဖွင့်

0 comments
ဇွန်လ ၂၆ ရက်
 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်ရုံး သင်တန်း ခန်းမဆောင်၌လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင် အားဝန်ကြီးဌာန ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ကွက်မြေပုံ ရေးဆွဲခြင်း မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက စတင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခေတ္တ တွဲဖက်ပြည်နယ် ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးသန်းက အဖွင့် အမှာစ ကား ပြောကြားပြီး သင်တန်းနည်းပြ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စောမူက သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြား၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီး အရာရှိများ၊ တိုက်နယ်မှူးများအား သင်ကြားပို့ချ ခဲ့ကြောင်း သိရသည်။


မြ၀တီ 
Read more...

မြန်မာ့ ပညာရေး မိုက်ခရိုဆော့ဖ် ဇူလိုင်တွင် စတင်ကူညီမည်

0 comments

ဇွန်လ ၂၆ ရက်
 


မြန်မာ့ပညာရေး အိုင်တီနည်း ပညာအကူအညီပေးရေးကို မိုက်ခရို ဆော့ဖ်က ဇူလိုင်လတွင် စတင်လုပ် ဆောင်ပေး သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် Knowledge Centricity မှ သိရသည်။

ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့် ပညာ နှစ်ပိုင်းခွဲလုပ်ဆောင်မည်ဖြစ် ပြီး ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချို့နှင့် တွေ့ဆုံပြီးဖြစ်သည် ဟု Knowledge Centricity ၏ စီအီးအို ဒေါက်တာထွန်းသူရသက် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး တယ်ဆိုတာထက် တွေ့ဆုံ နားထောင် ဖြစ်တယ်။မိုက်ခရိုဆော့ဖ်ကလာပြီး မြန်မာပြည်သာဖြစ်သင့်တယ် ပြော မယ့်အစား ဒီမှာဘာတွေလိုအပ်တယ်၊ ဘာတွေကူညီပေးနို င်မလဲဆိုတာမျိုး ပိုဖြစ်သင့်တယ်”ဟု ၄င်းကပြောသည်။ အခြေခံပညာရေးအဆင့်တွင် အိုင်တီနည်းပညာ တွင်ကျယ်စွာအ သုံးချလာစေရန်အတွက် ဆရာ၊ ဆရာမများကို ဦးစားပေးသင်ကြားမှု စတင်မည်ဖြစ်ပြီး ယင်းအတွက် ဝန် ကြီးဌာနနှင့်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

ဆရာ၊ ဆရာမများကို သင် ကြားရာတွင် ကျောင်းပိတ်ရက် ရက် တိုသင်တန်းပုံစံအဖြစ် သင်ကြားခြင်း မျိုးမဟုတ်ဘဲ ရေရှည်သင်ကြားမှု ပုံစံဖြင့် သွားရန် မိုက်ခရိုဆော့ဖ်က ရည်ရွယ်ထားကြောင်း သိရသည်။ လက်ရှိတွင် မိုက်ခရိုဆော့ဖ်က အခြေခံပညာကျောင်းများ၏ လိုအပ် ချက်များကို လေ့လာနေပြီး ဆော့ဖ်ဝဲ ပိုင်းအတွက်ကိုမူ မိုက်ခရိုဆော့ဖ်မှ တာဝန်ယူမည်ဖြစ်ကာ စက်ပစ္စည်းနှင့် သင်ကြားရေးလိုအပ်ချက်များအတွက် မိုက်ခရိုဆော့ဖ်နှင့် ၄င်း၏မိတ်ဖက် ကုမ္ပဏီများ ပူးတွဲလုပ်ဆောင်သွား မည်ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ပညာရေး အဆင့်တွင် ကျောင်းသားများ စာ သင်နှစ်ပြီးဆုံးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် အထောက် အကူပြုသင်တန်းအချို့ ထည့်သွင်း သင်ကြားမည်ဖြစ်ပြီး မိုက်ခရိုဆော့ဖ် မှ ၄င်း၏ အသုံးဝင်ဆော့ဖ်ဝဲအချို့ အား ယင်းသင်တန်း တွင်သင်ကြားရန် အခမဲ့ ထည့်သွင်းပေးသွားမည်ဟု မိုက်ခရိုဆော့ဖ် ၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ Myanmar Information Technology (MIT) မှသိရသည်။

မိုက်ခရိုဆော့ဖ်မှာ အမေရိကန် အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ပြည်တွင်းပညာရေး ကဏ္ဍပိုင်းအတွက် ၄င်း၏ပြည် တွင်း၊ ပြည်ပ မိတ်ဖက်ကုမ္ပဏီများနှင့် ပူး ပေါင်းဆောင်ရွက်သွားမည် ဖြစ် သည်။

Popular News

Read more...

တာချီလိတ်၌ပြုလုပ်သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ကျောင်းသား/သူ (၃၅)ဦးအား ဆု(၄၈)ဆု ဂုဏ်ပြုချီးမြှင့်

0 comments
ဇွန်လ ၂၆ ရက်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သော တာချီလိတ်မြို့တွင် (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားအား ဇွန်လ(၂၆)ရက် နံနက်(၈း၃၀)နာရီက ကျင်းပရာ အဆိုပါနေ့၏ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေ စုစုပေါင်း ဆု(၄၈)ဆု ကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးသောင်းတင်ထွေး(တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့လာသည့် သ၀ဏ်လွှာအား တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဌ ဒု-ရဲမှူးကြီး နေမျိုးထွဋ်မှ ဖတ်ကြားသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးကြည်ဝင်းမောင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာအချက်အလက်များကို အသေးစိပ် ဆွေးနွေး ရှင်းလင်းပြောကြားသည်။ တဆက်တည်းမှာပင် အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ စောလွင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးစွဲရောဂါအကြောင်းကို အချိန်(၃၅)မိနစ်အကြာ အသေးစိပ်ဆွေးနွေး ရှင်းလင်းပြောကြားသွားသည်။

