Friday, August 10, 2012

စေတနာရှင်ပရဟိတအသင်းမှ ဝါတွင်း (၃)လ ဥပုပ်နေ့တိုင်း ဆွမ်းလောင်း

0 comments
စေတနာရှင်ပရဟိတအသင်းမှ ဝါတွင်း (၃)လ ဥပုပ်နေ့တိုင်း ဆွမ်းလောင်းပွဲကို ကျင်းပလောင်းလှူခဲ့ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပါသည်။


စေတနာရှင်ပရဟိတအသင်းအနေဖြင့် ၀ါတွင်း(၃)လ ဥပုပ်နေ့တိုင်းတွင် တာချီလိတ်မြို့ပါလျှံ(၁) ဈေးရှေ့၌ နံနက်(၅)နာရီတွင် စတင်လောင်းလှူလျက်ရှိကြောင်းသိရှိရသည်။ ဒုတိယအကြိမ်တွင် သံဃာတော်အပါး(၁၀၀) ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ကြသည်။


စေတနာရှင်ပရဟိတအသင်းအနေဖြင့် ၀ါတွင်း(၃)လအတွင်း ဆွမ်းလောင်းလှူမည့် အကြိမ်မှာ ( ၁၃ ) ကြိမ်ဖြစ်ပါသည်။

အောက်ပါ အကြိမ်များမှာ ဥပုပ်နေ့များဖြစ်ပြီး ဆွမ်းလောင်းလှူမည့်နေ့များဖြစ်သလို ဆွမ်းလောင်းလှူလိုသော အလှူရှင်များအနေဖြင့် သိရှိနိုင်ရန်အတွက် ဖော်ပြလိုက်ပါသည်။
  • ၁ကြိမ် - 2.8.2012
  • ၂ကြိမ် - 10.8.2012
  • ၃ကြိမ် - 17.8.2012
  • ၄ကြိမ် - 25.8.2012
  • ၅ကြိမ် - 1.9.2012
  • ၆ကြိမ် - 9.9.2012
  • ၇ကြိမ် - 15.9.2012
  • ၈ကြိမ် - 23.9.2012
  • ၉ကြိမ် - 30.9.2012
  • ၁၀ကြိမ် - 8.10.2012
  • 11ကြိမ် - 15.10.2012
  • ၁၂ကြိမ် - 23.10.2012
  • ၁၃ကြိမ် - 30.10.2012
စေတနာရှင်ပရဟိတအသင်းအား ပါလျှံ(၁)ဈေး ဆိုင်ကယ်တက္ကစီ (Taxi )အဖွဲ့သားများမှ ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here