Saturday, September 7, 2013

မိန်းကလေးများ သိထားရမယ့်မီးယပ်သွေးဆုံး လက္ခဏာများ

0 comments
7.9.2013
အမျိုးသမီးတွေ အရွယ်ရောက်ချိန်ကစလို့   မီးယပ်သွေးဆုံးချိန် အထိ (၁၃ နှစ်မှ ၄၅ နှစ်အထိ) ဓမ္မတာသွေး ပုံမှန်ပေါ်တတ်တယ်။ ဓမ္မတာသွေးပေါ်တာ မှန်ကန်ဖို့လိုတယ်။  မျိုးပွားခြင်း စတာကနေမျိုးပွားခြင်း လုပ်ငန်းရပ်ဆိုင်းချိန်အထိ ဓမ္မတာကာလလို့ သတ်မှတ်ထားတယ်။

အမျိုးသမီးတွေ ရာသီသွေးပေါ်တာက ၂၈ ရက်  သို့မဟုတ်  တစ်လတစ်ကြိမ် ဖြစ်လေ့ရှိတယ်။ လစဉ်ဓမ္မတာ သွေးပေါ်ခြင်းကို ထိန်းချုပ်ထားတာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဟိုက်ပိုသား မတ်ဖြစ်တယ်။ ဓမ္မတာသွေးပေါ်ခြင်းကို စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက လွှမ်းမိုးထားတယ်။ စိတ်လှုပ်ရှားမှုတစ်ခုကြောင့် ဓမ္မတာ ရပ်တန့်သွားတတ်တယ်။ ဓမ္မတာ သွေးပေါ်ခြင်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းတွေဟာ  အီစတြိုဂျင်နဲ့  ပရိုဂျက်စတုံးတို့ဖြစ်တယ်။ ဓမ္မတာသွေးပေါ်တဲ့ ကာလဟာ သုံးရက်မှ ငါးရက်ထိဖြစ်တယ်။ တစ်ကြိမ်သွေးပေါ်ရင် သွေးဆုံးရှုံးမှု ၃ဝ မီလီမီတာ ဖြစ် တယ်။ အကယ်၍ ၈ဝ မီလီမီတာထက် ကျော်ခဲ့ရင် သာမန်မဟုတ်လို့ ဂရုစိုက်သင့်ပါတယ်။ ဓမ္မတာသွေးပေါ်ခြင်း ရပ်တန့်သွားခဲ့ရင် သာမန်ဇီဝကမ္မ ဖြစ်စဉ် များ ဖြစ်နိုင် သလို  ရောဂါကြောင့် သို့မဟုတ် ကိုယ်ဝန်ကြောင့်လည်း ဖြစ်နိုင်တယ်။
မီးယပ်သွေးဆုံးချိန်မှာ ဖြစ်ပွားတတ်တဲ့ ဝေဒနာအမျိုးမျိုးကို သွေးဆုံး ဝေဒနာများလို့ ခေါ်တယ်။ ခန္ဓာကိုယ်အတွင်း မတည်ငြိမ်မှုဖြစ်ပေါ်တဲ့ လက္ခဏာများလို့ ခေါ်တယ်။  ခန္ဓာကိုယ်နေရာ တချို့ (ဥပမာ- မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်ပိုင်း) ပူရှိန်းရှိန်း ခံစားရခြင်း၊  စိတ်ပင်ပန်းခြင်းနဲ့ အလုပ်ပင်ပန်းဒဏ်ကို မခံနိုင်ခြင်းစသည်တို့  ခံစားရတတ်တယ်။ ကောင်းစွာ အိပ်မပျော်ခြင်းလည်း ဖြစ်ပေါ်တတ် တယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအနေနဲ့ စိတ်ကယောက်ကယက် ဖြစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆိုးလွယ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းများ ဖြစ်လေ့ရှိတယ်။

ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ ကြွက်သားတွေ အားနည်းယုတ်လျော့သွားလို့  ဆီးသွားရာက ဆီးကျန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတို့ ဖြစ်နိုင်တယ်။

အရိုးနဲ့ဆိုင်တဲ့ ရောဂါများအနေနဲ့ အရိုးပွခြင်းဟာ သွေးဆုံးပြီးတဲ့ အမျိုးသမီးများအတွက် အဓိက ပြဿနာတစ်ရပ် ဖြစ်တယ်။ အရိုးပွခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် အရိုးကျိုးခြင်းဟာ မကြာခဏကြုံတွေ့ ကြရတတ်တယ်။

တစ်ခါတလေ ကိုယ်ဝန်ရှိသလို ခံစားရတတ်တယ်။ မနက်မိုးလင်းအိပ်ရာ ထထခြင်းရတဲ့ ဆီးကို ကိုယ်ဝန်ရှိ၊ မရှိစမ်းသပ်ခြင်းနဲ့ တီဗွီဓာတ်မှန်ကြည့်ခြင်းဖြင့် အလွယ်တကူသိနိုင်တယ်။ အခြားသိနိုင် တဲ့ အချက်တွေက အိမ်ထောင်ရှိသူ အမျိုးသမီးတစ်ဦး လစဉ် ဓမ္မတာ သွေးမဆင်းရင် ကိုယ်ဝန်ဆောင်တာ ဖြစ်နိုင်တယ်။ မနက်အိပ်ရာထ ဝေဒနာများဟာ ကိုယ်ဝန်ရှိစ တစ်လကနေ သုံးလအတွင်း နံနက်အိပ်ရာထစမှာ ပျို့ခြင်း၊ အန်ခြင်း၊ မအီမသာ ဖြစ်ခြင်းနဲ့ ဗိုက်အောင့်ခြင်းစသဖြင့် ခံစားရတတ်တယ်။  မီးယပ်သွေးဆုံးမှာလည်း  အဲဒီလို လက္ခဏာများ ခံစားရတတ်တယ်။  မကြာခဏ ဆီးသွားချင် လို့ ရေအိမ် တက် နေရ တတ်တယ်။ သွေးဆုံးခါနီးရင် ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်တတ်တယ်။ မီးယပ်သွေးဆုံးမှာ  အဲဒါ မျိုး တွေ့ ရနိုင် တယ်။ စိတ်ပိုင်းဆိုင်ရာ ကယောင်ချောက် ချား ဖြစ်တာ၊ အိပ်မရတာ မျိုး သွေးဆုံးခါနီး မှာ တွေ့နိုင်တယ်။  

By မြ၀တီ
Read more...

သတင်းစာဆရာများ ကွန်ယက် (ရှမ်းပြည်နယ် မြောက်ပိုင်း) ဖွဲ့စည်းမည်

0 comments
7.9.2013

လားရှိုးမြို့၊ သတင်းစာဆရာများ ကွန်ယက် (ယာယီ)မှ အမှုဆောင်အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) သတင်းစာဆရာများ ကွန်ယက်ကို တရားဝင်ဖွဲ့စည်းနိုင်ရေး ဒေသခံမြို့နယ် သတင်းထောက် များ၏ ဆန္ဒသဘောထားခံယူနိုင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များသို့ သွားရောက် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
'' ကျွန်တော်တို့ လားရှိုးမြို့ သတင်းစာဆရာများကွန်ယက် (ယာယီ)ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒီကွန်ယက်ကိုအခြေခံပြီး ယခု ရှမ်းပြည်နယ်မြောက်ပိုင်းက သတင်းစာ၊ ဂျာနယ်၊ ရေဒီယို င်္ြ များမှာ သတင်းများရေးသားပေးပို့နေတဲ့ မြို့နယ်သတင်းထောက်များရဲ့ ဆန္ဒသဘောထား လာရောက်ရယူကြတာပါ။ ဆန္ဒသဘောထားရပြီးရင် ရှမ်း/ မြောက်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ သတင်းစာဆရာများ၊ ကွန်ယက် (ရှမ်းပြည်နယ်မြောက်ပိုင်း) ကို တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းဖြစ်ပါက ယခု လားရှိုးမြို့၊ သတင်းစာဆရာများကွန်ယက် (ယာယီ)ကို ရပ်စဲပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းစာဆရာများကွန်ယက်ဆိုတာမျိုး ဖြစ်ပေါ်လာပါလိမ့်မယ်။ သတင်းစာဆရာ၊ သတင်းမီဒီယာသမားတွေရဲ့ သာရေး၊ နာရေးကိစ္စ၊ သတင်းကိစ္စတွေမှာ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းကူညီ သွားကြဖို့ ဆောင်ရွက်နိုင်ရေးအတွက် အဓိကရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ် '' ဟု လားရှိုးမြို့ သတင်းစာ ဆရာများကွန်ယက် (ယာယီ) ဥက္ကဋ္ဌ ဦးစံဇာဏီအောင်က သီပေါမြို့နယ်စာရေးဆရာအသင်းရုံး၌ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။ (ပုံ)

အဆိုပါ လားရှိုးမြို့နယ် သတင်းစာဆရာများကွန်ယက် (ယာယီ) အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သတင်းစာဆရာများကွန်ယက်ကို ဖွဲ့စည်းရန် သဘောတူချက်များရရှိပြီးပါက စည်းမျဉ်း စည်းကမ်းများကို မူကြမ်းရေးဆွဲချပြကာ အတည်ပြုချက်ရယူ၍ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းသွားမည်ဖြစ်သည်။ 0x158င်းနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ သတင်းထောက်များ၊ သတင်းမီဒီယာသမားများ၏ သာရေး၊ နာရေးကိစ္စများကူညီရန်နှင့် သတင်းချိတ်ဆက်ရယူဆောင်ရွက်သွားရေး ကိစ္စများအပြင် ဒေသကိုယ်စားပြု ဂျာနယ်၊ မဂ္ဂဇင်းများ စီစဉ်ထုတ်ဝေသွားမည်ဖြစ်ပြီး သိရှိလိုသည့်အချက်များရှိက ဖုန်း (ဝ၉-၄၇၂ဝ၂၃၃၃၊ ၅၂၆ဝ၉၈၁၊ ၄၄၅၁ဝ၇၂၆၅၊ ၆၂၃၂၄၆၁၊ ၄ဝ၃၇၅၁ဝ၇၉၊ ၄၅ဝဝ၆၄ဝ၃၂) များသို့ ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်းသိရသည်။

သီပေါကိုလတ်
မြို့နယ်စာရေးဆရာအသင်း၊သီပေါမြို.
Read more...

ကျောက်ကပ်ပျက်စီးစေသောအချက် ၁၀ ချက်

0 comments
7.9.2013

၁။ဆီးအိမ်ထဲတွင် ဆီးကျန်နေခြင်း(ဆီးကိုကုန်စင်အောင်စွန့်ပစ်မှုမရှိခြင်း)

၂။လုံလောက်သောရေပမာဏရှိအောင်မသောက်သုံးခြင်း။

၃။ဆားများများစားသုံးခြင်း။

၎။ကူးစက်ပျံ့နှံ့သောရောဂါများကိုလျင်မြန်ထိရောက်စွာကုသမှုမရှိခြင်း။

၅။အသားများများစားသုံးခြင်း။

၆။လုံလောက်သောအစာအာဟာရပြည့်ဝစွာမရရှိခြင်း။

၇။အကိုက်အခဲပျောက်ဆေးအလွန်အကျွံသုံးစွဲခြင်း။

၈။ဆေးပုံမှန်သောက်သုံးမှုမရှိခြင်း။

၉။အရက်အလွန်အကျွံသောက်ခြင်း။

၁၀။လုံလောက်စွာအနားယူမှုမရှိခြင်း။

Ref: Times of India
Read more...

ရေနွေကြမ်းသောက်ပါ

0 comments
7.9.2013

ရေနွေးကြမ်းသောက်ခြင်းက လူ့ခန္ဓာကိုယ်ရဲ့ကိုယ်ခံ စွမ်းအားကို ပိုမိုကောင်းမွန်လာစေပါတယ်။ ရောဂါပိုးတွေကိုခုခံတော်လှန်နိုင်ပြီး အနာရောဂါနည်းပါးသွားစေတယ်လို့ Proceedings of the National Academy of Science စာစောင်မှာဖော်ပြထားပါတယ်။

လက်ဖက်ခြောက် အချိုခြောက် အူးလောင်ခြောက် Oolong tea နှင့်ပီကိုးခြောက် Pekoe teaတွေမှာ အယ်သီယာနင်းလို့ခေါ်တဲ့ အမိုင်နိုအင်ဆစ်တစ်မျိုးပါဝင်ပါတယ်။

ဒီအမိုင်နိုအက်ဆစ်က ကိုယ်ခံစွမ်းအားစနစ်မှာ အရေးပါတဲ့ Gamma delta T cellတွေကို ပိုမိုသန်စွမ်း လာအောင်အားပေးပါတယ်။Gamma delta ကလပ်စည်းတွေဟာ သွေးဖြူဥတစ်မျိုးဖြစ်ပြီး လူ့ကိုယ်ခံစွမ်းအာစနစ်အဖြစ်ကိုယ်ခန္ဓာထဲကိုဝင်လာတဲ့ ရောဂါပိုးမျိုးစုံကိုခုခံတိုက်ခိုက်ပေးရပြီး ကင်ဆာအဖြစ်ပြောင်းသွားနိုင်တဲ့ကလပ်စည်းများကိုလည်းဖျက်ဆီးပေးပါတယ်။

ရေနွေးကြမ်းက ရောဂါပိုးတွေအပြင်ကင်ဆာနဲ့နှလုံးရောဂါပိုးတွေကိုလည်းကာကွယ်ေးနိုင်ပါသေးတယ်။

credit>>ဒေါက်တာအောင်မြင့် (ဆေး-မန်း)
Read more...