ထို့နောက်မှာတော့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲတို့မှ ဆုရရှိသူ ကျောင်းသား/သူ (၃၅)ဦးအား ဆု(၄၈)ဆု ဂုဏ်ပြုချီးမြှင့်ရာ စစ်ဗျူဟာ(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ်၊ ခရိုင်တရားသူကြီး ဦးထိန်မင်း၊ ခရိုင်ဥပဒေအရာရှိ ဦးကြည်ဝင်းမောင်၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာစောလွင်၊ အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ၊ ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ MANA အဖွဲ့ ဥက္ကဌ ဦးသိန်းဝင်း၊ World Vision ယာယီတာဝန်ခံ ဦးပီတာဖိုး၊ တာချီလိတ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်လွင်၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်း နာယက ဦးကျော်သိန်း(ခ) ဦးကျင်ဟောင်လင်း တို့က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ပြုဆုများချီးမြှင့်ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအ၀င် ကျောင်းသား/သူများအား ၂၀၁၃ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပိုစတာများနှင့် တရားခံပုံများအပါအ၀င် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပိုစတာ ပြခန်းအား တာဝန်ရှိသူမှ လိုက်လံပြသခဲ့ကြသည်။

Tachileik Online News
Read more...

ကျိုင်းတုံထောင်၌ အကျဉ်းသား ညှဉ်းပန်းမှု ဖြစ်ပွား

0 comments
ဇွန်လ ၂၆ ရက်

 

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံထောင်၌ အကျဉ်းသား ၆ ဦး ကို ထောင်အာဏာပိုင်များက တိုက်ပိတ်ညှဉ်းပန်းသည့် အတွက် အကျဉ်းသားတဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ယခုလအတွင်း ဖြစ်ပွားကြောင်း သတင်းရသည်။

မူးယစ်ရာဇာ နော်ခမ်း၏ အမှုတွဲဖြစ်သည့် စိုင်းအောင်မြတ် အပါအ၀င် နိုင်ဝင်းအောင်(ခ) ရန်ပြို၊ လှိုင်ဝင်း(၁)၊ လှိုင်ဝင်း(၂)၊ ကျော် ၀င်း၊ ခမ်းလ တို့ကို ပြင်ပနှင့် ဆက်သွယ်သည့် လက်ကိုင်ဖုန်းများရှိသည်ဟု ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က စွပ်စွဲကာ အကျဉ်း ထောင် အာဏာပိုင်များက တိုက်ပိတ် ရိုက်နှက်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထိုသို့ပြုလုပ်သည့်အတွက် အကျဉ်းသား ကျော်ဝင်းမှာ ကြိုးဆွဲချ သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း မကြာသေးခင်က လွတ်မြောက်လာသည့် အကျဉ်းသားတဦးက ဧရာဝတီကို ပြောပြသည်။

“ဖုန်းရှိတယ်ဆိုပြီး သီးခြားဝန်းကို ခေါ် ၀ါဒတွေ၊ ဘာယာတွေက လက်တွေကို တယောက်တဘက်ကိုင်၊ ခြေထောက်မှာ ဒေါက် ထည့်၊ ခေါင်းကို အိတ်စွပ်ပြီး ရိုက်တာ၊ ရိုက်လွန်းတော့ ၁၅ ရက်နေ့မနက်မှာ မခံနိုင်ဖြစ်ပြီး တိုက်ထဲမှာ အင်္ကျီနဲ့ ကြိုးဆွဲချ သေကြောင်းကြံတာ”ဟု ၎င်းက ဆိုသည်။

သို့သော် အာဏာပိုင်များ အချိန်မီ ရောက်ရှိလာသည့်အတွက် သေဆုံးခြင်းမရှိကြောင်း သိရသည်။

ကျိုင်းတုံထောင်သည် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို အကျဉ်းချထားခဲ့သည့် ထောင်ဖြစ်သည်။

ထောင်အာဏာပိုင်များ အနေဖြင့် လက်ကိုင်ဖုန်း၊ ဆေးလိပ် စသည့် ပစ္စည်းများရှိသည်ဟု စွပ်စွဲကာ ရာဇ၀တ် အကျဉ်းသားများကို ထောင်မှူးကိုယ်တိုင် ပြင်းထန်စွာ ရိုက်နှက်လေ့ရှိကြောင်း၊ လိုင်းကြေးငွေ(လာဘ်ပေးရသည့် ငွေ) အဖြစ် ကျပ် ၅ သောင်း ပေးမှသာ ရိုက်နှက်ခြင်းမှ သက်သာခွင့်ပြုကြောင်း အထက်ပါ အကျဉ်းသား က ဆက်ပြောသည်။

ကျိုင်းတုံထောင်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ၀န်ထမ်းတဦးကလည်း“အရင်ကတော့ သိပ်ပြီးရိုက်တာ နှက်တာမလုပ်ဘူး၊ နိုင်ငံ ရေး အကျဉ်းသားတွေ မရှိတဲ့ နောက်ပိုင်း ပိုလုပ်လာတယ်”ဟု ပြောဆိုသည်။

