Tuesday, January 7, 2014

ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲ ဆက်ဖြစ်နေဆဲ

0 comments


7.1.2014

ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) လက်အောက် ခံတပ်ရင်း (၃၄) တပ်ဖွဲ့နှင့် တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပူးပေါင်း ထားသည့် စစ်ကြောင်း သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန် နှင့် မန်တုံမြို့ နယ်ကြား၌ လှုပ်ရှား နေစဉ် အစိုးရ ခမရ (၅၀၆) စစ်ကြောင်း တပ်ဖွဲ့နှင့် ဘန်ကျ လို့ ကျေးရွာ အနီးတွင် ယမာန့်နေ့ မွန်းလွဲ တနာရီခန့် တွင်မိနစ် (၃၀)ခန့် တိုက်ပွဲဖြစ် ပွားခဲ့ သည်ဟု (KIA) တပ်မဟာ (၄)မှူး ဗိုလ်မှူးကြီး ဇောင်လီက ဆိုပါ သည်။

“ ဒီနှစ်ရက် သုံးရက် တလောမှာ တော့ အစိုးရစစ်ကြောင်း တွေမြို့ပေါ်ကို ရောက် ကုန်ကြ တယ်လေ။ တိုက်ပွဲက တော့ သွားရင်း လာရင်း ဆိုဒီလို ဘဲဖြစ်တာ ဘဲ လေ။ အခုလည်း သူတို့ နမ့်ဆမ် ကို အသွားလမ်း မှာဆုံတော့ဖြစ် တာပေါ့။ တိုက်ပွဲဖြစ် သွားပြီး ဆိုရင်တော့ အနည်းဆုံး ကမိနစ် (၃၀) လောက် တော့ ကြာ မှာဘဲ။” ဟုဆိုပါသည်။

အထိ အခိုက် အကျအဆုံး မသိ ရသေးသော် လည်း မဟာမိတ်တပ် ဖွဲ့ ဖက်မှ ထိခိုက်မှု မရှိဟု ဆိုပါသည်။ အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း ရှိ (KIA) တပ်ဖွဲ့ များနှင့် (TNLA) တပ်ဖွဲ့များ သည် ၄င်းတို့အနီး ရှိနေသောမြို့ များ အနီးပတ် ၀န်းကျင် တွင်သာ လှုပ်ရှား နေကြပါသည်။ မြို့နှင့် မိနစ်(၃၀) ခန့်ခရီး အကွာ အဝေး တွင်လှုပ်ရှား နေကြပြီး အချိန် မရွေး တိုက်ပွဲ ဖြစ်ပွား နိုင်ပါသည်။

ဤသို့ကြောင့် တိုက်ပွဲသည် အစိုးရ တပ်များ၏ လှုပ်ရှားမှုများ အပေါ် မူတည်နေ ပါသည်။ ယခုရက်ပိုင်း တွင်လည်း အစိုးရ တပ်ဖွဲ့များ သည် (KIA) တပ်မဟာ (၄) ဧရိယာ အတွင်းပိုင်း သို့ လှုပ်ရှားမှု မရှိတော့ သဖြင့် မလွဲမရှောင် သာသော တိုက်ပွဲ ငယ်များ ဖြစ်သော်လည်း အရေအ တွက်ကျဲ လာခဲ့ပြီး ဖြစ်ကြောင်း ဆိုပါသည်။

ရှမ်းပြည် မြောက်ပိုင်း တွင် (KIA) တပ်ရင်း (၈)ရင်းနှင့် (TNLA) တပ်ရင်း (၆)ရင်း ခန့် စုစုပေါင်း အင်အား (၃)ထောင် ခန့်လှုပ်ရှားနေသည် ဟု ဒေသခံ များက ခန့်မှန်းခဲ့ ပါသည်။ ထို့ပြင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန် လည် ထူထောင်ရေး ပါတီ (RCSS) တပ်များ လည်း လားရှိုး သီပေါ နမ္မတူ နှင့် ကွတ်ခိုင် တ၀ိုက်တွင် အနည်းဆုံး အင်အား တထောင် ငါးရာခန့် လှုပ်ရှား နေသည်ဟု ဒေသခံများ ကခန့်မှန်းထား ပါသည်။

ဤကဲ့သို့ (KIA) နှင့် (TNLA) ဖက်တွင် တိုက်ပွဲများ ကျဲလာသည် နှင့်အမျှ အစိုးရ အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး သည် စစ်ဆင်ရေး မရှိခဲ့သည် မှာ ကြာပြီး ဖြစ်သော (SSPP) တို့အား သီပေါမြို့ နယ်အတွင်း လှုပ်ရှားနေ သော တပ်ဖွဲ့များ ကိုဖယ် ရှားပေး ရန်ပြီးခဲ့ သည့် ဒီဇင်ဘာ လအကုန် ပိုင်းတွင် ရာဇ သံ ပေးပြီး တောင်းဆို ခဲ့သည်။

ဤသည် လောလော ဆယ် အစိုးရ တပ်ဖွဲ့များ ကျင့်သုံးနေ သော စစ်ပရိယာယ်ဟု ဗိုလ်မှူးကြီး ဇောင်လီက ဆိုပါသည်။ ဤကဲ့သို့ ပင်နိုင်ငံရေး စစ်မျက်နှာ တွင် လည်း ဦးစားပေး ဆက်ဆံသော အဖွဲ့များနှင့် ဖိအားပေး ခံရသော အဖွဲ့များ ခွဲပြီး တလှည့်စီ သွေးခွဲသည့် ပေါ်လစီ စနစ်ဖြင့် ကျင့်သုံးနေ ပါကြောင်း သုံးသပ် ပါသည်။ 

ရွှေဟသာင်္သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here