နိုင်ငံရေးလုပ်သည်ဟုဆိုကာ စာချသံဃာတော်ကို ကျောင်းမှနှင်ထုတ်ဟုဆို

0 comments
7.9.2013

နိုင်ငံရေး လုပ်သည်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ၅/မြောက်ရပ်ကွက် အလယ်ကျောင်းကြီး လိပ်ပြာကန်ကျောင်းတိုက်မှ စာချသံဃာတစ်ပါးကို နေထိုင်သီတင်းသုံးရာ ကျောင်းတိုက်မှ ထွက်ခွာပေးရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က စက်တင်ဘာလ ၆ ရက်နေ့တွင် အမိန့်ထုတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်က The Voice သို့ မိန့်ကြားသည်။

ဆုံးဖြတ်ချက်သည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ယင်းကျောင်းတိုက် ဆရာတော်က အဆိုပါ စာချသံဃာတော်ကို ကျောင်းတွင် ဆက်လက်သီတင်းသုံးခွင့် မပြုနိုင်တော့ ကြောင်း တင်ပြလာသည်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းသံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်က ထပ်မံမိန့်ကြားသည်။

“နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်နဲ့ပါ၊ ဘုန်းကြီးတို့ ကြားကနေ ဆောင်ရွက်ပေးရတာပါ။ ကျောင်းက နိုင်ငံတော် သံဃနာယက အဖွဲ့ပိုင်ကျောင်းဆိုတော့ သံဃနာယက အဖွဲ့ဝင် ၄၇ ပါးရဲ့ ဆုံးဖြတ်ချက်ချတယ်။ နိုင်ငံရေး လုပ်လို့ပါ” ဟု နိုင်ငံတော် သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရက မိန့်ကြားသည်။

အဆိုပါ သံဃာတော်သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထောင်ခုနစ်နှစ် ချမှတ်ခံခဲ့ရကာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း အဆိုပါ ကျောင်းတိုက်တွင် သံဃာအပါး ၃၀ ကို စာသင်စာချ ပြုလုပ်နေကြောင်း ကျောင်းမှနှင်ထုတ်ခံရသည့် သံဃာတော် ဦးဃောသိတက ဆိုသည်။

“ဦးပဉ္ဇင်းက အဲဒီကျောင်းမှာ သီတင်းသုံးနေတာ ခုနစ်နှစ်လောက်ရှိပြီ။ အဓိက ဦးပဉ္ဇင်းကို နှင်ရတာက ကျောင်းထိုင် ဆရာတော်ရဲ့ ကျောင်းမြေရောင်းစားတဲ့ အကြောင်းတွေကို တိုင်လို့ပါ။ အဲဒီလိုသာ မတိုင်ရင် ရာသက်ပန် နေလို့ရပါတယ်” ဟု ဦးဃောသိတက မိန့်ကြားသည်။

ယခုအချိန်သည် ဝါတွင်းကာလ ဖြစ်သည့်အတွက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ရောက်မှသာ ကျောင်းတိုက်မှ ထွက်ခွာရမည် ဖြစ်ကြောင်း အဆိုပါ သံဃာတော်က မိန့်ကြားသည်။

The Voice
Read more...

ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦး ညကလပ်ရှေ့တွင် အရိုက်ခံရ

0 comments
7.9.2013

တာမွေမြို့နယ်ရှိ DJ ညကလပ်ရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ယင်းကလပ်ရှေ့ ကားလမ်းပိတ်နေစဉ် လမ်းဖယ်ခိုင်းရာမှ လူငယ်တစ်စုက ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦးကို ဝိုင်းရိုက်ကာ ထွက်ပြေးသွားကြောင်း တာမွေမြို့မရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မွေးနေ့ပွဲမှ ပြန်လာသည့် အဆိုပါ သင်တန်းသားနှစ်ဦးက ၎င်းတို့မောင်းလာသည့် ကားကို ရှေ့ကပိတ်ရပ်နေသည့် လူငယ်အုပ်စုကို လမ်းဖယ်ပေးရန် ပြောဆိုစဉ် အဆိုပါ လူအုပ်က မဖယ်ပေးသည့်အပြင် ကားဘောနက် အဖုံးပေါ် တက်ခုန်ခဲ့ကြောင်း၊ အဆိုပါ လုပ်ရပ်များကို ရပ်တန့် ပေးရန် DJ ကလပ် တာဝန်ရှိသူများကို အကူအညီ တောင်းခံစဉ် ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ရေကြောင်း အရာရှိသင်တန်း ဒုတိယနှစ်ကျောင်းသားဖြစ်သူ ကိုအောင်ကျော်မြင့်က ဆိုသည်။

“ခေါင်းကို အုတ်ခဲကျိုးနဲ့ ထုပြီး ဗိုက်ကို ဘီယာပုလင်းကွဲနဲ့ ထိုးတယ်” ဟု စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ခုနစ်ဦးခန့်ရှိသည့် လူအုပ်၏ ဝိုင်းဝန်း ရိုက်နှက်ခံရမှုကို ၎င်းကရှင်းပြသည်။

ယင်းသင်တန်းသားနှစ်ဦးကို ရိုက်နှက်သူများမှာ တာမွေမြို့ရှိ DJ ကလပ်အနီးတွင် ညစဉ် ရမ်းကားနေသော လူငယ်အုပ်စု ဖြစ်ပြီး ရန်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ယင်းကလပ်အနီးတွင် နေထိုင်သူများက ပြောကြားသည်။

“ဘယ်ကလူတွေမှန်းလည်း မသိဘူး။ ရိုက်တာများ မြန်လိုက်တာ ရှောင်ချိန်တောင် မရဘူး” ဟု ဝိုင်းအရိုက်ခံရသူ ရေကြောင်း အရာရှိသင်တန်းသား ကိုစည်သူက ဆိုသည်။

ဝိုင်းရိုက်ခံရသည့် သင်တန်းသား နှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသနေရပြီး မစိုးရိမ်ရကြောင်း ယင်းဆေးရုံထံမှ စုံစမ်းသိရှိရသည်။

The Voice
Read more...

တောင်ကြီး၊ မော်လမြိုင်မြို့ များ၌ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ ဖွင့်လှစ်မည်

0 comments
7.9.2013

လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် တောင်ကြီးနှင့် မော်လမြိုင်မြို့များ၌ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းအသစ်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများသည် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစားပညာများ သင်ကြားပေးသည့်အပြင် ကျောင်းပညာရပ်များလည်း သင်ကြားပေးလျက်ရှိသည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်သာ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ရှိသဖြင့်လာမည့်နှစ်၌ တောင်ကြီးနှင့် မော်လမြိုင်မြို့များတွင်ထပ်မံဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက “တောင်ကြီးနဲ့ မော်လမြိုင်မှာအား/ကာ သိပ္ပံ အသစ်နှစ်ခု ထပ်ဖွင့်ဖို့ နိုင်ငံတော် ဘတ်ဂျက်ကျပြီးပါပြီ။လာမယ့်နှစ် ကျောင်းဖွင့်ရာသီအမီလောက်ဖွင့်နိုင် ဖို့မှန်းထားပါတယ်” ဟု
ပြောကြားခဲ့သည်။

Mizzima - News in Burmese
Read more...

ရှမ်းသံတော်ဆင့် သတင်းဌာန ပြည်တွင်းမှာ ထုတ်ဝေခွင့်ရ

0 comments
7.9.2013

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ အခြေစိုက်ပြီး တရားဝင် ဂျာနယ်တစ်စောင် ထုတ်ဝေဖြန့်ချိဖို့ ဒီနေ့မနက်က တရားဝင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာမှာ ဒီနေ့ညနေမှာပဲ ခွင့်ပြုချက်ရရှိသွားကြောင်း သတင်းရရှိပါတယ်။

မှတ်ပုံတင်ခွင့်ပြုကြောင်း စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်း ကြီးကြပ်ရေး ဗဟိုအဖွဲ့ရုံးက အကြောင်းပြန်လိုက်တာဖြစ်တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့အယ်ဒီတာ ကိုစိုင်းမိန်းက အခုလို ပြောပါတယ်။

“ဒီနေ့က ဖောင်သွားဝယ်တဲ့အချိန်မှာ ဒီပြန်ကြားရေး စာပေစိစစ်ရေးရုံးကတော့ ခင်ဗျားတို့ ဘာသတင်းနာမည်နဲ့ တင်မှာလဲ၊ ဘယ်သူလဲ၊ အိမ်ထောင်စုစာရင်းပါလား၊ မှတ်ပုံတင်ပါလား အဲ့လိုမျိုးမေးတယ်၊ အဲ့လိုမျိုးမေးတော့ အိမ်ထောင်စုစာရင်းလည်းပါတယ်၊ မှတ်ပုံတင်လည်းပါတယ်၊ ဒါပေမယ့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ မယူလာရသေးဘူး၊ အဲ့လိုမျိုးပြောတော့ သူတို့ကမလိုပါဘူးတဲ့၊ ဒီနေ့ပဲတင်လိုက်ပါ ရအောင်လုပ်ပေးပါ့မယ် ဆိုပြီးတော့မှ မထင်မှတ်ပဲ ဒီနေ့မှတ်ပုံတင် ကျလာတာပေါ့နော်”

ရှမ်းသံတော်ဆင့် သတင်းဌာနဟာ တောင်ကြီးမြို့မှာ ဂျာနယ်ထုတ်ဝေဖြန့်ချိဖို့ ရန်ကုန်မှာရှိတဲ့ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်းနဲ့ စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်း ကြီးကြပ်ရေးဗဟိုအဖွဲ့ရုံးမှာ တရားဝင်မှတ်ပုံတင်လိုက်တာဖြစ်ပါတယ်။

အခုလို တရားဝင်မှတ်ပုံတင်ပြီး သတင်းဂျာနယ်ထုတ်ဝေဖို့ စီစဉ်ခဲ့ရတာနဲ့ ပတ်သက်လို့ အယ်ဒီတာ ကိုစိုင်းမိန်းက အခုလို ဆက်ပြောပါတယ်။

“နိုင်ငံတော်က အမျိုးသားရင်ကြားစေ့ရေး၊ တန်းတူဖွံ့ဖြိုးတိုးတက်ရေး၊ တဖက်တလမ်းက လုပ်ဆောင်နေတယ်ဆိုတော့၊ ကျနော်တို့ ရှမ်းသံတော်ဆင့်အနေနဲ့လည်း လူထုအတွက် အကျိုးပြုတဲ့ ရည်ရွယ်ချက်လေးတွေရှိနေတော့ ကျနော်တို့လည်း ဒီရှမ်းပြည်မှာရှိနေတဲ့ သတင်းတွေ ပိုပြီးတော့မှ ထိထိရောက်ရောက် သတင်းတွေလိုက်နိုင်ဖို့ နယ်မြေခံတွေနဲ့ ပိုမိုထိထိတွေ့တွေ့ရှိဖို့ပေါ့၊ အဲ့ဒီရည်ရွယ်ချက်နဲ့ ရှမ်းပြည်တွင်းထဲမှာ ဂျာနယ်တစ်စောင်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှတ်ပုံတင်တာပါ”

ရှမ်းသံတော်ဆင့် သတင်းဌာနကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာလမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း လေးဘာသာနဲ့ သတင်း၊ ဆောင်းပါးတွေကို အင်တာနက် ဝက်ဆိုက်ပေါ်ကနေ ထုတ်ဝေနေသလို၊ တိုင်းရင်းသား သတင်းမီဒီယာအဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

နေလင်းသိုက်
Read more...