မကြာသေးခင်က နိုင်ငံတကာ ကြက်ခြေနီအသင်း(ICRC) လာရောက်ခဲ့သော်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုရန် အခွင့်မသာ ကြောင်း၊ ထောင်အာဏာပိုင်များ သိရှိကာ နှိပ်စက်ညှဉ်းပန်းခံရမည်ကို စိုးရိမ်သဖြင့် တိုင်ကြားမှု မပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံထောင်တွင် အခါ၊ ၀၊ လားဟူ၊ ရှမ်း စသည့် တိုင်းရင်းသားမှာ အများစုဖြစ်ပြီး မြန်မာစကားလည်း ရေလည်စွာ မပြောတတ် သည့်အတွက် ထောင်အာဏာပိုင်များနှင့် ပြောဆိုရာတွင် အခက်အခဲရှိသည်ဟု ဆိုသည်။

ရာဇ၀တ်အကျဉ်းသား အများစုမှာ မူးယစ်ဆေးဝါး အမှုများဖြစ်ပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/၁) ဖြင့် ဖမ်းဆီး ခံရသည့် အကျဉ်းသားများလည်း ၁၀ ဦးခန့် ရှိနေသေးကြောင်း သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ဧရာဝတီက ကျိုင်းတုံထောင်သို့ ဆက်သွယ်မေးမြန်းရာ ထောင်မှူး ဦးစိုးမိုးအောင်က ၎င်းတို့ အနေဖြင့် ထောင်သားများကို ရိုက်နှက်ခြင်း မရှိကြောင်း၊ ကောင်းမွန်စွာ ဆက်ဆံကြောင်း၊ ထို့အတွက် နှိပ်စက်ညှဉ်းပန်းမှုကို မခံနိုင်၍ သေ ကြောင်းကြံစည်မှုလည်း မဖြစ်ပွားခဲ့ကြောင်း ပြောသည်။

“ရိုက်နှက် ညှဉ်းပန်းမှုလည်း မရှိဘူး၊ အကျွေးအမွေးကအစ အကုန်ကောင်းတယ်၊ ICRC အဖွဲ့လည်း လာသွားတယ်၊ ကျနော်တို့ကို ဘာမှ အကြံပြုတာတောင် မရှိပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီ
Read more...

အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်ငံသားခရီးသည် နှစ်ဦး ထိန်းသိမ်းခံရ

0 comments
ဇွန်လ ၂၆ ရက်

 

ညောင်ဦးမှ ရန်ကုန်သို့ ထွက်ခွာမည့် အဲပုဂံ လေယာဉ်ပျံပေါ်ကို လက်နက်ကိုင် ဆောင်ပြီး တက်ရောက်ရန် ကြံ ရွယ်သူ တရုတ်နိုင်ငံသားနှစ်ဦး အား လေကြောင်းရဲတပ်ဖွဲ့မှူး ရုံးမှ အရေးပေါ် စစ်ဆေးဆောင် ရွက်မှု များ ပြုလုပ်ခဲ့ရကြောင်း လေ ကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ဇွန် ၂၁ ရက် က ညောင်ဦး မှ ရန်ကုန်လေဆိပ်သို့ သွားမည့် တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr Duan Jun နှင့် Mr. Zhang Yunqing တို့ နှစ်ဦးအနက် တစ် ဦးသည် ညောင်ဦးလေဆိပ်မှ ရန် ကုန်လေဆိပ်သို့ ထွက်ခွာမည့် အဲပုဂံ လေကြောင်းလိုင်း ATR 42 Forker လေယာဉ် ထွက်ခွာ ခါနီးအချိန်တွင် ညောင်ဦး လေဆိပ် ပန်းခြံ တွင် ဝှက်ထားသော အရိုးအသွား ရှစ်လက်မခန့်ရှိ မောင်းချဓားကို ယူဆောင်ကာ ဝှက်ပြီး လေယာဉ်ပေါ် သို့ ပြန်တက် မည်ပြု ချိန်တွင် လုံခြုံရေးတာဝန် ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး ၄င်း တို့နှစ်ဦးကို လေကြောင်း ရဲတပ် ဖွဲ့မှူးရုံးက စစ်ဆေးကာ ရန်ကုန် သို့ ဂျေဂျေအဝေးပြေး မော်တော် ယာဉ်ဖြင့် ပြန်လည်ပို့ဆောင် ခဲ့ ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ တရုတ် နိုင်ငံသား နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ဆက် လက်စောင့်ကြည့် ရန် ညွှန်ကြားထားကြောင်းသိရ သည်။ လေကြောင်း ရဲတပ်ဖွဲ့မှူး ရုံးမှတာဝန်ရှိသူက ''သူတို့ကိုစစ် ဆေးပြီးပြန်လွှတ်လိုက်တယ်။ စစ် ဆေးမှု အသေးစိတ်တော့ ပြောလို့ မရဘူး။ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးက လောလောဆယ်သူတို့ နှစ်ဦးကို ခြေရာခံစောင့် ကြည့်ဖို့ ညွှန်ကြားထားတယ်။ ဆက်လက် ဆောင်ရွက်မှုတွေလဲရှိပါတယ်။ ကျန်တာတွေကိုတော့ မှတ်ချက်ပြု ပြောလို့ မရသေးဘူး'' ဟု ပြော သည်။

ယင်းသတင်းအား အဲပုဂံ က မှန်ကန်ကြောင်း အတည်ပြု ပေး ခဲ့သည်။ အဲပုဂံဥက္ကဌ ဦးထူးသက် ထွေးက ''သတင်းက မှန်ပါတယ်။ အဲဒီနေ့က တာဝန်ရှိသူတွေက အဲဒီ ခရီးသည်နှစ်ဦးကိုထားခဲ့လိုက်ပါ ဆိုတဲ့အတွက် သူတို့ကို ထားခဲ့ပါ တယ်။ ကျန်တာတွေကတော့ သက် ဆိုင်ရာ တာဝန်ရှိသူတွေ ဆက်လက် လုပ်ဆောင်မှာ ပါ''ဟု ပြော သည်။