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအဖြေရှာဖို့ SSA (တောင်ပိုင်း) လိုလား

0 comments

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ ဒီကနေ့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့နဲ့ တွေ့ဆုံပါတယ်။ ဒီတွေ့ဆုံပွဲမှာ လွှတ်တော်ပြင်ပမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးပြသနာတွေ ဖြေရှင်းရေးကို အလေးထားတင်ပြခဲ့တယ်လို့ SSPP/SSA မြောက်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ကိုယ်စားလှယ်အဖွဲ့နဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ် ဌာနချုပ်က ရွှေလီရိပ်သာမှာ ဒီကနေ့မနက် ၈ နာရီကနေ တနာရီခွဲလောက်ကြာအောင် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ သူရဦးရွှေမန်းနဲ့အဖွဲ့ဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ဒုဗိုလ်ချုပ်ကြီးအောင်သိန်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်တိုင်းမှူးနဲ့ လွှတ်တော်ရေးရာကော်မတီဝင်ဥက္ကဋ္ဌတွေ ပါဝင် တက်ရောက်ခဲ့သလို SSPP/SSA မြောက်ပိုင်းဘက်ကတော့ အဖွဲ့ရဲ့ နာယက ဗိုလ်ချုပ်ဆေထင်ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ရှမ်းတပ်ဖွဲ့ဘက်က အလေးထားဆွေးနွေးတဲ့ အကြောင်းအရာတွေကို SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“ကျနော်တို့တင်ပြတာက အလုံးစုံအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ အောက်တိုဘာလထဲမှာ ကျင်းပမယ်လို့တော့ ကြားတယ်လေ။ အဲဒါကို ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ ခံယူတာက ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲထက် ကျနော်တို့အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးအဖြေရှာရေးကို လုပ်ရင် ပိုပြီးကောင်းမယ်လို့ ကျနော်တို့ တင်ပြတာပေါ့နော်။ ဆိုလိုတာက-အဲဒီ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ လက်နက်ကိုင်တိုင်းရင်းသားတွေရယ်၊ ပြည်သူ့ကိုယ်စားလှယ်တွေရယ်- နိုင်ငံရေးပြဿနာကို အမြန်ဆုံး ဆွေးနွေးပြီး အဖြေရှာရင်တော့ အပစ်အခတ်ရပ်စဲရေးက သူ့ဟာသူ အလိုလို ဖြစ်သွားမှာ ပါနော်။ အဲဒါကို ကျနော်တို့ တင်ပြတာလေ။”

ဒီဆွေးနွေးပွဲမှာ သူရဦးရွှေမန်းနဲ့အဖွဲ့ဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဒု-ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၊ စစ်တိုင်းမှူးနဲ့ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေ ပါဝင်တက်ရောက်ခဲ့ သလို SSPP/SSA မြောက်ပိုင်းဘက်ကတော့ အဖွဲ့ရဲ့နာယ ဗိုလ်ချုပ်ဆေထင်ဦးဆောင်တဲ့ ကိုယ်စားလှယ် ၅ ယောက် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အစိုးရဘက်က ပြည်တွင်းငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ရာမှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်ဆိုပြီး အဆင့် ၂ ဆင့် သတ်မှတ်ထားပါတယ်။ ပြည်ထောင်စုအဆင့်မှာ အပစ်အခတ်ရပ်စဲပြီးရင် ပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံဖို့နဲ့ ပြင်ဆင်မယ်ဆိုရင် လွှတ်တော်တွင်းမှာ အများဆန္ဒနဲ့အညီပြင်ဆင်ဖို့ဆိုပြီး လုပ်ငန်းစဉ် ချမှတ်ထားပါတယ်။

ဒီလုပ်ငန်းစဉ်အရဆိုရင် ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးနိုင်မှာဖြစ်တာကြောင့် လွှတ်တော်ပြင်ပမှာ ဆွေးနွေးရေးကို တောင်းဆိုတာဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
“အဲဒီ လွှတ်တော်ထဲ ဝင်ဖို့ဆိုတာက ၂၀၁၅ နောက်ပိုင်းမှ ဖြစ်နိုင်မယ်လေ။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲက ၂၀၁၅ မှ ကျင်းပမှာနော။ အဲဒါလုပ်ရင်တော့ လိုလားနေတဲ့ နိုင်ငံရေးဆွေးနွေးတဲ့ကိစ္စကို ၂၀၁၅ နောက်ပိုင်းမှ ဖြစ်မယ်လေ။ ခုန ကျနော်ပြောတဲ့အတိုင်းပေါ့။ လွှတ်တော်ပြင်ပ ကနေပြီး ဆွေးနွေးပြီးတော့ ရရှိတဲ့သဘောတူညီချက်ကို ကျနော်တို့ လွှတ်တော်ထဲမှာ အတည်ပြုပြဌာန်းပေးဖို့ပဲဖြစ်စေချင်တာပေါ့။”
ရှမ်းတပ်ဖွဲ့ဘက်က တင်ပြတဲ့ ဆွေးနွေးချက်ကိုတော့ သူရ ဦးရွှေမန်းက အခုလို တုံ့ပြန်ခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“ဦးရွှေမန်းကလည်း ကျနော်တို့တင်ပြချက်ကို သူက အလေး ထားသွားမယ်လို့တော့ ပြောသွားတာပေါ့နော။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ဒါက ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကလည်း လိုချင်နေကြတာကိုး။ တနိုင်ငံလုံးလည်း လိုချင်နေကြတယ်။ အစိုးရလည်း လိုချင်တယ်၊ လွှတ်တော်ကလည်း လိုချင်တယ်၊ တပ်ကလည်းလိုချင်တယ်၊ ဘယ်သူဖြစ်ဖြစ် အဲဒီ ငြိမ်းချမ်းရေးကိုပဲ လိုလားနေတော့ ရအောင်တော့ ညှိနှိုင်းဆောင်ရွက် သွားရမှာပေါ့နော။ ဦးရွှေမန်းလည်း သူက ပြောသွားပါတယ်။”

ဆွေးနွေးပွဲမှာ နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပြီး အဲဒီလိုဖြစ်တာကတော့ အပစ်ရပ်ဖို့ လက်မှတ် ထိုးစဉ်မှာ နယ်မြေသတ်မှတ်တာကို တိတိကျကျ မဆောင်ရွက်နိုင်တာကြောင့်ဖြစ်ကြောင်းနဲ့ နယ်မြေသတ်မှတ်ပြီးရင် ပြေလည်သွားမှာဖြစ်ကြောင်း ဦးသိန်းဇော်က ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းက တင်ပြထားတဲ့ လွှတ်တော်ပြင်ပမှာ တပြည်လုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ကရင့်အမျိုးသားအစည်းအရုံး KNU က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ သြဂုတ်လကုန်က တွေ့ဆုံစဉ်မှာ တင်ပြထားတာဖြစ်ပါတယ်။

အစိုးရဘက်ကတော့ လာမယ့်အောက်တိုဘာလအတွင်းမှာ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးပြီး ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 
VOA
Read more...

မှန်ကန်သည့် ကိုယ်ဟန်မူရာ(မိန်းကလေးများအတွက်)

0 comments
7.9.2013

လမ်းမပေါ်မှာ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှားနေတဲ့အခါ မိန်းကလေးတွေအနေနဲ့ မှန်ကန်တဲ့ ကိုယ်ဟန်မူရာမျိုး ရှိဖို့လိုပါတယ်… နေရာဒေသနဲ့ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုး၊ အချိန်အခါနဲ့ လျော်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုး၊ ရာသီဥတုနဲ့ လိုက်လျော်ညီထွေဖြစ်မယ့် ဝတ်စားဆင်ယင်မှုမျိုးရှိဖို့ လိုအပ်သလို မှန်ကန်တဲ့ ကိုယ်ဟန်မူရာရှိဖို့ကလည်း အရေးကြီးပါတယ်… ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ကိုယ့်အန္တရာယ်ကိုယ် ဖိတ်ခေါ်နေသလိုဖြစ်သွားနိုင်ပါတယ်….

အိန္ဒိယမှာဆိုရင်လည်း အမျိုးသမီးတွေ အဓမ္မကျင့်ခံရတဲ့ကိစ္စဟာ တစ်ကမ္ဘာလုံးဟိုးလေးတကျော်ကျော်ဖြစ်ရတဲ့အထိ ကျယ်ပြန့်များပြားနေပါတယ်… စိတ်ထားယုတ်ညံ့တဲ့ အမျိုးသားတွေရှိနေသမျှတော့ အမျိုးသမီးတွေရဲ့ဘဝဟာ ကမ္ဘာ့ဘယ်နေရာမှာပဲ ရောက်နေနေ မလုံခြုံနိုင်ပါဘူး.... ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ လမ်းလျှောက်တဲ့အခါနဲ့ ပြောဆိုဆက်ဆံတဲ့အခါတွေမှာ သူတို့ရဲ့ဟန်ပန်မူရာတွေဟာ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်ကိုဖိတ်ခေါ်သလိုမျိုး မဖြစ်ဖို့အရေးကြီးလာပါတယ်… ဒီလိုဟန်ပန်မူရာတွေကို ထိန်းသိမ်းလိုက်ရုံနဲ့ အမျိုးသားတွေကို လုံးဝဟန့်တားနိုင်မှာတော့ မဟုတ်ပါဘူး… ဒါပေမဲ့ လမ်းမပေါ်မှာ စနောက်အကြမ်းဖက်ခံရမယ့် အဖြစ်အပျက်အများအပြားကိုတော့ ကာကွယ်ပေးနိုင်ပါလိမ့်မယ်….

မိန်းကလေးတစ်ယောက်ထဲ လမ်းလျှောက်သွားပြီဆိုရင် ယောက်ျားအများစုက လိုက်ပြီး စနောက်ချဉ်းကပ်တတ်ကြပါတယ်… ဒါကို ဘယ်လိုကိုင်တွယ်ရင်ဆိုင်မလဲဆိုတာကို ကျွန်တော်တို့လေ့လာကြည့်ရအောင်….

မိန်းကလေးတွေအနေနဲ့ အမြဲတမ်းယုံကြည်မှုရှိနေဖို့နဲ့ စိတ်လှုပ်ရှားမသွားဖို့လိုပါတယ်… စသမျှနောက်သမျှကို လျစ်လျူရှုပြီး ရှေ့တည့်တည့်ကိုပဲကြည့်နေရုံပါပဲ…

၁) ယုံကြည်မှုရှိပါ
တကယ်လို့ သင့်ကိုယ်သင်ယုံကြည်မှုမရှိဘူးဆိုရင်တောင်မှ ယုံကြည်မှုရှိဟန်ဆောင်ဖို့သတိရပါ… သူတို့ကို သင့်ရဲ့အားငယ်ကြောက်ရွံ့မှုတွေကို မပြပါနဲ့… ဒါတွေကိုသူတို့သိသွားရင် သင့်ကိုအလွယ်တကူ ပစ်မှတ်ထားလာနိုင်ပါတယ်…

၂) ပြန်မပြောပါနဲ့
ကိုယ့်ကိုလာနှောင့်ယှက်တဲ့သူရဲ့ မေးခွန်းတွေကို ဘယ်တော့မှ ပြန်မဖြေပါနဲ့…. ဒီလိုဖြေလိုက်ရင် သူ့ကိုအရေးပေးတယ်လို့ ထင်သွားတတ်ပါတယ်…

၃) သတိရှိပါ
လာနှောင့်ယှက်တဲ့သူကို လျစ်လျူရှုပါ… တစ်ချိန်တည်းမှာပဲ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သတိထားပါ… အန္တရာယ်ရှိနေပြီလို့ သိတာနဲ့ သင့်ကိုယ်သင်ကာကွယ်ဖို့ လက်နက်တွေကို ပြင်ဆင်ထားပါ… (သင့်ပိုက်ဆံအိတ်၊ ထီး၊ စာအုပ်တွေနဲ့ ရေမွှေးပုလင်းတွေကို လက်နက်အဖြစ်သုံးနိုင်ပါတယ်…)

၎) ဒေါသမထွက်ပါနဲ့
နှောင့်ယှက်တဲ့သူအများစုအတွက် အဓိကပန်းတိုင်က သင့်ကို ဒေါသထွက်အောင်ဆွပေးဖို့ပါပဲ… ဒါမှသာ သူတို့အနေနဲ့ ဆက်လက်ချဉ်းကပ်ဖို့အကြောင်းဖန်ပြီးသားဖြစ်လာနိုင်ပါလိမ့်မယ်… ဒါကြောင့် ဒေသမထွက်ပါနဲ့… အထူးသဖြင့် လမ်းပေါ်မှာတစ်ယောက်ထဲဖြစ်နေတဲ့ အခါမျိုးမှာ စိတ်ကိုပိုထိန်းချုပ်ထားဖို့လိုပါလိမ့်မယ်…

၅) ရဲကိုခေါ်ပါ
အခြေအနေပိုဆိုးလာပြီဆိုရင်တော့ အခွင့်ကောင်းကိုရှာပြီး ရဲကိုခေါ်ပါ ဒါမှမဟုတ် အော်ဟစ်ပြီး အကူအညီတောင်းပါ….

၆) ထွက်မပြေးနဲ့
တစ်စုံတစ်ယောက်က သင့်လက်ကိုင်အိတ်ကို ဆွဲယူခဲ့ရင် ဒါမှမဟုတ် သင့်ကိုနှောင့်ယှက်လာခဲ့ရင် သူ့ကိုကျောခိုင်းပြီး ထွက်မပြေးပါနဲ့… နောက်ကလိုက်လာတာက ပိုအန္တရာယ်များပါတယ်…

၇) ကိုယ့်ကိုယ်ပြင်ဆင်ထားပါ
အခြေအနေအမျိုးမျိုးအတွက် သင့်ကိုယ်သင် ရုပ်ပိုင်းကော စိတ်ပိုင်းပါ ပြင်ဆင်ထားပါ…. ဒါပေမဲ့ ကြောက်စိတ်မွှန်ပြီး ထိတ်ထိတ်ပျာပျာမဖြစ်ပါနဲ့… ကြံ့ကြံ့ခိုင်တဲ့ စိတ်ရှိပါစေ…

မိန်းကလေးများအားလုံး မသမာသူတွေရဲ့ သားကောင်အဖြစ်က ရှောင်ရှားနိုင်ကြပါစေ….