လေယာဉ်လက်မှတ် ရောင်းချရေးဌာန မြန်မာ့လေကြောင်းမှတာဝန်ရှိသူတစ်ဦးက''လေယာဉ်လက်မှတ်ရောင်း ချတဲ့အခါ မြန်မာ နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ပဲဖြစ်ဖြစ် သေချာစစ်ဆေးပြီးမှ ရောင်းချပါ တယ်။ြူခေုငျအ မှာ ပါတဲ့ နိုင်ငံခြားသားတွေကိုတော့ လက်မှတ်မရောင်းဘူး။ အခုလက်ရှိ လေယာဉ်လက် မှတ်ရောင်းချတဲ့ နေရာမှာ လူတစ်ဦးချင်းစီရဲ့ သက် သေခံအထောက်အထားတွေကို သေချာ စစ်ပြီး ရောင်း ချပါတယ်''ဟု ပြောသည်။

လွန်ခဲ့သော သုံးလေး နှစ် ခန့် ကလည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ဖောက်ခွဲရန် ကြံစည်ခဲ့သူ များအား သင်္ဃန်းကျွန်း ရဲစခန်းမှ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

Yangon Media Group
Read more...

အစိုးရနှင့်တိုက်ပွဲကြောင့် ဂျပန်ထောက်ပံ့သည့် ဆန်အိပ် ၂၀၀၀ ဝမ့်ဟိုင်းသို့ မရောက်သေး

0 comments
ဇွန်လ ၂၆ ရက်

 

သျှမ်းပြည်တိုးတက်ရေးပါတီ / သျှမ်းပြည်တပ်မတော် SSPP/SSA အား ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ် ၂၀၀၀ ထောက်ပံ့ လှူဒါန်းသော်လည်း တိုက်ပွဲများကြောင့် ဝမ့်ဟိုင်းဌာနချုပ်သို့ မသယ်နိုင်သေးဟု SSPP သတင်းရပ်ကွက် ကဆိုပါ သည်။

“တိုက်ပွဲအေးသွားရင် လားရှိုး နတလရုံးမှာရှိနေတဲ့ ဆန်အိတ် ၂၀၀၀ ဝမ့်ဟိုင်းဌာနချုပ် အထိ ပို့ပေးမယ်လို့ နတလက တာဝန်ယူထားတယ်။ တိုက်ပွဲက ကျေးသီးမြို့နယ် ဝမ့်ဝပ် ကျေးရွာထဲမှာပါ။ မြန်မာစစ်တပ် က တပ်တွေဆုတ်ပေးဖို့ နှစ်ဦး သဘောတူထားလျက်နဲ့ မလိုက်နာလို့ အခုတိုက်ပွဲဖြစ်ရတာ။ အခုရွာထဲမှာ လူတွေမရှိတော့ ဘူး။ ဘုန်းကြီးကျောင်းမှာ လဲဘုန်းကြီး တပါးမှမရှိတော့ဘူး။ ဗမာစစ်တပ်က ဘုန်းကြီးကျောင်းကို စခန်းချပြီး နေနေတယ် အခု ” ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကပြောသည်။

MPC မှတဆင့် ထောက်ပံ့မည်ဆိုပါက လက်မခံကြောင်း SSPP မှ ပြောခဲ့ဖူးသော်လည်း ယခုမှာ နိပွန်ဖောင်ဒေးရှင်းနှင့်အတူ MPC က လိုက်ပါဆောင်ရွက်ပေးနေ သည်ဟုဆိုပါသည်။

“MPC နဲ့အတူ လာပြီးတော့ နတလဆီမှာပိုက်ဆံပေးတယ်။ နတလကနေ ဆန်တွေဝယ်ပေးတယ်။ အခုလားရှိုးမှာ ဆန် ဝယ်ပြီး နတလရုံးမှာထားထားတယ်။ ၂၄ ရက်နေ့တုန်းက နံနက် ၁၀ နာရီ ကျနော်နဲ့ လားရှိုးရုံးထိုင်နဲ့ နတလရုံးမှာ လက်ခံ ကြောင်း လက်မှတ်သွားထိုးထားတယ်။ ဆန်တော့မထုတ်နိုင်သေးဘူး။ ကျနော်တို့ပြောတယ်။ ကျနော်တို့ကို ပိုက်ဆံ တိုက် ရိုက်လာပေးရင်ကောင်းတယ်။ ကျနော်တို့ လူတွေက ရှင်းရှင်းပြောရင် ဗမာဆန်မစားတတ်ဘူး။ ကျနော်တို့ကိုပိုက်ဆံပေးပြီး ကိုယ့်ဟာကိုဝယ်ခိုင်းရင် အဘက်ဘက်က အကျိုးရှိတယ်။ ကျနော်တို့လဲ ဆန်အကောင်း စားရမယ်။ ရွာသားတွေလဲ အလုပ် ရှိမယ် ပိုက်ဆံ ရမယ်လေ ” ဟု ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

ဂျွန်လ ၂၄ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်စခန်းအား မြန်မာစစ်တပ် ခမရ ၅၂၅ က တိုက်ခိုက်ပြီးနောက် ၂၅ ရက်နေ့ က စစ်ကူအဖြစ်ရောက်လာသော ရမခတိုင်း လက်အောက်ခံ မြန်မာစစ်ကြောင်းနှင့်ထပ်မံ မှားယွင်းပစ်ခတ်သဖြင့် တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ရကြောင်း သိရသည်။

SSPP/SSA နှင့် အစိုးရကိုယ်စားလှယ်ဦးသိန်းဇော်တို့ တိုက်ပွဲထပ်မဖြစ်ရေး တန့်ယန်းဆွေးနွေးပွဲ (ဓါတ်ပုံ-Sai Hak)

http://www.burmese.panglong.org/news/96-2008-08-03-06-49-23/4197-2013-06-26-07-59-58.html
Read more...