Ref: Entertainment Times

နှိုင်းရင့်နွေ
Read more...

ဘုရင့်နောင် ရှမ်းပြည်သို့ချီတက်ခြင်း

0 comments

ဘုရင်နောင် အင်းဝကိုရပြီးနော်က အုံးပေါင်ခွန်မှိုင်းစားသော စဥ့်ကူးမြို့ကို ရေကြောင်းဆန်၍ လုပ်ကြံစေပြန်သည်။ မြန်မာသက္ကရာဇ် ၉၁၆၊ အေဒီ (၁၅၅၄) ခုနှစ် တပေါင်းလခန့်တွင် ဗန်းမော်ရှမ်းပြည်ဘက်သို့ ချီရာ ဓိကျည်၊ ကောင်းတုံ၊ ကောင်းစင်၊ ငရင်၊ ဗန်းမော် စသည်တို့မှ လက်ဆောင်တို့ဖြင့် ခိုဝင်လာသည်။ ထို့နောက် မိုးကောင်း၊ မိုးညှင်း၊ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင် စသောရှမ်းပြည်နယ်တလွှားကို သိပ်ယူလေသည်။ အေဒီ ၁၅၅၇ တွင် မိုးနဲကိုရသော် ထားစင်ဆိပ်မှ သံလွင်မြစ်ကို ကူးပြီးလျှင် ဇင်းမယ်သို့ ချီ၍ လုပ်ကြံသည်။ အေဒီ ၁၅၅၈ ခုတွင် မင်းနှင့်တကွ မြို့ကိုရသည်။ ဇင်းမယ်မင်း ကို မင်းမြဲပြုစေ၍ ဗင်းမယ်တွင် ဗမာတပ်ကို အစောင့်အနေချထားကာပြန်လေသည်။ အပြန်တွင်ဇင်းမယ်သား ပညာသည်တို့ကို ခေါ်ခဲ၍ ဟံသာဝတီတွင် အကွက်ချ၍ နေစေသည်။ ထိုအခါမှစ၍ မြန်မာနိုင်ငံသို့ ဇင်းမယ်ယွန်းထည်ပညာရောက်လာသည်ဟု ဆိုကြသည်။

ဇင်းမယ်ကိုရလျှင် သိန္နီစော်ဘွားသစ္စာခံလာသည်။ အေဒီ ၁၅၅၉ ခုနှစ်တွင် ကလေး၊ မင်းကင်းနယ်ပယ်များကို ကသည်းစော်ဘွားက သစ္စာခံ၍ သမီးတော်ကိုဆက်သည်။ အေဒီ ၁၅၆၂ ခုတွင်တရုတ်ပိုင်ယူနန်နယ်ကို ချင်းနင်းဝင်ရောက်ကာ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒား စသော ရှမ်း တရုတ် နယ်ပက်တို့ကို သိမ်းယူလေသည်။ ထိုဒေသတို့တွင် ဘုရင့်နောင်နှင့် သားတော်အိမ်ရှေစံ နန္ဒဘုရင်ကို အုပ်ချုပ်သော ဗမာတပ်သားတို့ တိုက်ခိုက်မှုများမှာ အံ့ဖွယ်သူရဲရှိလှကြောင်း ထိုခေတ်တရုတ်သမိုင်းတို့တွင် မှတ်တမ်းတင်ထားလေသည်။ အမှန်မှာ ဘုရင့်နောင်လက်ထက် ဗမာတပ်များသည် အရှအရှေပိုင်းတွင် တန်ခိုးထွားလျက်ရှိသော တရုတ် မင်မင်းဆက်၏ တပ်များကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲသဖြင့် အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသော တပ်ဖြစ်လာခဲ့သည်ဟု ဆိုနိုင်ပေသည်။

သိမ်းသွင်းထားပြီးဖြစ်သော နယ်အသီးသီးမှ စစ်သားများကို စုဆောင်း၍ ဖွဲ့စည်းထားသောကြောင့် လွန်စွာတောင့်တင်းသော ဘုရင့်နောင်၏ တပ်သည် အေဒီ ၁၅၆၃ ခုနှစ်တွင်ယိုးဒယား ပြည်တောင်ပိုင်း ကိုချီတက်တိုက်ခိုက်သည်။ ဘုရင့်နောင်က ယိုးဒယားသည် မြန်မာတို့၏ လက်နက်နိုင်ငံဖြစ်ကြောင်း ထင်ရှားစေလိုသည့် သဘောနှင့် ယိုးဒယားတွင်ရှိသော ဆင်ဖြူလေးစီးမှ တစ်စီးတောင်းသည်ကို ယိုးဒယားတို့ မပေးသဖြင့် ချီတက်ခြင်းဖြစ်သည်။ ယိုးဒယားမင်းကိုယ်တိုင် ကွပ်ကဲတိုက်ခိုက်သော လုံကလိတပ်ကို သင်္ဘောသုံးစီးနှင့်တကွ ရသည်တွင် ယိုးဒယားမင်းလက်နက်ချ၍ ဆင်ဖြူတော်များကို ဆက်သည်။ ဤတွင် ဘုရင့်နောင်မင်းတရားသည် ဟံသာဝတီ ဆင်ဖြူများရှင် ဘွဲကိုခံယူရရှိသည်။ ယိုးဒယားကို အောင်ပြီးနောက် ဟံသာဝတီ ဆင်ဖြူများရှင်သည် ယိုးဒယားတော်ကြီး ဗြမဟိန်အား ယိုးဒယားကို မင်းပြုစေပြီးလျှင် တပ်သား ၃၀၀၀ ခန့်ပါဝင်သော ဗမာမြို့စောင့်တပ်တစ်ခုချထားခဲသည်။ ယိုးဒယားမင်းကြီး ဗြသာဓိရာဇာ၊ သားငယ် ဗြရာမသွန်၊ အမတ်ကြီး အောက်ဗြစက္ကီနှင့် ဆင်ဖြူလေးစီးကို ဆောင်ယူခဲ့သည်။ ထိုမှတပါး အနုပညာဆိုင်ရာ အဖိုးတန်ပစ္စည်း၊ ယိုးဒယားသား အချက်အပြုတ်၊ အတီးအမှုတ်၊ လက်မှုပညာတို့ ကို သားမယားနှင့်တကွ ဆောင်ယူခဲ့၍ အသီးသီး အကွက်အရပ်ချ၍ နေစေသည်။


ဘုရင့်နောင်သည် ရန်သူကိုပင် စိတ်သဘောထားကြီးစွာဖြင့် ခွင့်လွှတ်တော်မူတတ်သည့် ဝါသနာအတိုင်း ယိုးဒယားဘုရင် ဗြသာဓိရာဇာအား ရဟန်းဝတ်ခွင့်ပြုပြီးလျှင် ယိုးဒယားသို့ပြန်လို့သည် ဆို၍ ပြန်ခွင့်ပြုသည်။ သို့ရာတွင် ယိုးဒယားဘုရင်သည် ယိုးဒယားသို့ရောက်သော် လူသူလက်နက်စုဆောင်း၍ တော်လှန်ပုန်ကန်လေသည်။ အေဒီ ၁၅၆၈ ခုနှစ်တွင် ဘုရင့်နောင်သည် ယိုးဒယားသို့ချီတော်မူ၍ ၁၀ လခန့် မြို့ကိုဝန်းရံ၍ မင်းနှင့်တကွ တစ်မြို့လုံးကိုရသည်။ ယိုးဒယား ကိုရ၍ လင်းဇင်းသို့ချီတော်မူသည်။

လင်းဇင်းမင်းဗြဲစဲစစ် ထွက်ပြေး၍ မရသော်လည်း မိဖုရား၊ သမီး၊ ကိုယ်လုပ်မောင်းမနှင့် မှူးမတ်ဆင်မြင်းလူသူတို့ကို ရသည်။ မိဖုရား၊ သမိး၊ ကိုယ်လုပ်တော်များကို အသုံးအဆောင် အဝတ်အစား အစေအပါးပေးတော်မူ၍ နန်းတွင်းတွင် ကောင်းမွန်စွာထားတော်မူသည်။ လင်းဇင်းမင်းညီ မိုင်းခံစားစော်ဘွားအားလည်း အဆောင်အယောင် အခြံအရံ အိမ်ရာပေးတော်မူ၍ အပါးတော်တွင် မပြတ်မြဲစွဲစေသည်။ လင်းဇင်းမှရခဲ့သော လူတစ်ထောင်ကျော်ကိုလည်း အကြီးခေါင်းနှင့်အတူ အစုအကွက်ချ၍ အမှုတော်ကို ထမ်းစေလေသည်။

ဆက်ရန်.....

စစ်ကိုင်းစည်သူကျော်ထင် အေဒီ ၁၅၅၁-၁၅၅၄
တပင်ရွှေထီးလက်ထက် မြန်မာသက္ကရာဇ် (၉၀၆) ခုတွင် စလင်းစည်သူကျော်ထင်နှင့် ပဲခူးစည်သူကျော်ထင်သည် ဆင်စီးချင်းတိုက်ခိုက်ကြရာ စလင်းစည်သူကျော်ထင် အရေးမသာသဖြင့် ဆင်တစ်ကောင်နှင့် လောင်းရှည်ကြောင်း ချင်းတောင်ကိုပြေးလေ၏။ စလင်းစည်သူကျော်ထင်ကို ချင်းတို့ဖမ်းမိပြီး မိုးညှင်းစဝ်လုံငယ်သို့ ဆက်သ၏။ မိုးညှင်းစဝ်လုံငယ်၏ အကူအညီဖြင့် အင်းဝကိုလုပ်ကြံရန်အတွက် ဆင်ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သည်သူရဲငါးသောင်းပေး၍ သက္ကရာဇ် (၉၀၇) ခုတွင် ယခုစစ်ကိုင်းမြို့ကိုတည်တော်မူသည်။

အေဒီ ၁၅၅၁ ခုတွင် စစ်ကိုင်းစည်သူကျော်ထင်သည် ဆင်မြင်းအလုံးအရင်းနှင့် အင်းဝသို့ချီတက် တိုက်ခိုက်သည်။ အင်းဝဘုရင်နရပတိသည် မခုခံနိုင်သဖြင့် ပြည်သို့ရောက်လာသော ဘုရင့်နောင်ထံသို့ သားတော်သမီးတော်နှင့်တကွ ဆင်မြင်းအလုံးအရင်းကိုယူ၍ ကျွန်ခံလာသည်။ စစ်ကိုင်းစည်သူကျော်ထင်လည်း နရပတိဟူသောအမည်ဖြင့် အင်းဝနန်းတက်၍ မင်းပြုလေသည်။

မြန်မာသက္ကရာဇ် (၉၁၅) ခုနှစ်၊ အေဒီ ၁၅၅၃ ခုတွင် ဥပရာဇာ ဦးဆောင်သော ဟံသာဝတီတပ်သည် အင်းဝသို့ချီတက်လေသည်။ အင်းဝဘုရင်လည်း အုန်းပေါင်း၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းစော်ဘွားတို့၏ အကူအညီဖြင့် အခိုင်အလုံရှိသဖြင့် ဥပရာဇာတို့ ပြန်ဆုတ်ခဲ့ကြသည်။ အေဒီ ၁၅၅၄ ခုတွင် ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်၍ တိုက်ခိုက်လုပ်ကြံရာ အလိုပြည့်လေသည်။ အင်းဝဘုရင် နရပတိကိုကား အသက်အရွယ်ကြီးရင့်၍ သနားသဖြင့် သစ္စာတော်ပေးပြီးလျှင် ဟံသာဝတီသို့ပို့ကာ အလုပ်အကျွေး ၃၀ ကျော်ပေး၍ ကောင်းမွန်စွာထားသည်။ ညီတော် မင်းရဲကျော်ထင်ကိုလည်း သတိုးမင်းစော အမည်ပေး၍ အင်းဝဘုရင်ခံအဖြစ် ခန့်ပြီးလျှင် မိဖုရားခေါင်ကြီးတွင်မြင်သော သမီးတော်ကြီးနှင့် စုလျားရစ်ပတ် လက်ထပ်ပေးတော်မူသည်။

မိုးဗြဲနရပတိမင်း အေဒီ ၁၅၄၅-၁၅၅၁
မြန်မာသက္ကရာဇ် (၉၀၇) ခု၊ အေဒီ ၁၅၄၅ ခုတွင် မိုးဗြဲမင်းသည် နရပတိဟူသောအမည်နှင့် အင်းဝရွှေနန်းကို တက်တော်မူသည်။ စစ်ကိုင်းစည်သူကျော်ထင်လည်း စစ်မက်မပြက်ဖြစ်ကြသည်။ မိုးဗြဲနရပတိသည် အင်းဝကိုတက်လျှင် အုန်းပေါင်းဆွေကြီးတို့ကိုလည်း မဆက်ဆံ။ ရှမ်းအသုံးအဆောင် အကျင့်အာစာရကိုလည်းမကြိုက်၊ မင်းတရား ရွှေထီးသို့ စေပါ၍ မဟာမိတ်ဆွေခင်ပွန်းပြုတော်မူ၏။ စစ်ကိုင်းစည်သူကျော်ထင်ကိုလည်း မပြတ်လှုပ်ချောက်ရ၏။ ချစ်ကျွန်လည်းပြု၏။

အုန်းပေါင်ခွန်မိန်း AD ၁၅၄၃-၁၅၄၅
သိုဟန်ဘွားအနီစ္စရောက်ပြီးနောက် အင်းဝတွင်ရှိသော မှူးမတ်အပေါင်းတို့က မင်းကြီးရန်နောင်အား မင်းပြုရန် တောင်းဆိုသော်လည်း မင်းကြီးရန်နောင်အလိုမရှိသဖြင့် အုန်းပေါင်ခွန်မှိုင်းငယ်ကို အင်းဝမင်းပြုစေသည်။ မင်းကြီးရန်နောင်အား တလုပ်မြို့ကို ပိုင်စားစေသော်လည်း နောက်တစ်နှစ်တွင် မင်းကြီးရန်နောင်သည် မက္ခရာအရပ်၌ ရဟန်းဝတ်သွားလေတော့သည်။ အေဒီ ၁၅၄၃ ခုနှစ် အုန်းပေါင်းခွန်မိန်းသည် အင်းဝမင်းဖြစ်သောအခါ ညောင်ရွှေ၊ မိုးနဲ၊ ဗန်းမော်၊ မိုးမိတ်၊ မိုးညှင်းစော်ဘွားများနှင့် တိုင်ပင်၍ ကြည်းအားရေအားဖြင့် ပြည်သို့ချီတက် တိုက်ခိုက်တော်မူသည်။ ပြည်သတိုးဓမ္မရာဇာလည်း အင်အားမမျှသဖြင့် ထွက်မတိုက်ဝံ့ပေ။ တပင်ရွှေထီးသည်လည်း ရေအားကြည်းအား ဆင်မြင်းအလုံးအရင်းနှင့် ဟံသာဝတိမှ ပြည်သို့ချီတက်လာသည်။ ထိုတိုက်ပွဲတွင် တပင်ရွှေထီးတပ်က ရှမ်းစော်ဘွားများ၏ ရေတပ်ကိုစတင်တိုက်ခိုက်ရာ ရှမ်းရေတပ်ပျက်၍ ရိက္ခာများမလုံလောက် ဖြစ်ရသည်။ ရှမ်းစော်ဘွားများ ပြန်ဆုတ်သည့် အကြောင်းကိုသိ၍ တပင်ရွှေထီးသည် ဘုရင့်နောင်ကျော်ထင်နော်ရထာနှင့်တကွ ငါးတပ်လုံး ဆင်ပါမြင်းပါနှင့် လိုက်၍တိုက်ခိုက်လေရာ စော်ဘွားများတပ်ပျက်၍ အင်းဝသို့ဝင်လေသည်။ တပင်ရွှေထီးသည် အင်ဝပိုင် နယ်မြေအချိုကို သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၉၀၇ ခု၊ အေဒီ ၁၅၄၅ တွင် အုန်းပေါခွန်မိန်း အနိစ္စရောက်လေသည်။ ထိုနောက် အင်းဝနန်းကို ယင်း၏သားတော် မိုးဗြဲနရပတိမင်း နန်းတက်တော်မူသည်။ အေဒီ ၁၅၄၉ တပင်ရွေထီးသည် ယိုးဒယားသို့ ချီတက်တိုက်ခိုက်သည်။ အေးဒီ ၁၅၅၀ ခုနှစ်တွင် စစ်တောင်းစား ငမိန်စောထွန်းလုပ်ကြံ၍ တပင်ရွှေထီးနတ်ရွာစံပြီး ဘုရင့်နောင်က တောင်ငူထီးနန်းကို ဆက်ခံသည်။

သိုဟန်ဘွား AD 1527-1543
မြန်မာသက္ကရာဇ် (၈၈၈) ခု၊ အေဒီ ၁၅၂၇ ခု အင်းဝပျက်သည့်နှစ်သည် မင်းဝမင်းနရပတိ၊ ပြည်ဘုရင် ဆင်ဖြူရှင် သတို့မင်းစော၊ ဟံသာဝတီမင်း ဗညားရံတို့ အနိစ္စရောက်သည့် နှစ်လည်းသည်။ ထိုအချိန်ကား ရှမ်းပြည်တွင် သိုဟန်ဘွား ဒုတိယအကြိမ် နန်းတက်ခြင်းဖြစ်သည်။

သက္ကရာဇ် (၇၂၆)၊ အေဒီ ၁၃၆၄ ခုတွင် အင်းဝကို သတိုးမင်းဖျားက တည်ထောင်ပြီး ဘုရင်နရပတိ တိုင်အောင် မင်း ၁၄ ပါးတွင် မင်းစဉ်ပြတ်၍ မိုးညှင်းစဝ်လုံသား သိုဟန်ဘွားသည် အင်းဝကိုတက်၍ မင်းပြုတော်မူသည်။ သိုဟန်ဘွားကို အဘစဝ်လုံပေးသော အလုံးအရင်းကား တိုက်ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သူရဲခြောက်သောင်း ပေးသည်ဟူ၏။ နရပတိ၏တူတော် မင်းကြီးရန်နောင်သည် အင်းဝပျက်သောအခါ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေသည်ကို မိုးညှင်းစဝ်လုံကျခါ်၍ "ငါ့သား သိုဟန်ဘွားသည် ဗမာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင်ပဲ့ပြင်၍ စီရင်ခင်းစီရင်ဖွယ်ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ" ဟူ၍ ဆို၏။ ပြင်စည်မြို့ကိုလည်း ပေး၍ စား၏။ စဝ်လုံလည်း အင်းဝနိုင်ငံကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ပြန်လေ၏။ သိုဟန်ဘွားလည်း စလင်းမြို့ကို စည်သူကျော်ထင်အားပေး၏။ ပုဂံကို သတို့အားပေးမြဲပေး၍ စားရ၏။ ကမ်းနီမြို့ကို နော်ရထာအားပေး၏။ ပေါင်းတည်ကို ပျံချီကိုပေး၏။ အမြင့်ကို သက်တော်ရှည်အားပေး၏။

အင်းဝဘုရင်သိုဟန်ဘွားလည်း ပြည်တောင်ငူသို့ချီ၍ သိမ်းယူမည့်အကြောင်းကို မင်းကြီးရန်နောင်အား တိုင်ပင်တော်မူသော် မင်းကြီးရန်နောင်လည်း "ဤစော်ဘွားချီ၍ လုပ်ကြံချေက ပြည်တောင်ငူမျှသည် ခံနိုင်ချိမ့်မည်မဟုတ်။ ယင်းသို့မခံနိုင်၍ ပျက်ခဲ့လျှင် ဗမာနိုင်ငံ ဟူ၍ မရှိပြီ။ ရှမ်းတို့သာ ဗမာတို့ကို အစိုးရလေတော့မည်။ ကြွင်းမိသည့် ဗမာကြွင်းပါစေ" အမှတ်ရှိ၍ ဤသို့လျှောက်၏။ "ပြည်တောင်ငူကိုချီ၍ လုပ်ကြံတော်မူမည် မိန့်တော်မူရာမှာ ဆင်မြင်းဗိုလ်ပါသာ ပင်ပန်းတော့မည်။ ဘုန်းတော်ကြောင့် အလိုလိုညွတ်လာလေမည်။ အင်းဝကို အလိုတော်ပြည့်လေပြီးသည်ကို နေဝံ့မည်လော" ဟူ၍ လျှောက်၏။

"သိုဟန်ဘွားကား ကောင်းမှု မကောင်းမှုကိုမသိ။ ရတနာသုံးပါး ကိုလည်း မရိုသေ။ ချီ၍ လုပ်ကြံက ပျက်ချေတော့မည်။" ဟုယူဆ၍ သိုဟန်ဘွားထံ လက်ဆောင်ပဏ္ဏာများ ဆက်သပြီး ရင်းနှီးမှုကို ရယူမှ နိုင်ငံအရှည်တည်တံ့မည့် အကြောင်းကို ပြည်တောင်ငူမင်းတို့အား မင်းကြီးရန်နောင်က စကားဆိုသည်။ ပြည်တောင်ငူမင်းတို့လည်း ပဏ္ဏာကာရပို့သကြ၍ အချစ်ကိုယ်တူဖြစ်ကြ၏။ တောင်ငူနယ်စပ်နှင့် အင်းဝကျေးစပ်တွင် ရှမ်းတို့နေလာမည်စိုး၍ ကန်ချောင်းဆည်မြောင်းရှိသမျှကိုလည်း တောင်ငူမဟာသီရိဇေယျသူရက ဖျက်ဆီးရ၏။ သက္ကရာဇ် (၈၉၂) ခုတွင် တောင်ငူမဟာသီရိ ဇေယျသူရ အနိစ္စရောက်၍ သားတော်မင်းတရား ရွှေထီးမင်းဖြစ်သည်။

သက္ကရာဇ် (၈၉၄) အေဒီ ၁၅၃၂ ခုနှစ်တွင် မိုးညှင်း စဝ်လုံသည် အင်းဝသို့ချီလာပြီး သားသိုဟန်ဘွားကိုခေါ်ပြီး ပြည်သို့ချီလေသည်။ ပြည်ဘူရင်ထွေးလည်း မိုးညှင်းစဝ်လုံ တို့တိုက်ခိုက်လျှင် အထူးထူးသော ပုဆိုးကောင်းများကိုယူ၍ အခြွေအရံ (၁၀၀၀) ခန့်နှင့် မိုးညှင်းစဝ်လုံကို ဆက်သလေ၏။ မိုးညှင်းစဝ်လုံလည်း အခြွေအရံနှင့်တကွ သိမ်းပြီးလျှင် အင်းဝသို့ပြန်လေသည်။ အင်းဝသို့ရောက်လျှင် အင်းဝတွင် စီမံခန့်ခွဲပြီး ပြန်လေ၏။ ဒီပဲယင်းသို့ရောက်လျှင် ပြည်ဘုရင်ထွေးကို အခြွေအရံနှင့်တကွ လွှတ်ပေးလေ၏။ မိုးညှင်းစလုံလည်းမြေတူးအလွန်သို့ ရောက်လျှင် အတွင်းရှမ်းအပြင်ရှမ်း အချင်းတများရှိရာတွင် မိမိကျွန်အမတ်တို့ လုပ်ကြံ၍ အနိစ္စရောက်တော်မူလေ၏။

အေဒီ ၁၅၃၉ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးသည် ဟံသာဝတီကို တိုက်ခိုက်သိမ်းပိုက်သည်။ မွန်ဘုရင်သူရှင်တကာရွတ်ပိ မခံနိုင်သဖြင့် ယောက်ဖတော် ပြည်ဘုရင် နရပတိထံသို့ ပူးပေါင်းလေသည်။ တပင်ရွှေထီးတို့သည် ပြည်အထိ လိုက်၍တိုက်ခိုက်သည်။ ပြည်ဘုရင်လည်း အင်းဝဘုရင် သိုဟန်ဘွားကို အကူအညီတောင်းသဖြင့် အင်းဝဘုရင် သိုဟန်ဘွားသည် ရေတပ်ဖြင့် ပြည်သို့ရောက်လာ၏။ ရေတပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုနှစ် ပြည်ကို တပင်ရွှေထီးတို့က မအောင်နိုင်သေးချေ။ အေဒီ ၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး ကြည်းတပ်အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်ပြန်၏။
ပြည်ကိုဝန်းရံတိုက်ခိုက်စဉ် အင်းဝဘုရင်သိုဟန်ဘွား၊ အုန်းပေါင်းခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစဝ်လုံငယ် တို့သည် ပြည်ဘုရင်ကို ကူညီရန်အတွက်ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က လမ်းတွင်ဆီးကြိုတိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားများပျက်၍ အင်းဝသို့ ဆုတ်ခွာကြရလေသည်။

အင်းဝတွင် သိုဟန်ဘွားသည် "ရဟန်းသံဃာတို့သည် သားမယားမရှိဘဲလျက် တပည့်တပန်းထား၍ အခြွေအရံဆည်းပူးကြသည်။ ပုန်ကန်သောင်းကျန်းလိုက ပုန်ကန်သောင်းကျန်းနိုင်ဖွယ်ရှိသည်" ဟုသံဃာတော်များကို အလှူဒါန လုပ်ဟန်ဖြင့် ပင့်ဆောင်၍ သတ်ပစ်လေသည်။ ထို့ကြောင့် အေဒီ ၁၅၄၈ ခုတွင် မင်းကြီးရန်နောင်က ပရိယာယ်ဆင်၍ သိုဟန်ဘွားကို လုပ်ကြံသတ်ဖြတ်ပစ်လေသည်။