Time မဂ္ဂဇင်းပါဆောင်းပါအား SNLD ကန့်ကွက်

0 comments
ဇွန်လ ၂၆ ရက်

ဂျူလိုင်လ ၁ ရက်နေ့ ၂၀၁၃ ရက်စွဲပါ Time မဂ္ဂဇင်းမျက်နှာဖုံးနှင့်ပတ်သက်၍ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်ကန့်ကွက်သည့် ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည်။ 

ကြေငြာချက်ကို ၂၀၁၃ ဂျွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဓိက အချက် ၄ ချက်ပါရှိ ပါသည်။

ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟု အဓိပ္ပါယ်ရသော မဂ္ဂဇင်းစာအုပ်မျက်နှာဖုံးပါ (The Face of Buddhist Terror) ဟူ၍ စွပ်စွဲဖော်ပြထားခြင်းမှာ ဗုဒ္ဓဘာသာယုံကြည်ကိုကွယ်သူများ အများဆုံးနေထိုင် သည့် မြန်မာနိုင်ငံအား အကြမ်းဖက်မှုနှင့်ယှဉ်တွဲ၍ ကမ္ဘာ့ပြည်သူများက ထင်မြင်သွားစေနိုင်သဖြင့် ထိုသို့ဖော်ပြမှုအား ပြင်းထန်စွာကန့်ကွက်လိုက်ကြောင်းပါရှိပါသည်။

Panglong(Burmese)
Read more...

နမ့်ခမ်းမြို့အမှတ် ၂ စည်ပင်ဈေးသစ်ဆောက်လုပ်မည့်အစီအစဉ်အား ဒေသခံလူထုအလိုမရှိ

0 comments
ဇွန်လ ၂၆ ရက်

 

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ရှိ ဈေးဆိုင်တန်းများကို အမှတ်(၂)စည်ပင်သာယာ ဈေး အဖြစ် အကောင်အထည်ဖေါ်နေမှုအား နမ့်ခမ်းမြို့ဒေသခံလူထုက အလိုမရှိကြောင်းပြောသည်။

“ ဦးဇော်မင်းနဲ့ ဌာနဆိုင်ရာတွေ ဇွန်လ(၂၁)ရက်နေ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးမှာဆွေးနွေးခဲ့ကြပြီး အောင် မေတ္တာရပ်ကွက်က ဈေးဆိုင်ခန်းအသစ်တွေကို စည်ပင်သာယာဈေးအဖြစ် အကောင်အထည်ဖော်ဖို့ လုပ်လာတယ်။ဆိုတော့ ဒေသခံတွေ ဝယ်ထားတဲ့ဆိုင်ခန်းတွေမှာ ဈေးလာရောင်းကြပါ။ မရောင်းတဲ့ဆိုင်ခန်းကို သိမ်းမယ်ဆိုတော့ မြို့မဈေးမှာ ဆိုင်ခန်းတွေက အလွှတ်တွေအများကြီးရှိနေတယ်။ ဆိုတော့ ဒေသခံတွေက ဝယ်ထားမိတာမှားပြီလားဆိုပြီး စိတ်ညစ် နေကြတယ်” ဟု နမ့်ခမ်းမြို့ခံ စိုင်းအိုက်ပီးကပြောသည်။

မူဆယ်ခရိုင် ကြံ့ခိုင်ရေး ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် ရှိ ဈေးဆိုင်တန်းများကို အမှတ်(၂)စည်ပင်သာယာဈေး ခေတ်မှီဈေးသစ် အဖြစ် အကောင်အထည် ဖေါ်ဖို့ ခရိုင်အုပ်ချုပ် ရေးမှူးထံ တောင်းဆိုခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအောင်မေတ္တာရပ်ကွက်ရှိဈေးဆိုင်သစ်များကိုလွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းကဆောက်ထားခြင်းဖြစ်ပြီး ဈေး ဆိုင်များမှာ အလွှတ်များသာဖြစ်ကြောင်း ဈေးသည်ဒေါ်နန်းခမ်း ကလည်း ပြောသည်။

“ ဒီကြားထဲ ဈေးသစ်ဖွင့်မယ်ကြားတော့ ကုမ္မဏီတွေက အာဏာပိုင်တွေကိုချဉ်းကပ်နေကြတယ်။ ဈေးကို သုံးလေးထပ်ထပ် ဆောက်မယ်၊ စူပါမားကက်တွေဆောက်မယ်လုပ်နေတာ။ ရောင်းမယ့်လူကအဲလောက်မစည်တော့ဆောက်ပြီးရင် ဟိုတယ် တွေ၊ လောင်းကစားရုံတွေ အနှိပ်ခန်းတွေ ဖြစ်လာမှာ။ မူးယစ်ဆေးရောင်းမယ့်နေရာပေါများလာမယ်။ လူတွေ ပိုပြီးပျက်စီး လာမယ်။ အခုဆိုရင်ပန်းဆေးကျော်မြင့်ရဲ့မိသားစုတွေ ပန်းဆေးပြည်သူ့စစ်တွေက မြို့ထဲမှာနေရာယူ လာတာအများကြီး ရယ်။ အင်မတန်စိုးရိမ်ရပါတယ် ” ဟု ဒေသခံစိုင်းအိုက် ကပြောသည်။