မိုးညင်းစလုံ (စ၀်လုံ) အင်းဝ ကို တိုက်ခိုက်ခြင်း
မိုးညင်း (မိုင်းယန်း)သည် မွန်ဂိုတို့လက်ထက် ၁၂၈၉ ခုနှစ်မှစ၍ ရှိနေကြောင်းသိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာဖော်ပြထားသည်။ ဧရာဝတီနှင့် ချင်းတွင်းမြစ်နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီးတစ်ခုဖြစ်ခဲသည်။ အေဒီ ၁၄၁၆ ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ အေဒီ ၁၅၀၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် ဆင်မြင်းအလုံးအရင်းနှင့် ဒီပဲယင်းမြို့ကို တိုက်ခိုက်သိမ်းယူတော်မူသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် မင်းကင်းမြို့ကို ဝန်းရံတိုက်ခိုက်သည်။ အင်းဝဘုရင်နရပတိတို့လည်း မြေတူးသို့ချီတက်၍ ခုခံသည်။ နရပတိတို့ မခုခံနိုင်၍ မြေတူးမြို့ကို မိုးညှင်းတို့ရလေသည်။ အေဒီ ၁၅၂၄ ခုနှစ်တွင် မိုးညှင်းစဝ်လုံသည် စစ်ကိုင်းသို့ ချီတက်လေသည်။

ပြည်ဘုရင်သတိုးမင်းစောသည် မိုးညှင်းစဝ်လုံ နှင့်ပူးပေါင်း၍ အင်းဝကိုတိုက်ခိုက်လေသည်။ အင်းဝဘုရင်နရပတိနှင့် အုန်းပေါင်ခွန်ငယ် တို့ပူးပေါင်း၍ ခုခံလေသည်။ ပြည်ဘုရင် သတိုးမင်းစောသည် ရေကြောင်းမှနေ၍ အင်းဝကို ချီတက်တိုက်ခိုက်ပြီး မိုးညှင်းစဝ်လုံတို့က ကြည်းကြောင်းဖြင့် ဝန်းရံတိုက်ခိုက်သောကြောင့် အင်းဝဘုရင်နှင့် အုန်းပေါင်းခွန်မိန်းငယ် တို့သည် မခံနိုင်သဖြင့် အရှေ့ဆင်ခေါင်းသို့ ဆုတ်ခွာ၍ နေရချေ၏။ မိုးညှင်းစဝ်လုံသည် ပြည်သတိုးမင်းစောကို အင်းဝနန်းတင်လေသည်။ ဆင်ကောင်းမြင်းကောင်းကို သိမ်းယူပြီး စစ်ကိုင်းဘက်သို့ကူး၍ မိုးညှင်းသို့ ပြန်လေ၏။ ပြည်ဘုရင်သတိုးမင်းစောလည်း မိုးညှင်းစဝ်လုံ ပြန်လျှင် အင်းဝတွင်ရှိသော လူကြီးတို့ကိုသိမ်းယူ၍ စုန်တော်မူ၏။ ပြည်ဘုရင်သတိုးမင်းစော ပြည်သို့စုန်လျှင် နရပတိ နှင့် အုန်းပေါင်းခွန်မိန်းငယ်သည် အင်းဝသို့ပြန်ဝင်လေ၏။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းတို့တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူလေသည်။ အင်းဝဘုရင်နရပတိ နှင့်အုန်းပေါင်းခွန်မိန်းသည်လည်း လူအင်အားစုရုံး၍ တောင်ငူမြို့အထိပြန်လည်တိုက်ခိုက်ခဲ့သည်။ သို့သော် တောင်ငူမြို့ကိုကား မသိမ်းနိုင်ခဲ့ချေ။

နရပတိသည် အင်းဝတွင် ပြန်လည်အင်အားစုဆောင်းနေလေသည်။ အေဒီ ၁၅၂၇ ခုနှစ် မြန်မာသက္ကရာဇ် (၈၈၈) တွင် မိုးညှင်းစဝ်လုံသည် စစ်အင်အားများစွာဖြင့် အင်းဝသို့ ချီတက်လာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်းအနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစဝ်လုံတို့သည် ဟန်လင်းမှတဆင့် စစ်ကိုင်းသို့ချီလာ၍ အင်းဝကို ဝန်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်းခွန်မိန်း ငယ်မရောက်သေးသောကြောင့် အင်အားမမျှသေး၍ထွက်မတိုက်သေးချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့တွင်းသို့ဝင်ရောက်တိုက်ခိုက်လေသည်။ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသောဆင်ကိုစီး၍ ထွက်လာသောအခါ မိုးညှင်းစဝ်လုံနှင့် သားတော်အိမ်ရှေ့မင်း သိုဟန်ဘွားသည် ဆင်နှင့်ခံ၍တိုက်လေသည်။ နရပတိသည် ဦးခေါင်းတွင် အမြောက်ဆံသင့်၍ နတ်ရွာစံလေသည်။

ရှမ်းညီနောင် သုံးပါး
အခါတပါး ဘိန္နမြို့ကိုအစိုးရသော စော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိ၏။ စော်ဘွားကြီးမရှိ၍ သားတော်ကြီးက ဘိန္နကမြို့ကို မင်းပြုတော်မူ၏။ နောင်တော်၏ လုပ်ကြံမှုကိုစိုးရိမ်သဖြင့် ညီတော်အငယ် သိင်္ဂဗိုလ်သည် အလုပ်အကြွေးတို့နှင့်တကွ မြင်ဆိုင်းအရပ်သို့ တိမ်းရှောင်လာသည်။ မြင်ဆိုင်းတွင် အသည်သူကြွယ် သမီးနှင့် အိမ်ထောင်ပြုပြီး ရာဇသင်္ကြန်၊ အသင်္ခရာ၊ သီဟသူဟူသော သားတော်သုံးပါး ထွန်းကားသည်။ အခါတပါး သိင်္ဂဗိုလ်သည် တူးရွင်းထမ်းပြီး တောသို့ သွားရာတွင် နောက်ကတူးရွင်းကို မိုးကြိုးပစ်လေ၏။ သိင်္ဂဗိုလ်သည် "ငါကား အိုမင်းပြီ၊ ငါ့သားမြေးတို့သည် ရှေ့သို့အထင်အရှား ကောင်းစားရစ်လိမ့်မည်" ဟူ၍နိမိတ်ကိုဖတ်ပြီး သားသုံးယောက်ကို နရသီဟပတေ့မင်းကြီးအား ဆက်သလေ၏။နရသီဟပတေ့မင်းကြီးသည်လည်း ထိုသူတို့၏ အသွင်အပြင်ကို မြင်တော်မူသည်ဖြစ်၍ အပါးတော်တွင်ခစားစေ၏။ ထိုသုံးယောက်တို့သည် နရသီဟပတေ့မင်း ပေးအပ်သော တာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သဖြင့် ဆုလာဘ်တော်နှင့်တကွ ကျေးရွာပေးတော်မူ၏။နရသီဟပတေ့မင်းကြီး မရှိ၍သားတော်ကျော်စွာမင်း လက်ထက်တွင်လည်း အမှုတော်ကို ထမ်းသည်။ အောင်မြင်မှုများ၍ ကျေနပ်အားရတော်မူသောကြောင့် အစ်ကိုအကြီးကို ရာဇသင်္ကြန်ဟူသော အမည်ဖြင့် မြင်ဆိုင်းမြို့ကို ပေးတော်မူ၏။ ညီအလတ်ကိုလည်း အသင်္ခရာ ဟူသောအမည်ဖြင့် မက္ခရာမြို့ကိုပေးတော်မူ၏။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ (ပင်လယ်ဘူး) ကိုပေးတော်မူ၏။

AD- ၁၂၈၇ ခုနှစ်တွင် မွန်ဂိုတပ်များ ပုဂံသို့ လာရောက် တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းသည် ပြည်သို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သားတော် သီဟသူက ခမည်းတော်ကို အဆိပ်ခတ်၍ လုပ်ကြံသဖြင့် နရသီဟပတေ့ (ခေါ်) တရုတ်ပြေးမင်း နတ်ရွာစံလေသည်။ သီဟသူသည်လည်း ပဲခူးစား ငပမွန်ငယ်ကို လေးနှင်ပစ်ရာ မိမိမြှားဖြင့် မိမိကိုယ်ကိုထိ၍ နတ်ရွာစံလေသည်။ ထို့နောက် နရသီဟပတေ့မင်း၏ သားတော်အငယ် ကျော်စွာမင်းသည် ၁၂၈၉ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းမြန်းအုပ်စိုးသည်။

ကျော်စွာမင်း မင်းဖြစ်တော်မူလာပြီးနောက် မိဖုရားဖွားစောကို တိုင်ပင်ခြင်းမရှိသဖြင့် မင်း (၃) ဆက်တိုင်အောင် မိဖုရားဖြစ်ခဲသော မိဖုရားဖွားစောသည် ကျော်စွာမင်းအပေါ် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မိဖုရားစောသည် ရှမ်းညီနောင်သုံးဦးကို တိုင်ပင်၍ ကျော်စွာမင်းကို နန်းချရန်စီစဉ်လေသည်။

ရှမ်းညီနောင်သုံးဦးတို့သည် အစတွင် ပုဂံ၏ကျေးဇူးသစ္စာကို ခံယူဟန်ဆောင်ခဲ့ကြသည်။ မွန်ဂိုတို့ကို ကြောက်ရွံ့၍လည်း ပုန်ကန်သူများအဖြစ် မခံယူလိုပေ။ သို့ရာတွင် သီဟသူသည် အေဒီ ၁၂၉၅ ခုနှစ်တွင် ဧကရာဇ် အဖြစ်ကြေညာသည်။ ကျော်စွာမင်းသည် မွန်ဂိုတို့နှင့် အဆက်အသွယ်ရှိနေရကား ရာဇသင်္ကြန်နှင့် သီဟသူတို့တို့သည် တကောင်းတွင်ရှိသော မွန်ဂိုတို့ကို တိုက်ခိုက်သည်။ ထို့နောက် ပုဂံကိုတိုက်ခိုက်၍ AD ၁၂၉၈ တွင် ကျော်စွာမင်းကိုနန်းချကြသည်။ မိဖုရားစောနှင့်တိုင်ပင်၍ ကျော်စွာမင်းကို သားနှင့်တကွ မြင်စိုင်းသို့ပင့်ဆောင်၍ သင်္ကန်းဝတ်စေပြီး မြင်စိုင်း၌ အစောင့်အရှောက်နှင့်တကွ ထား၏။ ဤအတွင်း ကျောင်ဆည်ခရိုင်၏ အနောက်ဘက်ပိုင်းတွင် သီရိရာဇာ အမည်ဖြင့် ဗမာဘုရင်တစ်ပါးပေါ်ပေါက်၍ ရှမ်းတို့ကိုတိုက်ခိုက်သည်။ ရှမ်းတို့သည် ပပိုင်ဆီပူ (ဇင်းမယ်)မှ စစ်ကူတောင်းကာ စားရေရိက္ခာကြွယ်ဝလှသော မြစ်သာဆယ်တစ်ခရိုင်လုံးကိုသိမ်းပိုက်ကြသည်။ ၁၂၉၉ ခုနှစ်တွင် ရှမ်းတို့သည် စောနစ်မင်းကိုပုဂံ၌ နန်းတင်၍ ရုပ်သေးရုပ်အဖြစ်ထားကာ မွန်ဂိုတို့ကို တစ်ဘက်တွင် လှည့်ဖြား၍ ပိရိစွာလိမ်လည် ထားကြသည်။


အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များ မင်းရိုးကို နန်းတင်ရန်အတွက်
မြင်စိုင်းသို့ ရောက်လာကြသည်။ ရှမ်းညီနောင်သုံးဦးတို့သည် ထိုအကြောင်းကို
ကြားသိသဖြင့် နန်းကျကျော်စွာကို သတ်ပြီး မင်းရိုးမရှိပြီ ဟုပြောကာ
ကျော်စွာမင်း၏ ခေါင်းကို မွန်ဂိုတို့အားပြလေ၏။ မွန်ဂိုစစ်သူကြီးတို့လဲ
"မင်းရိုးမရှိလျှင် ငါတို့ပြန်မည်။ လက်ဆောင်ပဏ္ဏာကရသာ ပေးတော့"
ဟုဆိုလာသဖြင့် ရှမ်းညီနောင်သုံးပါးတို့သည်လည်း လက်ဆောင်ပဏ္ဏာ၊
လက်နက်များစွာစီရင်၍ ပို့လေသည်။ မွန်ဂိုတို့သည် မိမိတို့၏စစ်သည်အင်အားကို
ပြလို၍ အလျားတာ (၇၀၀၀)၊ အနံ (၂) တာ၊ စောက် (၂) တာရှိသည့်
နယ်ခြားမြောင်းကို နေဝင်ပြီးမှ စတင်တူးဖော်ရာ နေမထွက်ခင်
တူးပြီးသည်ဟုဆိုသည်။ တူးရွင်းသွားထိုးမိ၍ ပြတ်လေသော
လက်ဖျားခြေဖျားတို့ကို ကောက်ယူစုပုံထားသဖြင့် ဆယ်တင်းဝင်ပုတ်နှင့်
ပြည့်သည်ဟူ၏။ ထိုမွန်ဂိုတပ်များထဲတွင် တရုတ်စစ်သည်တော်များ၊
မောရှမ်းစစ်သည်တော်များ၊ မိုးမိတ်၊ မိုးကောင်းစစ်သည်တော်များ၊
ရှဲန်ဆည်စစ်သည်တော်များ ပါဝင်လာကြသဖြင့် မြောင်းကိုဦးဆောင်တူးသူမှာ
မိုးမိတ်စောဘွား ခွန်ယီကွဲခမ်းနှင့် ရှဲန်ဆည်မှ တောဝ့်နွဲ့ချယ်
တို့ဖြစ်သည်။ မွန်ဂိုတို့သည်လည်း ကျော်စွာမင်း၏
ဦးခေါင်းကိုယူ၍ပြန်လေသည်။

(မြန်မာ့စွယ်စုံကျမ်းတွင်မူ အေဒီ ၁၃၀၁ ခုနှစ်တွင် မွန်ဂိုတပ်များသည်
ရှမ်းညီနောင်တို့၏ မြိုတော်ဖြစ်သော မြင်စိုင်းမြိုကို
ချီတက်တိုက်ခိုက်ကြသည်။ မိမိတို့ထံ ထွက်ပြေးလာသော (နန်းကျကျော်စွာ၏သား)
ရဟန်းတော် ကုမာရကဿပ ကိုလည်း နန်းတင်ရန် တစ်ပါတည်းခေါ်လာကြသည်။
မြင်စိုင်းကို ရံ၍တိုက်ရာ အောင်လုနီးပါးတွင် ရှမ်းညီနောင်တို့၏
ပရိယာယ်ကြောင့် အလံကိုဖြုတ်ပြီးလျှင် မွန်ဂိုတပ်များ
ဆုတ်ခွါသွားကြလေသည်။တက်တော်မူမင်းကြီး အမည်ခံယူသော ကုမာရကဿပသည်လည်း
မွန်ဂိုတပ်များနှင့် ပြန်လည်လိုက်ပါသွားရလေသည်။)

အေဒီ ၁၃၁၂ ခုနှစ်တွင် သီဟသူသည် မြစ်ငယ်မြစ်နှင့်
ပေါင်းလောင်းမြစ်ဆုံရာတွင် ပင်းယမြို့ကိုတည်ထောင်စိုးစံတော်မူလေသည်။
ပင်းယမြို့ကိုတည်ထောင်၍ (၆) နှစ်ရှိသောအခါ သားတော်ဥဇနာကို အိမ်ရှေ့အရာ
ပေးတော်မူ၏။ သားတော်အလတ်ကျော်စွာအား ပင်လယ်ဘူးမြို့ကိုပေးတော်မူ၏။
သားတော်အငယ် နော်ရထာကို ရှစ်ရှားမြို့ကိုပေးတော်မူ၏။ တရံရောအခါတောင်ငူစား
သဝန်ငယ်သည် ဆက်ကပ်မြဲ မဆက်သောကြောင့် သားတော်အိမ်ရှေ့ဥပစာနှင့်
သားတော်အလတ်ကျော်စွာကို အလုံးအရင်း ဆင်မြင်းများနှင့်ချီရလေ၏။
တောင်ငူသဝန်ငယ်သည် မထောင်သာဝန့်သဖြင့် သစ္စာတော်ခံပြီး လက်ဆောင်ပဏ္ဏာများ
ဆက်သခဲ့ရသည်။ ညီနောင်သုံးပါးသည် (၁၂) နှစ်တိုင် မြင်စိုင်း၊ မက္ခရာ၊
ပင်လယ်ဘူး တို့၌ တိုင်းပြည်ကို အပြိုင်အုပ်စိုးခဲ့ကြသည်။ နန်းသက် (၁၂)
နှစ်ရှိသောအခါ အေဒီ ၁၃၁၅ ခုတွင် ညီတော်သီဟသူသည် နောင်တော် အသင်္ခရာအား
ဆေးဖြင့်လုပ်ကြံသဖြင့် နောင်တော် အသင်္ခရာနတ်ရွာစံလေသည်။ အေဒီ ၁၃၂၇ တွင်
ရာဇသင်္ကြန်သည် မကျန်းမာ၍ နတ်ရွာစံလေသည်။

တစ်စီးရှင်သီဟသူသည် အိမ်နိမ့် (၃၃)၊ စည်းစိမ် (၂၂)၊ သက်တော် (၅၅)
နှစ်တွင်နတ်ရွာစံလေသည်။ ထို့နောက် သားတော်ဥဇနာသည် ခမည်းတော်၏ ထီးနန်းကို
ဆက်ခံလေသည်။ ဥဇနာမင်းသည် အိမ်နိမ့် (၂၂)၊ စည်းစိမ် (၂၀)၊ သက်တော်
(၄၂)နှစ်တွင် ညီတော်ကျော်စွာအား ထီးနန်းလွှဲအပ်တော်မူလေသည်။
ကျော်စွာမင်းသည် အိမ်နိမ့် (၃၆)၊ စည်းစိမ် (၉)၊ သက်တော် (၄၅)နှစ်တွင်
နတ်ရွာစံလေသည်။ ယင်းနောက် သားတော်ကျော်စွာသည် (၁၀) နှစ်မင်းဖြစ်တော်မူ၏။
၎င်းနောက် အေဒီ (၁၃၆၃) ခုတွင် ကျော်စွာ၏ညီတော် နရသူသည် (၃)
နှစ်မင်းဖြစ်ခဲပြီး မောရှမ်းတို့ကဖမ်းဆီးသွားသောကြောင့် "မောပါနရသူ" ဟူ၍
အမည်တွင်လေသည်။

အေဒီ ၁၃၁၅ ခုနှစ်တွင် သီဟသူ၏သားတော်ငယ် အသင်္ခရာစောယွန်း
(မြောက်နန်းမိဖုရား၏သားတော်) သည် စစ်ကိုင်းမြို့ကိုတည်တော်မူသည်။
(စစ်ကိုင်းကို ရှမ်းဘာသာဖြင့် "စေကျိုင်း" ဟုခေါ်သည်။ "စေ" သည် "ဒေသ"
ဖြစ်၍၊ "ကျိုင်း" သည် "မန်ကျည်းပင်" ဖြစ်သည်။ ထို့ကြောင့် "စေကျိုင်း"
ဆိုသည်မှာ မန်ကျည်းပင် ပေါသောဒေသ" ဟုအဓိပ္ပာယ်ရသည်။) အေဒီ ၁၃၆၃ ခုနှစ်
ကဆုန်လတွင် နရသူ၏ ဖိတ်ခေါ်ချက်အရ မောရှမ်းတို့သည် စစ်ကိုင်းကို
တိုက်ခိုက်၍ ထိုနှစ် နယုန်လတွင် ပင်းယကို တိုက်ခိုက်လေသဖြင့်
စစ်ကိုင်းနှင့်ပင်းယ နှစ်မြို့လုံးပျက်ရသည်။ မောရှမ်းတို့သည်
ပင်းယမြို့ကိုနိုင်ပြီး နရသူနှင့်တကွ ဆင်ဖြူ (၃) စီးကိုယူကာ ပြန်လေလျှင်
နရသူ၏နောင်တော် ဥဇနာပျောင်ကို အမှူးအမတ်အပေါင်း ညှိ၍ စောဥမ္မာနှင့်စုံဖက်၍
နန်းတင်ကြသည်။ ဥဇနာပျောင်နန်းတက်၍ သုံးလရှိသောအခါ သတိုးမင်းဖျားသည်
ကြခတ်ဝမှလာ၍ ဥဇနာပျောင်ကို လုပ်ကြံပြီးသော် စောဥမ္မာကို မိဖုရားမြှောက်၍
ပင်းယကို မင်းပြုတော်မူ၏။ အင်းဝသည် မင်းဆက် (၆) ဆက်၊ မင်းသက် (၅၂) နှစ်
ရှိခဲ့ပြီး စစ်ကိုင်းသည် မင်းဆက် (၇) ဆက်၊ မင်းသက် (၃၉) နှစ်ရှိခဲ့သည်။

အင်းဝမင်းကြီးစွာစော်ကဲ (အေဒီ ၁၃၆၈-၁၄၀၁) နှင့် ယင်း၏သားတော် မင်းခေါင်
(အေဒီ ၁၄၀၁-၁၄၂၁) တို့လက်ထက်တွင် အင်းဝနှင့် ဟံသာဝတီတို့ နှစ်ပေါင်း (၄၀)
ကာလကြာစစ်ပွဲများ ဖြစ်ပွားခဲ့သော်လည်း မည်သူက မည်သူ့ကိုနိုင်အောင်
မတိုက်နိုင်ခဲ့ပေ။ ထိုခေတ်ဟံသာဝတီ မင်းကား ရာဇာဓိရာဇ်မင်းဖြစ်ပေသည်။ အေဒီ
၁၄၁၇ ခုနှစ်တွင် ၄င်းတို့စစ်ပွဲများ ရပ်တန့်ခဲ့လေသည်။ အင်းဝနှင့်
ဟံသာဝတီတို့စစ်ဖြစ်နေသောအချိန်တွင် ဗမာလူမျိုးတို့သည် တောင်ငူတွင်
စိုးစံခဲ့ပြီး ဗမာနိုင်ငံတော်ကို ထူထောင်နိုင်ရန်အတွက် အင်အားစုဆောင်းသော
အချိန်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ရှမ်းလူမျိုးတို့၏သမိုင်း AD ၁၂၈၀-၁၅၅၄
မန်မာရာဇဝင်သမိုင်းများ၊ ကုန်းဘောင်သီပေါရာဇဝင်များအရ ရှမ်းပြည်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကမင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် "ရှမ်းမင်းအစ ဘိန္နက" ဟုပင်ရေးသားခဲ့ကြလေသည်။ ထိုရာဇဝင်အရ တကောင်းမင်းအဘိရာဇာ၏ အဖဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာပြီးလျှင် ဧရာဝတီမြစ်အနောက်ဘက် မလယ်အရပ်တွင် စိုးစံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသောဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကိုဦးဆောင်သော ထိုမင်း၏ညီတော် ဘိန္နကရာဇ်သည် ရွှေလီမြစ် အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာဘက်ကမ်းတွင် "မိုင်းမော" ဟုခေါ်တွင်သောဒေသတွင် အခြေချကာ ရှမ်းတစ်ဆယ်ကိုးခရိုင်ကို တည်ထောင်ခဲ့သည်ဟုဆိုသည်။ ထိုကြောင့် "ရှမ်းပြည်ထောင်အစ မိုင်းမောက" ဟုလည်းဆိုရိုးပြုခဲ့ကြလေသည်။

ရှမ်း လူမျိုးများ...။

တိုင်းမောဝ်(Tai Mao)
ရွှေလီမြစ်ကို ရှမ်းလူမျိုးများက နမ့်မောဝ် (Nam Mao) ဟုခေါ်သည်။ ထိုမြစ်ဝှမ်းတစ်လျှောက်တွင် နေထိုင်သော ရှမ်းများကို တိုင်းမောဝ် (မောရှမ်း) ဟုခေါ်သည်။ တိုင်းမောဝ်တို့သည် တာပိန်မြစ်ဝှမ်းတွင်လည်း နေထိုင်ကြသည်။ အေဒီ ၁၂၃၅ ခုနှစ် နန်ချောင်းနိုင်ငံတော်ကြီး ပျက်စီးခဲ့ရပြီးနောက် တိုင်း (ရှမ်း) လူမျိုးတို့သည် အာရှအရှေတောင်ဘက်သို့ အစုလိုက်ဝင်ရောက်နေထိုင်လာကြသည်။ မဲခေါင်မြစ်၊ မဲနမ်မြစ်၊ သံလွင်မြစ်၊ ရွှေလီမြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဗြဟ္မပုတြမြစ် အတိုင်းစုန်ဆင်း၍ လုပ်ကိုင်စားသောက်ရန် လွယ်ကူသော နေရာများတွင် အခြေချနေထိုင်ပြီး အိုးအိမ်မြို့ရွာများ တည်ထောင်ကြသည်။ အေဒီ ၁၂-၁၃ ရာစုတွင် တိုင်းမောဝ်များသည် မောအင်ပါယာ (Mao Empire) ကိုတည်ထောင်ခဲ့သည်။ တိုင်းတုမ်း၊ တိုင်းဝမ်း ၊တိုင်းခွမ်၊ တိုင်းဆာ တို့သည်လည်း တိုင်းမောဝ်းလူမျိုးများပင်ဖြစ်သည်။ ၄င်းတို့သည် နန်ချောင်မင်းဆက်ကို တည်ထောင်သော ရှမ်းအုပ်စုများဖြစ်သည်။ တရုတ်လူမျိုးများနှင့် အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်သော်လည်း ကြံကြံခံ၍ ခုခံတိုက်ခိုက်ခဲ့သဖြင်ယင်းတို့ကို တိုင်းခေ ဟုခေါ်သည်။ ရှမ်းခြောက်ပြည်တောင်စု ဟုလဲခေါ်သည်။ အေဒီ ၁၂၃၅ ခု တွင် မောရှမ်းတို့သည် မွန်ဂိုတို့ကို ခုခံတိုက်ခိုက်ခြင်းမရှိပဲ ပြေလည်အောင် ဆက်ဆံခဲသဖြင့် မောအင်ပါယာ မပျက်စီးခဲ့ပေ။