တရုတ်နိုင်ငံမှ ကုန်သည်ကြီးများက ၎င်းတို့ကုန်ပစ္စည်းတင်ကားများအား စက်လှေဖြင့် ရွှေလီမြစ်ကူး၍ ကိုယ်တိုင်ကိုယ်ကျ လာရောက်ရောင်းချနေသဖြင့် စီးပွါးရေးအချက်အခြာကျသည့်နေရာ လူစည်သည့်နေရာဖြစ်သင့်သော်လည်း စီးပွါးရေး ကဏ္ဍ၌ ဒေသခံလူထုအတွက် နစ်နာနေရကြောင်း ဆိုပါသည်။

အောင်မေတ္တာဈေးကြီးအား ယမန်နှစ်နှောင်းပိုင်းကတည်းက ဈေးကြီးအဖြစ်ပြန်လည်တည်ဆောက်ရန် ကုမ္မဏီများ၏ ကြိုးစားမှုကိုဒေခံလူထုက ကန့်ကွက်ခဲ့ပါသေးသည်။ ကျာဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ စိုင်းကျော် အုန်းက ဦးဆောင်၍ ကျားဖြူ SNDP နှင့်ကျားခေါင်းပါတီ SNLD တို့ ပူးပေါင်းကာ ဆန့်ကျင်သည့် ကြေငြာချက်ထုတ်ပြန် ခဲ့သည်။

အောင်မေတ္တာဈေးဆိုင်ခန်းအလွှတ်အား စည်ပင်ဈေးဖြစ်အောင်လုပ်ရန် စတင်လှုံ့ဆော်သည့် ကြံ့ခိုင်ရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် ဦးဝင်းမောင်သည် မူစယ်အခြေစိုက် ထုန့်မောဝ်ကုမ္မဏီ၏ ဥက္ကဌဖြစ်သည်။


http://www.burmese.panglong.org/news/90-2008-08-03-06-47-55/4198-2013-06-26-08-02-41.html
Read more...

မှိုစားပြီးနောက် ၂နှစ်သမီး အပါအ၀င် မိသားစုတစုလုံးနီးပါး သေဆုံး

0 comments

ဇွန်လ ၂၆ ရက်
 
 
တောင်ယာမှအပြန် ကျွဲချေးမှိုကောက်ပြီး မိသားစုနဲ့အတူ အိမ်မှာချက်ပြုတ်စားသောက်ခဲ့လို့ မိခင်နဲ့အတူ သားသမီး လေးဦးသေဆုံးသွားခဲ့ရတယ်လို့ သေဆုံးသူမိသားစုများကို ပြုစုကုသပေးခဲ့တဲ့ သားဖွားဆရာမက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရော့ခူအုပ်စု၊ ဟာလီကျေးရွာနေ ဦးဆားဘာမိသားစုဟာ ကျွဲချေးမှိုတမျိုးကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ပြီးနောက် ၁၀နာရီခန့် အကြာမှာ ဖခင်ဖြစ် သူဦးဆားဘာ မှိုအဆိပ်တက်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။

၂၁ရက်နေ့ရောက်တော့ ၂နှစ်သမီး မအဲလစ်သေဆုံးပြီး ၂၄ရက်နေ့မှာတော့ မှိုဆိပ်တက်တဲ့ဝေဒနာကို ကျေးလက်သွားဖွားဆရာမနဲ့ ကရင်နီကျန်းမာရေးဌာနမှ ဆေးမှူးတို့ကနေ ကုသပြုစု နေတဲ့အတောအတွင်း မိခင်ဖြစ်သူ ဒေါ်မာတလေးနာ(၃၀နှစ်)၊ သားကြီးဆိုတေးရို (၉နှစ်)၊ သမီးကြီး မေရီ(၆နှစ်)၊ သားလပ်မိုင်ကယ်(၅နှစ်)တို့မှာ ထပ်မံ သေဆုံးသွားခဲ့ကြပါတယ်။

"ကျမသူ့ကိုမေးတော့ အိုးက ၀က်ဆီနဲ့ပေတယ်တဲ့ အဲလိုပြောရ… ကြားရပါတယ်။ ၀က်ဆီတခုပဲလို့ သူ(ဦးဆားဘာ) ပြောပါတယ်။ ဒါပေမဲ့ ငါအဲဒီမှိုယူလာတာ ဖားတကောင်ပါသေးတယ်တဲ့ ဒါပေမဲ့ ပြန်ချက်တဲ့ခါမှာတော့ အဲ့ဖားကိုတော့ မထည့်ဘူးလို့တော့ သူအဲလိုမျိုးတော့ ပြောထားပါတယ်။ ..