ရှမ်းကြီး (ခ) တိုင်းလုံ (ခ) တိုင်းယိုင်
ရှမ်းကြီးတို့သည် ရှမ်းပြည်နယ် အနှံ့အပြားတွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင်လည်းကောင်း နေထိုင်ကြသည်။ သို့သော် ရှမ်းကြာ ဗမာဖြစ် ဆို့သည့်အတိုင်း ရှမ်းများသည် ဗမာ ဖြစ်ကုန်ကြသည်လဲရှိသည်။ ရှမ်းကြီးတို့သည် အိုက်လောဝ် Ai-Lao တို့ဖြစ်ကြပြီး လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က တရုတ်တို့ကို စစ်ရှုံးပြီး သံလွင်မြစ်၊ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာခဲ့သူများဖြစ်သည်။ နန်ချောင်းခေတ်တွင် ရှမ်းကြီးတို့သည် မိန်းမင်းဆက် (Mong Dynasty) များဖြစ်ကြပြီး နန်ချောင်းထီးနန်းကို စိုက်ထူခဲ့ကြသူများဖြစ်သည်။ လုံနိုင်ငံတော်မှ လာသော ရှမ်းများဖြစ်သဖြင့် တိုင်းလုံ (ရှမ်းကြီး) ဟုခေါ်သည်။ လုံ သည် ရှမ်းစကားတွင် ကြီးသည်ဟုအဓိပ္ပာယ်ရသည်။ ယိုင် သည်လဲ ကြီးသည်ဟုအဓိပ္ပာယ်ရသဖြင့် ရှမ်းကြီးကို တိုင်းယိုင်ဟုလဲခေါ်သည်။

တိုင်းလူး (ဆစ်ဆောင်ပန်းနား)
ဆစ်ဆောင်ပန်းနား ဒေသသည် တောင်ဘက်တွင် ရှမ်းပြည်နယ် (မြန်မာ)၊ အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက်တွင် ယူနန်နယ်နှင့်စပ်လှက်ရှိပြီး တရုတ်ပြည်၏ တောင်ပိုင်းတွင်ရှိသည်။ ဆစ်ဆောင်ပန်းနားဒေသတွင် နေထိုင်သောရှမ်းများကို တိုင်းလူး (လူးရှမ်း) ဟုခေါ်သည်။ ဆစ်ဆောင်ပန်းနားသည် လူးရှမ်းတို့၏ တိုင်းပြည်ဖြစ်ပြီး "ဆယ်နှစ်ပြည်ထောင်တိုင်းပြည်" ဟုအဓိပ္ပာယ်ရသည်။ ထိုကဲသို့ ဆယ်နှစ်ပြည်ထောင် အုပ်ချုရေးစနစ်သည် ရှေးခေတ် ရှမ်းလူမျိုးတို့၏ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ မြန်မာပြည်ရှိ ရှမ်းတို့သည်လဲ အေဒီ ၉၅၇ ခုတွင် ကမ္ဘောဒီးယားမှ "တိုင်းခိုရတ်" (ခိုရတ်ရှမ်း) တို့ထံမှ အုပ်ချုပ်ရေးစနစ် ကိုယူ၍ (၁၂) ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ကြသည်။ ဘုရင့်နောင်လက်ထက်သို့ရောက်သောအခါ (၉) ပြည်ထောင်စနစ်ဖြင့် တိုင်းပြည်ကို စီမခန့်ခွဲသည်ကို တွေ့ရသည်။ မဲခေါင်မြစ် အနောက်ဘက်တွင် (၁၂) မြို့၊ အရှေ့ဘက်တွင် (၁) မြို့ရှိသည်။ "ဆစ်ဆောင်" သည် (၁၂) ဟုအဓိပ္ပာယ်ရှိသည်။ ငါးမြိုမှ ဆယ်မြို့ ရှိသောဒေသကို "တစ်ပန်းနား" ဟုခေါ်သည်။ တစ်နည်းအားဖြင့် "ပန်း" သည် ရှစ်ဆယ်ဖြစ်ပြီး "နား" သည် လယ် ဖြစ်သည်။တိုင်းလူးများကို တရုတ်တို့က ပါးယီ (Pa Yi) ဟုခေါ်သည်။ လူးရှမ်းများသည် ကျိုင်းတုံဒေသ၊ လမ်းပွန်ဒေသ၊ ကျိုန်းဟိုင်းဒေသ၊ လောနိုင်ငံအတွင်းပိုင်း နမ့်ဦးဒေသ၊ လောနိုင်ငံရှိ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်မှ စီထန်ထရွန် (Si Tan Dorn) ကျွန်းစုလေးထောင် အထိနေထိုင်ကြသည်။ အေဒီ ၁၉၁၈ ခုတွင် တရုတ်ပြည်အတွင်၌ လူးရှမ်းဦးရေ ၃၅၀,၀၀၀ ဦး၊ ကျိုင်းတုံဒေသတွင် ၅၀၀,၀၀၀ ဦး၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ၇၅၀,၀၀၀ ဦးရှိသည်။ ဆစ်ဆောင်ပန်းနား၏ မြို့တော်သည် ကျိုင်းဟုန် (Chieng Rung = အာရုံဦးမြို့တော်) ဖြစ်သည်။ ဆစ်ဆောင်ပန်းနားဒေသသည် မူလက မြန်မာပြည်ရှိ ရှမ်းလူမျိုးများနှင့် အတူရှိခဲ့ပြီး အေဒီ ၁၈၇၄ ခုတွင် ကျိုင်းတုံစော်ဘွားနှင့် မြန်မာဘုရင်တပ်များက သွားရောက်တိုက်ခိုက်သဖြင့် လူးရှမ်းများက တရုတ်တို့ကို အကူအညီတောင်းခဲ့သည်။ နောက်ပိုင်းတွင် တရုတ်တို့နှင့်သာ အဆက်အသွယ်များခဲ့သည်။ အေဒီ ၁၈၉၂ ခုတွင် အင်္ဂလိပ်တို့က ဆစ်ဆောင်ပန်းနားဒေသကို တရုတ်ပြည်သို့ ခွဲပေးခဲ့သည်။ လူးရှမ်းတို့၏ သမိုင်းဝင်မြိုတော်များက သုံးမြို့ရှိသည်။ ၎င်းတို့မှာ ကျိုင်းတုံ (မြန်မာ)၊ မိန်းလျဲန်း (တရုတ်)၊ ကျိုင်းဟုန့် (တရုတ်) တို့ဖြစ်သည်။ လူးရှမ်းများသည် အေဒီ ၁၃ ရာစုတွင် ကျိုင်းတုံမှ တဆင့် ဗုဒ္ဓဘာသာ (ထေရဝါဒ) ကိုစတင်ရရှိခဲ့သည်။ နတ်ကိုးကွယ်သူတချို့လည်း ရှိနေသေးသည်။ နှစ်သစ်ရောက်လျှင် ဝက်ဖြင့်နတ်ကို ပူဇော်ကြသည်ကို တွေ့ ရသည်။
Read more...

ဒါတွေကပြည်သူ့အတွက်လား?

0 comments
သို့
 ဦးသိန်းစိန်  နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်
 အကြောင်းအရာ။ လောဘဇောတိုက်နေသော အာဏာရှင်တစ်ယောက်အကြောင်းတင်ပြခြင်း

၁။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေကြောများထွက်ရှိရာ မြေနေရာအားလုံးကို ၎င်း၏ လုယုံတပည့်ရင်း ဦးသိန်းဟန်(ရွှေပြည်သာ ရွှေတူး ဖော်ရေး ကုမ္ပဏီ)နှင့် ပူးပေါင်း၍ လက်ဝါးကြီးအုပ် သိမ်းယူထားကြပါသည်။ ၂။ ယခုအခါ သိတ်ကျင်းမြို့နယ်အတွင်းရှိ ၀က်သေကျေးရွာနှင့် သက်ရှည်ကျေးရွာမှ ရွာသူရွာသားများ မှာ အလွန်အမင်းနိုင့်ထက်စီးနင်း ပြုမူမှုများကြောင့် မခံမရပ်နိုင်ဖြစ်ကာ ကုမ္ပဏီနှင့် အကြီးအကျယ် ပြဿနာ ဖြစ်ပွားခဲ့ပါသည်။ သက်ဆိုင်ရာ ဌာနအသီးသီးသို့ တိုင်ကြား အသနားခံခဲ့ကြသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။ နောက်ဆုံးကြားသိရသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ယခု ဖြစ်ပွားခဲ့သော အမှုတွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ချထားပေးလိုက်ပြီဟု သိရ ပါသည်။ သို့အတွက်ကြောင့် ဦးရဲမြင့်လက်ထဲသို့ အမှုတွဲပြန်လည်ရောက်ရှိလာပါက မိမိတို့ ကျေးလက်နေ ဆင်းရဲသားများကို ယခင်ကထက် ဖိနှိပ်ချုပ်ချယ်မှုများ ပိုမိုလုပ်ဆောင်လာမည်ကို စိုးရိမ်နေကြရပါသည်။ ၃။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရေတံခွန်တောင် ဂေါက်ကွင်း အနောက် တောင်ဖက်ခြမ်းတွင် ဦးရဲမြင့်၏ ၎င်း စစ်တိုင်းမှူးဘ၀က သိမ်းယူခဲ့သော လယ်ယာမြေ များစွာရှိပါသည်။ သို့သော် အားမရနိုင်သေးဘဲ ယခု ၀န်ကြီးချုပ်ဘ၀တွင် ရေတံခွန်တောင်ဂေါက်ကွင်း၏ မြောက်ဖက်ခြမ်း၊ မန္တလေးနည်းပညာတက္ကသိုလ် အရှေ့ဖက် (ရွှေကျင်၊ ရေထွက်ကျေးရွာအနီး)၀န်းကျင်ရှိ တစ်နှစ်လျင် သုံးသီးစား လယ်မြေဧကများစွာကို ဦးရဲမြင့်၏ဇနီး ဒေါ်မြတ်ငွေအမည်ဖြင့် ရယူလွှဲပြောင်းထားပြီး ၀ယ်ယူသူ ရှိပါက အမည်ပေါက်ပါ တခါတည်း လွှဲပြောင်းရောင်းချနေပါသည်။ ၄။ ပုသိမ်ကြီးမြို့နယ်၊ မြေစာရင်းရုံး၌ ဦးရဲမြင့်၏ဇနီး ဒေါ်မြတ်ငွေ၏ အမည်ပေါက် လယ်ယာမြေ ဧက (၁၀၀)ကျော်ခန့် ပိုင်ဆိုင်ထားကြောင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ ၎င်းပိုင် လယ်ယာမြေများသို့ အလွယ် တကူ ၀င်ထွက်နိုင်ရန်နှင့် ပြန်လည်ရောင်းချပါက ဈေးကောင်းရရှိရန်အတွက် ဦးရဲမြင့်၏ တပည့်ရင်း ဗိုလ်မှူး မျိုးလွင်နှင့် ဦးခိုင်ဇော်လင်း (ဆုလျှံထွန်းကုမ္ပဏီ)တို့အား လမ်းများဖောက်ရန် စေခိုင်းထားပါသည်။ ဦးခိုင်ဇော်လင်း(ဆုလျှံထွန်းကုမ္ပဏီ)တွင်လည်း ၎င်း၏သား နိုင်လင်းအောင်အတွက် အစုရှယ်ယာများ ထည့်သွင်းပေးထားရပါသည်။ ၅။ ဆုလျှံထွန်းကုမ္ပဏီမှာ ၎င်း၏သား နိုင်လင်းအောင်နှင့်ပူးပေါင်း၍ မိတ္ထီလာခရိုင်အတွင်း၌ လမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြပါသည်။ ၆။ ဦးခိုင်ဇော်လင်းပိုင်ဆိုင်သော မန္တလေးမြို့ပတ်လမ်းနှင့် ၂၂ လမ်းထောင့်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ View Point ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်မှာလည်း ဦးရဲမြင့်မှ ၎င်း မန္တလေးတိုင်းမှူးဖြစ်စဉ်က နေရာချထားပေးခဲ့သော ဆိုင်ဖြစ်ပါသည်။ ၎င်းဆိုင်မြေနေရာမှာ မန္တလေးစည်ပင်ပိုင်မြေ ဖြစ်ပါသည်။
ဒါတွေဟာပြည်သူ့အတွက်ပါလားဗျာ။
ဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
 မိတ္တူ
သူရ ဦးရွှေမန်း၊ ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းသံဃာ့မဟာနာယကအဖွဲ့ မန္တလေးတိုင်း၊ မစိုးရိမ်တိုက်မကြီး၊ မန္တလေး ဥက္ကဋ္ဌ၊ မြို့နယ်သံဃာ့မဟာနာယကအဖွဲ့၊ သပိတ်ကျင်းမြို့

Myanmar News Update
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here