အနီရောင်ထွက်တယ်။ သူစားပြီးတော့ ဘာမှမဖြစ်ဘူးတဲ့။ နေလို့ထိုင်လို့တော့ ကောင်းပါတယ်တဲ့။ မနက်ရောက်တော့ အန်တယ်ပေါ့။ သူအလုပ်သွားရင်းနဲ့ လမ်းမှာလျှောက်အန်တယ်"လို့ ဟာလီရွာမှ သားဖွားဆရာမ ဒေါ်မားကရက်က ပြောပါတယ်။

"အမှန်ဆိုတော့ ကျနော်တို့က ဒီမှာ လမ်းပန်းဆက်သွယ်ရေးကလည်း နဲနဲခက်ခဲတယ်ဆိုတော့ အမှန်ဆို ဒီလူတွေကတော့ ကြိုတင် စောစောစီးစီးသိပြီးတော့ သူတို့ ကိုဆေးရုံတွေဘာတွေ

ပို့ဆောင်ကုသ ပေးနိုင်မယ်ဆိုရင်တော့ သေးဆုံးမှု နည်းပါးသွားမှာပေါ့။ အဲလိုအများကြီး သေသွားတာကြတော့ စိတ်မကောင်းစရာပဲပေါ့လေ။ နောက်ပြီးတော့တခုရှိတာက … အဲမိုတွေက သူတို့ စားနေကျလို့ပြောတော့ ဘာဖြစ်လို့အဲလို ဖြစ်လာလဲဆိုတာတော့ ကျနော်တို့ သေချာလေ့လာဖို့လိုတယ်။ နောက်ပြီးတော့ နောက်ရှေ့ဆက်ပြီးတော့မှ ဒီရာသီမှထွက်နေတဲ့မှိုလည်း စားလို့ ရလာမရလာဆိုတာ ကျနော်တို့သေချာစစ်ဆေးဖို့ လိုတယ်ပေါ့နော" လို့ ကရင်နီ မိုဘိုင်းကျန်းမာရေးကော်မတီမှ ဆရာဖိလစ်က ပြောပါတယ်။

လက်ရှိ အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူ ဦးဆားဘာကို လွိုင်ကော်ဆေးရုံကို ပို့ထားပြီး အငယ်ဆုံး ၂လသား နိုဗာကီးဒူကိုတော့ သားဖွားဆရာမတွေက စောင့်ရှောက်ပေးနေပါတယ်။

ဟာလီကျေးရွာဟာ ဒီးမော့ဆိုမြို့နဲ့ ၁၅ မိုင်ခန့်ဝေးလံပြီး ကားလမ်းမရောက်တဲ့အတွက် လူနာများကို ဆေးရုံသို့ အချိန်မှီပိုဆောင်နိုင်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အတွင်းရှိ ခရို့ခူကျေးရွာက ရွာသားသုံးဦး မှိုနဲ့ဖားသား စားမှားမိလို့ သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Ktime
Read more...

မိုင်းယုလေး စစ်ဘေးရှောင်စခန်းသို့စစ်ဘေးရှောင်သူများ ပိုမိုရောက်ရှိလာ

0 comments
ဇွန်လ ၂၆ ရက်
 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာ၌ ၂၀၁၃ခုနှစ်အတွင်း အသစ်တည်ဆောက်ထားသည့် စစ်ဘေးရှောင် စခန်းသို့စစ်ဘေးရှောင်ဒေသခံများ ပိုမိုရောက်လာကြောင်း သိရသည်။

မိုင်းယုလေးရွာ စစ်ဘေးရှောင် ရွာသူ/သားများသည် ဇွန်လ ၂၂ရက်နေ့၌ အစိုးရနှင့် လက်နက်ကိုင် တပ်ပေါင်းစုတို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရသည်။

“အစကတော့ စခန်းအနေနဲ့ဖွင့်ဖို့ အစီအစဉ်မရှိဘူး။ ကနဦးက ရွာသားတွေဟာ တိုက်ပွဲဖြစ်လဲ ရွာမှာပဲ နေနေကြတာ။ နောက်ပိုင်း ရွာနားမှာဖြစ်လာတော့ဒီဘက်ကို ထွက်ပြေးလာကြရင်း တဖြည်းဖြည်း များလာတာ။ ဒါနဲ့ ကျွန်တော်ရယ် ရပ်ကွက်စာရေးရယ် မူလတန်းကျောင်းအုပ် ဆရာမရယ် ၃ဦးတိုင်ပင်ပြီး၊ကော်မတီ နှစ်ခုခွဲပြီး ဆောင်ရွက်နေတာ၊ ဖွင့်တာကတော့ ဇန်န၀ါရီလထဲက ဖွင့်ထားတာ။ အခုမှ လူပို များလာတာ”ဟု စခန်းတာဝန်ခံ ဦးကျမ်ဆာက ဆိုသည်။

လက်ရှိစခန်းသို့ ရောက်လာသူများမှာ ပန်းပူး ကျေးရွာအုပ်စု၊ ပိန်ပွန်ကျေးရွာနှင့် မန်စိန်ရွာတို့မှ ပလောင်(၀်) တိုင်းရင်းသားများ
ဖြစ်ကြကြောင်း သိရသည်။

“မန်စိန်က အိမ်ထောင်စု လေးစုပါတယ် ၂၂ရက်နေ့က ရောက်လာတာ။ ကျန်တဲ့သူတွေကတော့ လုံကန် ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတယ်။အဲဒီကလူတွေ ထပ်ရောက်လာရင် ကျနော်တို့တော့ တော်တော် ခက်ခဲလိမ့်မယ် ဟု ဦးကျမ်ဆာမှ ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အဆိုပါစခန်းရှိ စစ်ဘေးရှောင်ဦးရေမှာ ကျား/မပေါင်း (၃၇၈)ဦးရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၂)ဦးရှိကြောင်း သိရှိရသည်။စစ်ဘေးရှောင် ဒေသခံများ ပိုမိုများပြားလာသဖြင့် ၎င်းတို့နေထိုင်ရန် အမိုးအကာနှင့် ကလေးငယ်များ အတွက် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)
Read more...

လားရှိုးမြို့နယ်တွင် ကျောင်းမတက်နိုင်သောကလေးများ ပိုမိုများပြားလျှက် ရှိနေ

0 comments
ဇွန်လ ၂၆ ရက်


လားရှိုးမြို့နယ်၏ အခြေခံပညာ သင်ကြားမှုများတွင် ကျောင်းနေအရွယ် ကလေးများ၊ကျောင်းတက်နိုင်သော ဦးရေထက် ကျောင်း မတက်နိုင်သောဦးရေမှာ ပိုမိုများပြားလျှက်ရှိပြီး၊ ဆရာနှင့် ကျောင်းသားဦးရေအချိုးမှာ(၁း၅၀)ခန့်ဖြစ် နေကြောင်း လားရှိုး ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းမနေသော ကလေးသူငယ်များ လားရှိုးမြို့တွင် ပိုမိုများပြားနေပြီး၊ ကျောင်းတက်နေသော ကျောင်းသားများမှာလည်း အထက်တန်းအဆင့်ထိရောက်ရှိမှုဦးရေမှာ ဆယ်ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ ပညာရပ်ဆိုင်ရာ သင်ကြားမှုများတွင် ဆရာ/ဆရာမ တစ်ယောက်လျှင် ကျောင်းသား (၅၀)ကျော်အားသင်ပေးနေရသည့်အတွက်ကျောင်းသားရော၊ ဆရာ/ဆရာမပါအခက်အခဲ များရှိနေကြပြီး၊ သင်ယူတတ်မြောက်မှုမှာလည်း အားနည်းလျှက်ရှိကြောင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းသား မိဘများကလည်း မိမိကလေး ပညာသင်ကြားမှုကို အလေးထားမှု အားနည်းခြင်း၊ ကျောင်းသား တစ်ဦးချင်းစီ၏ လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်မှု အားနည်းခြင်း၊ သင်ကြား/ယူမှု အထောက်အကူပြု ပစ္စည်းများ လိုအပ်ချက်ရှိခြင်း၊ ကျောင်းသားအချို့သည် တိုင်းရင်းသားများ ဖြစ်နေသောကြာင့်ဘာသာစကား မတူညီသည့်အတွက် ဆရာ/ဆရာမနှင့် ကျောင်းသားများပါ အခက်အခဲများ ရှိနေခြင်းကြောင့် အထက်တန်းအဆင့်သို့ တက်ရောက်နိုင်သည့် ဦးရေမှာ
ရာခိုင်နှုန်းအားဖြင့် နည်းပါးသွားခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ ကြားသိရသည်။

“ကျွန်တော့်သား ကျောင်းဆက် မနေတော့ဘူး။ ရွာနဲ့ကျောင်းက အဝေးကြီး ဆိုင်ကယ် မရှိဘူး။ သုံးဘီးစီးသွားရင်လည်း နေ့တိုင်း ပိုက်ဆံမပေးနိုင်ဘူး။ပိုက်ဆံလည်း မရှိဘူး၊ လယ်လုပ်ရတာလေ။ အဲဒါကြောင့် ကျောင်းမနေခိုင်းတော့ဘူး”ဟု ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။အချို့ရွာများတွင် မူလတန်းကျောင်း၊ မူလွန်ကျောင်းများသာ ရှိသောကြောင့် အလယ်တန်းနှင့် အထက်တန်းကျောင်းများကို သွားတက်ရန် အလှမ်းဝေးသည့်အတွက်ကျောင်းမတက်တော့ဘဲ ကျောင်းထွက်ပြီး၊ အလုပ်လုပ်တဲ့ ကလေးတွေ များလာကြောင်း၊ လားရှိုးမြို့တွင် ဘာသာရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော မိဘမဲ့ဂေဟာ (၁၀)ခုရှိပြီး၊ မိဘမဲ့ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသား ကလေးပေါင်းစုံကို ပညာသင်ကြားပေးမှုများ ရှိနေသော်လည်း ကျောင်းမနေသည့်ကလေးများ အများအပြား ရှိနေကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် အ.ထ.ကကျောင်း (၈)ကျောင်း၊ အ.ထ.က(ခွဲ) (၈)ကျောင်း၊ အ.လ.က(၆)ကျောင်း၊ အ.လ.က (ခွဲ) (၁၀)ကျောင်း၊ မူလတန်းလွန် (၂၉)ကျောင်း၊အ.မ.က(၈၆)ကျောင်း၊ အ.မ.က(ခွဲ) (၉)ကျောင်း၊ စုစုပေါင်း (၁၄၈)ကျောင်းရှိပြီး၊ ကျောင်းနေဦးရေမှာ မူလတန်း (၂၈၈၁၆) ဦး၊ အလယ်တန်း (၁၅၈၂၇)ဦး၊အထက်တန်း (၄၆၆၃)ဦး၊ စုစုပေါင်းဦး (၄၉၃၀၆)ဦးရှိပြီး၊ လက်ရှိသင်ကြား နေသောဆရာ/ဆရာမ အင်အားမှာ အထက်တန်းပြ (၁၈၂)ဦး၊ အလယ်တန်းပြ (၄၃၆)ဦး၊လယ်/မူ (၃၂၂)ဦး၊ မူလတန်းပြ (၄၉၃)ဦး၊ စုစုပေါင်း (၁၄၃၃)ဦးရှိရာ လက်ရှိကျောင်းသား အင်အားနှင့် ဆရာ/ဆရာမ ဦးရေမှာ (၁း ၅၀) ခန့်ရှိပြီး၊
ကျောင်းတက်နိုင်သော ကျောင်းသားဦးရေထက် ကျောင်းမတက်နိုင်သော ကျောင်းသားဦးရေမှာ ပိုမိုများပြားလျှက်ရှိနေကြောင်း သတင်းရရှိသည်။

ချစ်ထွေး (လားရှိုး)

The Myanma Age
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here